DxOMark ကေတာ့ iPhone XR ဟာ ကင္မရာတစ္လံုးတည္းပါတဲ့စမတ္ဖုန္းေတြထဲမွာ အေကာင္းဆံုးပါတဲ့

0
301

Zawgyi Version

iPhone XS မွာ ကင္မရာႏွစ္လံုးနဲ႕ပြဲထြက္လာခဲ့ေပမယ့္လည္းiPhone XR ကေတာ့ ကင္မရာတစ္လံုးနဲ႕သာ ထြက္ေပၚလာခဲ့တာကို အားလံုးအသိပါပဲ။ ဒါေပမယ့္လည္းXR ရဲ႕ ကင္မရာအရည္အေသြးကိုေတာ့ ေလွ်ာ့တြက္လို႕မရပါဘူး။ ဒါကိုလည္း အံ့ၾသစရာတစ္ခုလို႕ဆိုရခက္ပါတယ္။ ကင္မရာအရည္အေသြးတိုးတက္ေကာင္းမြန္ေစဖို႕အတြက္ အင္ဂ်င္နီယာနဲ႕ သုေတသနပညာရွင္ေပါင္း၈၀၀ေက်ာ္နဲ႕ ဖြဲ႕စည္းလုပ္ေဆာင္ေနတယ္ဆိုတဲ့အေၾကာင္းကိုလည္း အရင္ႏွစ္ေတြကတည္းက Appleရဲ႕ ထုတ္ေဖာ္ေျပာၾကားခ်က္အရ သိထားျပီးသားျဖစ္ေနလို႕ပါ။

အခုေျပာမွာကေတာ့ DxOMark ရဲ႕ တင္ျပခ်က္အသစ္ထဲမွာ Apple ရဲ႕ iPhone XR ကင္မရာအရည္အေသြးဟာ ကင္မရာတစ္လံုးတည္းပါတဲ့စမတ္ဖုန္းေတြၾကားမွာ ဘယ္လိုရွိတယ္ဆိုတာကို ေတြ႕ျမင္ရတဲ့အေၾကာင္းပါပဲ။ ဒါ့အျပင္ DxOMark ရဲ႕ေျပာၾကားခ်က္အရ iPhone XR ဟာ သူတို႕စမ္းသပ္ခဲ့တဲ့ စမတ္ဖုန္းေတြထဲမွာ အမွတ္အမ်ားဆံုးရေနခဲ့တယ္ဆိုတာလည္း မွတ္သားရျပန္ပါတယ္။ အရင္တုန္းကစမ္းသပ္ခဲ့တဲ့ Google Pixel 2 ထက္ေတာင္ အနည္းငယ္ေက်ာ္လြန္သြားခဲ့ပါတယ္။

DxOMark ရဲ႕ေတြ႕ရွိမႈကေတာ့ iPhone XR ဟာ XS နဲ႕ယွဥ္လိုက္တဲ့အခ်ိန္မွာ exposure, color, detail, noiseစတဲ့ အေျခအေနေလးေတြကို အလွမ္းခြာထားပါတယ္။ XR ဟာ bokeh effect လိုမ်ိဳးမွာေတာ့ အားနည္းခ်က္ေလးေတြရွိေနတာကို ေတြ႕ျမင္ရပါတယ္။

ကာလာေတြအေၾကာင္းေျပာရမယ္ဆိုရင္ စမ္းသပ္ေနတဲ့အခ်ိန္ေတြမွာ ႏွစ္လိုဖြယ္အေနအထားမွာ ရွိပါတယ္။ iPhone XR ရဲ႕အေနအထားကေတာ့ outdoor ပံုေတြမွာ white balance ကို cool ဘက္ေရာက္ေအာင္လုပ္ထားပါတယ္။ indoor ပိုင္းမွာဆိုရင္လည္း warmer tone သံုးထားပါတယ္။ Autofocus ကလည္း အရမ္းမိုက္ပါတယ္။ response time ကလည္း အရမ္းျမန္ပါတယ္။ focus stability ပုိင္းမွာအခက္အခဲရွိတာမ်ိဳး ၾကံဳရမွာမဟုတ္ပါဘူး။ ဒီေတာ့ ပံုရိပ္ေတြကို အျမဲတမ္း focus အတြင္းမွာရွိေနျပီေပါ့။

