
0
404




unicode

Dual Camera များပါတဲ့ Asus Zenfone Max (M2) နဲ့ Zenfone Max Pro (M2)

Asus Zenfone Max (M2) နဲ့ Zenfone Max Pro (M2) တို့ကို အိန္ဒိယမှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ Asus Russia က သူတို့ကို ရောင်းချဖို့ စာရင်းတင်ထားပါတယ်။ ဖုန်း ၂ လုံးထဲမှာ Max Pro (M2) ကတော့ ပိုစွမ်းရည်မြင့်မားပါတယ်။ Max Pro (M2) မှာ ၆.၃ လက်မ LCD 2280x1080p Display ထည့်သွင်းထားပါတယ်။ 4GB/64GB Model နဲ့ 4GB/128GB Model များ ထုတ်လုပ်ပေးထားပါတယ်။ အနောက်ဘက်မှာ 12+5MP Dual Camera နဲ့ အရှေ့ဘက်မှ Notch မှာ 13MP Camera ထည့်သွင်းထားပါတယ်။

Max (M2) မှာ Notch ပါတဲ့ ၆.၃ လက်မ 1520x720p 19:9 Display ထည့်သွင်းထားပြီး Snapdragon 632 Chipset မောင်းနှင်ထားပါတယ်။ 3GB RAM , 32GB Storage များ ထည့်သွင်းထားပါတယ်။ microSD Card Slot လည်း ထည့်ပေးထားပါတယ်။ အနောက်ဘက်မှာ 8+2MP Dual Camera နဲ့ အရှေ့ဘက်မှာ 13MP Camera များ ထည့်သွင်းထားပါတယ်။

သူတို့ဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းများ ဖြစ်ပြီး ဈေးနှုန်း ချိုသာပါတယ်။ ရုရှားမှာ Max (M2) ကို ရူဘယ် ၁၂ ၉၉၀ ( ၁၉၅ ဒေါ်လာ) နဲ့ Max Pro (M2) ကို ရူဘယ် ၁၇၉၉၀( ၂၇၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Leave a Reply