Snapdragon 855 နဲ႔ ပြဲထြက္လာမယ့္ Xiaomi Mi Mix 3 5G

0
503

လာမယ့္ႏွစ္မွာ အန္းဒရြိဳက္ ဖုန္း ကုမၸဏီမ်ားက 5G Smartphone မ်ားကို အၿပိဳင္အဆိုင္ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ Xiaomi ကလည္း Mi Mix 3 5G ကို ဖန္တီးေနတဲ့ သတင္းမ်ား ယခင္ကတည္းက ထြက္ေပၚလာခဲ့ဖူးပါတယ္။ အခုေတာ့ ေဘဂ်င္းမွာ က်င္းပေနတဲ့ Partner Conference ပြဲမွာ ေရွာင္မီက Snapdragon X50 Modem ပါတဲ့ Mi Mix 3 5G ရဲ႕ နမူနာေမာ္ဒယ္ကို ျပသလိုက္ပါတယ္။ 855 မွာ X50 5G Modem ထည့္သြင္းထားပါတယ္။

ဖုန္းဟာ 5G အျမန္ႏႈန္းျဖင့္ ၀က္ဘ္စာမ်က္ႏွာမ်ားကို ဖြင့္ျခင္း၊ ဗီဒီယိုမ်ား ၾကည့္ျခင္းမ်ားကို ျပဳလုပ္ေနတာကို ျမင္ရပါတယ္။ ေဒါင္းလုပ္ အျမန္ႏႈန္းဟာ 2Gbps အထိ ရရွိႏိုင္ပါတယ္။ ေရွာင္မီက Mi Mix 3 5G မွာ သူ႔ရဲ႕ In-house Antenna နဲ႔ Qualcomm ရဲ႕ ေနာက္မ်ိဳးဆက္ Modem ပါတဲ့ Chipset ကို ေပါင္းစပ္ထားတယ္လို႔ ေျပာပါတယ္။

ေရွာင္မီက ၂၀၁၇ ခုႏွစ္မွာ 5G Phone ရဲ႕ ေနာက္ဆံုး ဗိသုကာဒီဇိုင္းကို အၿပီးသတ္ ဆံုးျဖတ္ခဲ့တာ ျဖစ္ၿပီး ၂၀၁၆ ခုႏွစ္မွာ စတင္ ဖန္တီးခဲ့တာလို႔ ပြဲမွာ ေျပာပါတယ္။ ေရွာင္မီရဲ႕ စီအီးအို ျဖစ္သူ လင္ဘင္က ၿပီးခဲ့တဲ့ စက္တင္ဘာလမွာ ကုမၸဏီရဲ႕ Lab မွာ သူ႔ရဲ႕ 5G Device အား စမ္းသပ္ေနတဲ့ပံုကို မွ်ေ၀ခဲ့ပါတယ္။

Mi Mix 3 5G ဟာ Chipset က လြဲၿပီး အျခား Specs မ်ားနဲ႔ ဒီဇိုင္းကေတာ့ မူလေမာ္ဒယ္မ်ားနဲ႔ တူညီပါတယ္။ မူလ Mi Mix 3 ဟာ Xiaomi ရဲ႕ Magnetic Slider Design ပါတဲ့ ပထမဆံုး စမတ္ဖုန္း ျဖစ္ပါတယ္။ အဲဒီ ဖုန္းကို ေၾကညာခဲ့တဲ့ ပြဲမွာ ေရွာင္မီက လာမယ့္ႏွစ္ ပထမ ကြာတားမွာ Mi Mix 3 ရဲ႕ 5G Version ကို ေရာင္းခ်မယ္လို႔ ေျပာခဲ့ပါတယ္။

unicode

Snapdragon 855 နဲ့ ပွဲထွက်လာမယ့် Xiaomi Mi Mix 3 5G

လာမယ့်နှစ်မှာ အန်းဒရွိုက် ဖုန်း ကုမ္ပဏီများက 5G Smartphone များကို အပြိုင်အဆိုင် ကြေညာတော့မှာ ဖြစ်ပါတယ်။ Xiaomi ကလည်း Mi Mix 3 5G ကို ဖန်တီးနေတဲ့ သတင်းများ ယခင်ကတည်းက ထွက်ပေါ်လာခဲ့ဖူးပါတယ်။ အခုတော့ ဘေဂျင်းမှာ ကျင်းပနေတဲ့ Partner Conference ပွဲမှာ ရှောင်မီက Snapdragon X50 Modem ပါတဲ့ Mi Mix 3 5G ရဲ့ နမူနာမော်ဒယ်ကို ပြသလိုက်ပါတယ်။ 855 မှာ X50 5G Modem ထည့်သွင်းထားပါတယ်။

ဖုန်းဟာ 5G အမြန်နှုန်းဖြင့် ဝက်ဘ်စာမျက်နှာများကို ဖွင့်ခြင်း၊ ဗီဒီယိုများ ကြည့်ခြင်းများကို ပြုလုပ်နေတာကို မြင်ရပါတယ်။ ဒေါင်းလုပ် အမြန်နှုန်းဟာ 2Gbps အထိ ရရှိနိုင်ပါတယ်။ ရှောင်မီက Mi Mix 3 5G မှာ သူ့ရဲ့ In-house Antenna နဲ့ Qualcomm ရဲ့ နောက်မျိုးဆက် Modem ပါတဲ့ Chipset ကို ပေါင်းစပ်ထားတယ်လို့ ပြောပါတယ်။

ရှောင်မီက ၂၀၁၇ ခုနှစ်မှာ 5G Phone ရဲ့ နောက်ဆုံး ဗိသုကာဒီဇိုင်းကို အပြီးသတ် ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ စတင် ဖန်တီးခဲ့တာလို့ ပွဲမှာ ပြောပါတယ်။ ရှောင်မီရဲ့ စီအီးအို ဖြစ်သူ လင်ဘင်က ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ကုမ္ပဏီရဲ့ Lab မှာ သူ့ရဲ့ 5G Device အား စမ်းသပ်နေတဲ့ပုံကို မျှဝေခဲ့ပါတယ်။

Mi Mix 3 5G ဟာ Chipset က လွဲပြီး အခြား Specs များနဲ့ ဒီဇိုင်းကတော့ မူလမော်ဒယ်များနဲ့ တူညီပါတယ်။ မူလ Mi Mix 3 ဟာ Xiaomi ရဲ့ Magnetic Slider Design ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ အဲဒီ ဖုန်းကို ကြေညာခဲ့တဲ့ ပွဲမှာ ရှောင်မီက လာမယ့်နှစ် ပထမ ကွာတားမှာ Mi Mix 3 ရဲ့ 5G Version ကို ရောင်းချမယ်လို့ ပြောခဲ့ပါတယ်။

Leave a Reply