အလင္းေရာင္ေကာင္းေကာင္းရတဲ့အခ်ိန္မွာဓါတ္ပံုေကာင္းေကာင္းရဖို႕ဆိုတာက ဘယ္သူ႕အတြက္မဆိုျဖစ္ႏုိင္ေပမယ့္လည္း အလင္းအားနည္းတဲ့ပတ္၀န္းက်င္မွာဆိုရင္ေတာ့ေျပာဖို႕လိုအပ္လာပါျပီ။ ေအာက္မွာရုိက္ျပထားတဲ့ပံုရိပ္ေလးေတြကို တစ္ခ်က္ရွိဳးၾကည့္လုိက္ပါဦး။

Google Pixel 2 ကေတာ့vibrant color ပိုင္းကိုသြားထားပါတယ္။ ဒါကလည္း ၂၀၁၈ flagship စမတ္ဖုန္းေတြရဲ႕ ေရစီးေၾကာင္းတစ္ခုျဖစ္ပါတယ္။ကင္မရာတစ္လံုးတည္းျဖစ္ေပမယ့္လည္း ေရစီးေၾကာင္းကိုမီေအာင္လုိက္ေပးထားတာပါ။ ဒါေပမယ့္လည္းေစ်းႏႈန္းကေတာ့ ေျပာစရာလိုမယ္မထင္ပါဘူး။ ဒီအရည္အေသြးေလာက္ကိုမွ ေစ်းသက္သာစြာနဲ႕လိုခ်င္တယ္ဆိုရင္ေတာ့DxOMark က iPhone XR ကို ေထာက္ခံေပးထားပါတယ္။ အေသးစိတ္ကိုသိခ်င္တယ္ဆိုရင္ေတာ့ သူတို႕ရဲ႕official website မွာ သြားေရာက္ၾကည့္ရွဳလို႕ရပါတယ္။

Unicode Version

iPhone XS မှာ ကင်မရာနှစ်လုံးနဲ့ပွဲထွက်လာခဲ့ပေမယ့်လည်း iPhone XR ကတော့ ကင်မရာတစ်လုံးနဲ့သာ ထွက်ပေါ်လာခဲ့တာကို အားလုံးအသိပါပဲ။ ဒါပေမယ့်လည်း XR ရဲ့ ကင်မရာအရည်အသွေးကိုတော့ လျှော့တွက်လို့မရပါဘူး။ ဒါကိုလည်း အံ့သြစရာတစ်ခုလို့ ဆိုရခက်ပါတယ်။ ကင်မရာအရည်အသွေးတိုးတက်ကောင်းမွန်စေဖို့အတွက် အင်ဂျင်နီယာနဲ့ သုတေသနပညာရှင်ပေါင်း ၈၀၀ကျော်နဲ့ ဖွဲ့စည်းလုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းကိုလည်း အရင်နှစ်တွေကတည်းက Apple ရဲ့ ထုတ်ဖော်ပြောကြားချက်အရ သိထားပြီးသားဖြစ်နေလို့ပါ။


