လာမယ့် ဇန်န၀ါရီလအတွင်းမှာ Snapdragon 675နဲ့ 48MPကင်မရာ ပါဝင်မယ့် ဖုန်းကိုXiaomiကြေညာ

0
872




Unicode version

Xiaomiကတော့ အောက်တိုဘာလမှာထွက်ရှိထားတဲ့ Qualcommရဲ့ Snapdragon 675ကိုအသုံးပြုပြီးလာမယ့် 2019 အစောပိုင်းလအတွင်းမှာဖုန်းအမျိုးအစားအသစ်ကိုထုတ်လုပ်မှာပဲ ဖြစ်ပါတယ်။
Xiaomiရဲ့ပြောရေးဆိုခွင့်ရှိတဲ့ လူတစ်ယောက်ကတော့ နောက်အသစ်ထွက်ရှိမယ့်ဖုန်းရဲ့ ပုံရိပ်တွေကို ပြသခဲ့ပါတယ်။ ဖုန်းအသစ်ရဲ့ မျက်နှာပြင်ပိုင်းတို့ resolution ပိုင်းတို့ကိုတော့ သေချာမသိရသေးပါဘူး။ ကင်မရာပိုင်းကိုပဲသေချာပြောပြထားပါတယ်။ နောက်ဖုန်းအသစ်မှာနောက်ကျောဘက်ကင်မရာကို48MPကြီးတောင်ထည့်သွင်းပေးထားပါတယ်။
ဒါ့အပြင် Qualcomm ရဲ့ mid-range 11nm platformပေါ်အခြေခံထားပါတယ်။ ကင်မရာပိုင်းမှာဆိုရင်လဲSony ရဲ့ IMX586 imaging moduleကိုအသုံးပြုထားပါတယ်။သူ့ရဲ့ဖုန်းကတော့
mid-rangeစီးရီးပဲ ဖြစ်ပါတယ်။ သူကတော့ $300 နဲ့ $400 ကြားလောက်ဖြစ်ဖို့များပါတယ်။တစ်ခြားအသေးစိတ်အချက်အလက် တွေကတော့ နောက်အပတ်မှ ထွက်ရှိမှာပဲ ဖြစ်ပါတယ်။


Leave a Reply