အေမရိကန္ရဲ႕တရားစြဲဆိုမႈကို ရင္ဆိုင္ရမယ့္ Huawei ရဲ႕ CFO

0
1036
FILE - In this July 4, 2018, file photo, the Huawei logo is seen at a Huawei store at a shopping mall in Beijing. Canadian authorities said Wednesday, Dec. 5, 2018, that they have arrested the chief financial officer of China's Huawei Technologies for possible extradition to the United States. Justice Department spokesman Ian McLeod said Meng Wanzhou was detained in Vancouver, British Columbia, on Saturday, Dec. 2.(AP Photo/Mark Schiefelbein, File)

Huawei ရဲ႕ Chief Financial Officer ဟာ အေမရိကန္ရဲ႕ တရားစြဲဆိုမႈကို ခံရမွာ ျဖစ္ၿပီး အျပစ္ရွိရင္ ႏွစ္ေပါင္း ၃၀ အထိ ေထာင္က်ႏုိင္တယ္လို႔ The New York Times က ေရးသားထားပါတယ္။ ဟြာေ၀းရဲ႕ တည္ေထာင္သူ Ren Zhengfei ရဲ႕ သမီး ျဖစ္သူ Meng Wanzhou ဟာ အေမရိကန္က စီးပြားေရး ပိတ္ဆို႔ထားတဲ့ အီရန္နဲ႔ စီးပြားေရး ျပဳလုပ္ျခင္း အပါအ၀င္ လုပ္ငန္းမ်ားစြာရဲ႕ ေငြမည္းမ်ားကို ခ၀ါခ်ေပးေနတယ္လို႔ စြပ္စြဲခံထားရပါတယ္။

အေမရိကန္ တရားေရး ဌာနက Meng ဟာ ေဟာင္ေကာင္ အေျခစိုက္ နည္းပညာ ကုမၸဏီ SkyCom Tech ကို အီရန္မွာ စီးပြားေရး လုပ္ကိုင္ႏိုင္ေအာင္ ကူညီေပးခဲ့တယ္လို႔ စြပ္စြဲထားပါတယ္။ SkyCom ဟာ ဟြာေ၀းရဲ႕ ကုမၸဏီခြဲ တစ္ခု ျဖစ္မယ္လို႔ မွန္းဆထားေပမယ့္ ဟြာေ၀းနဲ႔ SkyCom တို႔က သူတို႔ ကုမၸဏီ ႏွစ္ခုဟာ ပတ္သက္မႈ ရွိတယ္လို႔ မေျပာထားဖူးပါဘူး။

Meng က အဲဒီ ကုမၸဏီနဲ႔ ပတ္သက္မႈ မရွိဘူးလို႔ ယခင္က ျငင္းဆန္ထားဖူးတယ္လို႔ သိရပါတယ္။ ၂၀၁၃ ခုႏွစ္မွာ Meng ဟာ SkyCom ရဲ႕ ဘုတ္အဖြဲ႕မွာ ပါ၀င္ေနတယ္လို႔ Reuters က ေတြ႕ခဲ့ဖူးပါတယ္။ အဲဒီ ကုမၸဏီဟာ ၂၀၁၀ ေႏွာင္းပိုင္းမွာ အီရန္သို႔ HP ထုတ္ကုန္မ်ားကို ေရာင္းခ်ဖို႔ ကမ္းလွမ္းခဲ့ဖူးပါတယ္။ အဲဒီ ကမ္းလွမ္းမႈနဲ႔ ပတ္သက္တဲ့ စာရြက္စာတမ္းမ်ားကို Huawei Confidential အေနနဲ႔ သတ္မွတ္ထားတာကို ေတြ႕ခဲ့ၾကပါတယ္။ အဲဒီ ကမ္းလွမ္းမႈဟာ မေအာင္ျမင္ခဲ့ဘူးလို႔ သိရပါတယ္။ Meng အား ျပဳလုပ္ထားတဲ့ ယခုစြဲခ်က္မ်ားဟာ အဲဒီ ကိစၥနဲ႔ ပတ္သက္လားဆိုတာ မသိရေသးပါဘူး။

