Samsung Galaxy S10 Series မ်ားရဲ႕ မ်က္ႏွာျပင္ အရြယ္အစားမ်ား သိရၿပီ

0
879

Samsung Galaxy S10 Series မ်ားရဲ႕ သတင္းအခ်က္အလက္နဲ႔ ဓါတ္ပံုမ်ား မၾကာခဏ ေပါက္ၾကားထြက္ေပၚေနပါတယ္။ ယခင္ကလည္း သူတို႔ရဲ႕ Case နဲ႔ Screen Protector ဓါတ္ပံုမ်ား ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။ အခုေတာ့ သူတို႔ရဲ႕ မ်က္ႏွာျပင္ အရြယ္အစားမ်ားကို သိရပါၿပီ။ သူတို႔ရဲ႕ မ်က္ႏွာျပင္ အရြယ္အစားမ်ား ပါတဲ့ ဓါတ္ပံုကို နာမည္ေက်ာ္ Leak Star တစ္ဦး ျဖစ္တဲ့ Evan Blass က Twitter မွာ မွ်ေ၀လိုက္ပါတယ္။ ဒါေပမယ့္ သူက ယခု သတင္းအခ်က္အလက္မ်ားဟာ Case ထုတ္တဲ့ ကုမၸဏီရဲ႕ ခန္႔မွန္းခ်က္မ်ားသာ ျဖစ္တယ္လို႔ ေျပာပါတယ္။

ဓါတ္ပံုမ်ားအရ အရြယ္အစား အေသးဆံုးနဲ႔ တန္ဖိုး အနည္းဆံုး S10 Lite မွာ ၅.၈ လက္မ မ်က္ႏွာျပင္ပါပါတယ္။ သာမာန္ S10 Model မွာ ၆.၁ လက္မ မ်က္ႏွာျပင္နဲ႔ အရြယ္အစား အႀကီးမားဆံုး S10+ မွာ ၆.၄ လက္မ မ်က္ႏွာျပင္မ်ား ပါလာမွာ ျဖစ္ပါတယ္။ ဖုန္း အားလံုးရဲ႕ မ်က္ႏွာျပင္ ထိပ္ပိုင္း အလယ္နားမွာ အေရွ႕ ကင္မရာမ်ားကို ျမွပ္ႏွံထားပါတယ္။ S10 Lite နဲ႔ S10 မွာ အေရွ႕ ကင္မရာ ၁ လံုးစီနဲ႔ S10+ မွာ ၂ လံုး ထည့္သြင္းထားပါတယ္။  

ယခင္ေပါက္ၾကားထြက္ေပၚလာခဲ့ဖူးတဲ့ သတင္းမ်ားအရ Galaxy S10+ မွာ ၆.၄ လက္မ Super AMOLED Screen ထည့္သြင္းထားၿပီး မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ ေအာက္ေျခမွာ 3.5mm Headphone Jack ကို ထည့္သြင္းထားပါတယ္။ သူ႔မွာ ထည့္သြင္းထားမယ့္ 7nm Snapdragon 855 Chipset ကို Qualcomm က မၾကာခင္က ေၾကညာလိုက္ပါတယ္။

7nmProcess က ဘက္ထရီ သက္တမ္းကို သိသာစြာ တိုးျမွင့္ေပးသလို စြမ္းေဆာင္ရည္ကိုလည္း တိုးတက္ေစပါတယ္။AI စြမ္းေဆာင္ရည္ဟာလည္း ပိုေကာင္းလာတယ္လို႔ ေၾကညာပါတယ္။ ယခင္မ်ိဳးဆက္ Mobile Chip ထက္၃ ဆေလာက္ AI စြမ္းေဆာင္ရည္ ပိုေကာင္းလာတယ္လို႔ ေျပာပါတယ္။

unicode

Samsung Galaxy S10 Series များရဲ့ မျက်နှာပြင် အရွယ်အစားများ သိရပြီ

Samsung Galaxy S10 Series များရဲ့ သတင်းအချက်အလက်နဲ့ ဓါတ်ပုံများ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ ယခင်ကလည်း သူတို့ရဲ့ Case နဲ့ Screen Protector ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ သူတို့ရဲ့ မျက်နှာပြင် အရွယ်အစားများကို သိရပါပြီ။ သူတို့ရဲ့ မျက်နှာပြင် အရွယ်အစားများ ပါတဲ့ ဓါတ်ပုံကို နာမည်ကျော် Leak Star တစ်ဦး ဖြစ်တဲ့ Evan Blass က Twitter မှာ မျှဝေလိုက်ပါတယ်။ ဒါပေမယ့် သူက ယခု သတင်းအချက်အလက်များဟာ Case ထုတ်တဲ့ ကုမ္ပဏီရဲ့ ခန့်မှန်းချက်များသာ ဖြစ်တယ်လို့ ပြောပါတယ်။

ဓါတ်ပုံများအရ အရွယ်အစား အသေးဆုံးနဲ့ တန်ဖိုး အနည်းဆုံး S10 Lite မှာ ၅.၈ လက်မ မျက်နှာပြင်ပါပါတယ်။ သာမာန် S10 Model မှာ ၆.၁ လက်မ မျက်နှာပြင်နဲ့ အရွယ်အစား အကြီးမားဆုံး S10+ မှာ ၆.၄ လက်မ မျက်နှာပြင်များ ပါလာမှာ ဖြစ်ပါတယ်။ ဖုန်း အားလုံးရဲ့ မျက်နှာပြင် ထိပ်ပိုင်း အလယ်နားမှာ အရှေ့ ကင်မရာများကို မြှပ်နှံထားပါတယ်။ S10 Lite နဲ့ S10 မှာ အရှေ့ ကင်မရာ ၁ လုံးစီနဲ့ S10+ မှာ ၂ လုံး ထည့်သွင်းထားပါတယ်။

ယခင်ပေါက်ကြားထွက်ပေါ်လာခဲ့ဖူးတဲ့ သတင်းများအရ Galaxy S10+ မှာ ၆.၄ လက်မ Super AMOLED Screen ထည့်သွင်းထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အောက်ခြေမှာ 3.5mm Headphone Jack ကို ထည့်သွင်းထားပါတယ်။ သူ့မှာ ထည့်သွင်းထားမယ့် 7nm Snapdragon 855 Chipset ကို Qualcomm က မကြာခင်က ကြေညာလိုက်ပါတယ်။

7nm Process က ဘက်ထရီ သက်တမ်းကို သိသာစွာ တိုးမြှင့်ပေးသလို စွမ်းဆောင်ရည်ကိုလည်း တိုးတက်စေပါတယ်။ AI စွမ်းဆောင်ရည်ဟာလည်း ပိုကောင်းလာတယ်လို့ ကြေညာပါတယ်။ ယခင်မျိုးဆက် Mobile Chip ထက် ၃ ဆလောက် AI စွမ်းဆောင်ရည် ပိုကောင်းလာတယ်လို့ ပြောပါတယ်။

Leave a Reply