အခုပြောမှာကတော့ DxOMark ရဲ့ တင်ပြချက်အသစ်ထဲမှာ Apple ရဲ့ iPhone XR ကင်မရာအရည်အသွေးဟာ ကင်မရာတစ်လုံးတည်းပါတဲ့စမတ်ဖုန်းတွေကြားမှာ ဘယ်လိုရှိတယ်ဆိုတာကို တွေ့မြင်ရတဲ့အကြောင်းပါပဲ။ ဒါ့အပြင် DxOMark ရဲ့ပြောကြားချက်အရ iPhone XR ဟာ သူတို့စမ်းသပ်ခဲ့တဲ့ စမတ်ဖုန်းတွေထဲမှာ အမှတ်အများဆုံးရနေခဲ့တယ်ဆိုတာလည်း မှတ်သားရပြန်ပါတယ်။ အရင်တုန်းကစမ်းသပ်ခဲ့တဲ့ Google Pixel 2 ထက်တောင် အနည်းငယ်ကျော်လွန်သွားခဲ့ပါတယ်။


DxOMark ရဲ့တွေ့ရှိမှုကတော့ iPhone XR ဟာ XS နဲ့ယှဉ်လိုက်တဲ့အချိန်မှာ exposure, color, detail, noise စတဲ့ အခြေအနေလေးတွေကို အလှမ်းခွာထားပါတယ်။ XR ဟာ bokeh effect လိုမျိုးမှာတော့ အားနည်းချက်လေးတွေရှိနေတာကို တွေ့မြင်ရပါတယ်။
ကာလာတွေအကြောင်းပြောရမယ်ဆိုရင် စမ်းသပ်နေတဲ့အချိန်တွေမှာ နှစ်လိုဖွယ်အနေအထားမှာ ရှိပါတယ်။ iPhone XR ရဲ့အနေအထားကတော့ outdoor ပုံတွေမှာ white balance ကို cool ဘက်ရောက်အောင်လုပ်ထားပါတယ်။ indoor ပိုင်းမှာဆိုရင်လည်း warmer tone သုံးထားပါတယ်။ Autofocus ကလည်း အရမ်းမိုက်ပါတယ်။ response time ကလည်း အရမ်းမြန်ပါတယ်။ focus stability ပိုင်းမှာအခက်အခဲရှိတာမျိုး ကြုံရမှာမဟုတ်ပါဘူး။ ဒီတော့ ပုံရိပ်တွေကို အမြဲတမ်း focus အတွင်းမှာရှိနေပြီပေါ့။


အလင်းရောင်ကောင်းကောင်းရတဲ့အချိန်မှာ ဓါတ်ပုံကောင်းကောင်းရဖို့ဆိုတာက ဘယ်သူ့အတွက်မဆိုဖြစ်နိုင်ပေမယ့်လည်း အလင်းအားနည်းတဲ့ပတ်ဝန်းကျင်မှာဆိုရင်တော့ ပြောဖို့လိုအပ်လာပါပြီ။ အောက်မှာရိုက်ပြထားတဲ့ပုံရိပ်လေးတွေကို တစ်ချက်ရှိုးကြည့်လိုက်ပါဦး။


Google Pixel 2 ကတော့ vibrant color ပိုင်းကိုသွားထားပါတယ်။ ဒါကလည်း ၂၀၁၈ flagship စမတ်ဖုန်းတွေရဲ့ ရေစီးကြောင်းတစ်ခုဖြစ်ပါတယ်။ ကင်မရာတစ်လုံးတည်းဖြစ်ပေမယ့်လည်း ရေစီးကြောင်းကိုမီအောင်လိုက်ပေးထားတာပါ။ ဒါပေမယ့်လည်း ဈေးနှုန်းကတော့ ပြောစရာလိုမယ်မထင်ပါဘူး။ ဒီအရည်အသွေးလောက်ကိုမှ ဈေးသက်သာစွာနဲ့လိုချင်တယ်ဆိုရင်တော့ DxOMark က iPhone XR ကို ထောက်ခံပေးထားပါတယ်။ အသေးစိတ်ကိုသိချင်တယ်ဆိုရင်တော့ သူတို့ရဲ့ official website မှာ သွားရောက်ကြည့်ရှုလို့ရပါတယ်။

Leave a Reply