လက္ရွိမွာဟြာေ၀းရဲ႕ အရာရွိကို ကေနဒါမွာ ထိန္းသိမ္းထားပါတယ္။ ကေနဒါရဲ႕ တရားေရး ဌာနက သူမဟာ ကေနဒါကေနအျခား ႏုိင္ငံမ်ားကို ခိုလႈံသြားနုိင္တဲ့အတြက္ ေငြျဖင့္ အာမခံ မေပးဘူးလို႔ ေျပာပါတယ္။အေမရိကန္က သူမကို လႊဲေျပာင္းလက္ခံဖို႔ ရက္ ၆၀ အခ်ိန္ရမွာ ျဖစ္ပါတယ္။

unicode

အမေရိကန်ရဲ့ တရားစွဲဆိုမှုကို ရင်ဆိုင်ရမယ့် Huawei ရဲ့ CFO

Huawei ရဲ့ Chief Financial Officer ဟာ အမေရိကန်ရဲ့ တရားစွဲဆိုမှုကို ခံရမှာ ဖြစ်ပြီး အပြစ်ရှိရင် နှစ်ပေါင်း ၃၀ အထိ ထောင်ကျနိုင်တယ်လို့ The New York Times က ရေးသားထားပါတယ်။ ဟွာဝေးရဲ့ တည်ထောင်သူ Ren Zhengfei ရဲ့ သမီး ဖြစ်သူ Meng Wanzhou ဟာ အမေရိကန်က စီးပွားရေး ပိတ်ဆို့ထားတဲ့ အီရန်နဲ့ စီးပွားရေး ပြုလုပ်ခြင်း အပါအဝင် လုပ်ငန်းများစွာရဲ့ ငွေမည်းများကို ခဝါချပေးနေတယ်လို့ စွပ်စွဲခံထားရပါတယ်။

အမေရိကန် တရားရေး ဌာနက Meng ဟာ ဟောင်ကောင် အခြေစိုက် နည်းပညာ ကုမ္ပဏီ SkyCom Tech ကို အီရန်မှာ စီးပွားရေး လုပ်ကိုင်နိုင်အောင် ကူညီပေးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ SkyCom ဟာ ဟွာဝေးရဲ့ ကုမ္ပဏီခွဲ တစ်ခု ဖြစ်မယ်လို့ မှန်းဆထားပေမယ့် ဟွာဝေးနဲ့ SkyCom တို့က သူတို့ ကုမ္ပဏီ နှစ်ခုဟာ ပတ်သက်မှု ရှိတယ်လို့ မပြောထားဖူးပါဘူး။

Meng က အဲဒီ ကုမ္ပဏီနဲ့ ပတ်သက်မှု မရှိဘူးလို့ ယခင်က ငြင်းဆန်ထားဖူးတယ်လို့ သိရပါတယ်။ ၂၀၁၃ ခုနှစ်မှာ Meng ဟာ SkyCom ရဲ့ ဘုတ်အဖွဲ့မှာ ပါဝင်နေတယ်လို့ Reuters က တွေ့ခဲ့ဖူးပါတယ်။ အဲဒီ ကုမ္ပဏီဟာ ၂၀၁၀ နှောင်းပိုင်းမှာ အီရန်သို့ HP ထုတ်ကုန်များကို ရောင်းချဖို့ ကမ်းလှမ်းခဲ့ဖူးပါတယ်။ အဲဒီ ကမ်းလှမ်းမှုနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းများကို Huawei Confidential အနေနဲ့ သတ်မှတ်ထားတာကို တွေ့ခဲ့ကြပါတယ်။ အဲဒီ ကမ်းလှမ်းမှုဟာ မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ Meng အား ပြုလုပ်ထားတဲ့ ယခုစွဲချက်များဟာ အဲဒီ ကိစ္စနဲ့ ပတ်သက်လားဆိုတာ မသိရသေးပါဘူး။

လက်ရှိမှာ ဟွာဝေးရဲ့ အရာရှိကို ကနေဒါမှာ ထိန်းသိမ်းထားပါတယ်။ ကနေဒါရဲ့ တရားရေး ဌာနက သူမဟာ ကနေဒါကနေ အခြား နိုင်ငံများကို ခိုလှုံသွားနိုင်တဲ့အတွက် ငွေဖြင့် အာမခံ မပေးဘူးလို့ ပြောပါတယ်။ အမေရိကန်က သူမကို လွှဲပြောင်းလက်ခံဖို့ ရက် ၆၀ အချိန်ရမှာ ဖြစ်ပါတယ်။

Leave a Reply