တရုတ္မွာ နမူနာ5G Smartphone မ်ားကို ျပသလိုက္တဲ့ Oppo နဲ႔ Vivo

0
331

5G AndroidSmartphone မ်ားကိုလာမယ့္ႏွစ္မွာ မိတ္ဆက္ၾကေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ Apple ရဲ႕5G iPhone ကိုေတာ့ ၂၀၂၀ ခုႏွစ္ မတိုင္ခင္မွာ ေရာင္းခ်မွာ မဟုတ္ဘူးလို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းကသတင္းထြက္ခဲ့ပါတယ္။ အခုေတာ့ ေဘဂ်င္းမွာ က်င္းပေနတဲ့ China Mobile PartnersConference မွာ Oppo နဲ႔ Vivo တို႔က နမူနာ 5G Smartphone မ်ားကို ျပသလိုက္ပါတယ္။

နမူနာ ေမာ္ဒယ္မ်ားဟာVivo Nex နဲ႔ Oppo Find X တို႔ကို မြမ္းမံထားတာ ျဖစ္ပါတယ္။ Vivo Nex ဟာ HD အရည္အေသြးျဖင့္Live Video Call ကို ျပဳလုပ္ေနတာကို သရုပ္ျပသခဲ့ၿပီး Frame Rate ျမင့္မားပါတယ္။Latency က နည္းပါးပါတယ္။ ယခုႏွစ္ထဲမွာ ေၾကညာခဲ့တဲ့ Vivo Nex နဲ႔ Oppo Find X တို႔မွာSnapdragon 845 Chipset မ်ား ထည့္သြင္းထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕ 5GModel မ်ားမွာေတာ့ X50 Modem ပါတဲ့ Snapdragon 855 Chipset ထည့္သြင္းထားမွာ ျဖစ္ပါတယ္။

ေရွာင္မီကလည္း ပြဲကို တက္ေရာက္ခဲ့ၿပီး Snapdragon 855 Chipset ထည့္သြင္းထားတဲ့ Mi Mix 3 5G ကို Mi Mix 3 5G ကို လာမယ့္နွစ္ ပထမသံုးလအတြင္းမွာ ေၾကညာမယ္လို႔ ေျပာပါတယ္။ Chipset သာ ကြာျခားၿပီး Specs နဲ႔ ဒီဇိုင္းက မူလ Mi Mix 3 နဲ႔ တူညီမွာပါ။  OnePlus က  5G Smartphone ကို လာမယ့္ႏွစ္ အေစာပိုင္းမွာ ေၾကညာမွာလုိ႔ အတည္ျပဳထားပါတယ္။  

SamsungGalaxy S10 ရဲ႕ 5G Version မွာ 12GB RAM နဲ႔ 1TB Storage မ်ား ထည့္သြင္းထားမယ္လို႔GF Securities က ၿပီးခဲ့တဲ့ ရက္ပိုင္းက ေဟာကိန္းထုတ္လိုက္ပါတယ္။ သူ႔မွာ ၆.၇ လက္မ မ်က္ႏွာျပင္ပါလာမွာပါ။ အေနာက္ဘက္မွာ ကင္မရာ ၄ လံုးနဲ႔ အေရွ႕ဘက္မွာ ကင္မရာ ၂ လံုး ထည့္သြင္းထားမွာျဖစ္ပါတယ္။

unicode

တရုတ်မှာ နမူနာ 5G Smartphone များကို ပြသလိုက်တဲ့ Oppo နဲ့ Vivo

5G Android Smartphone များကိုလာမယ့်နှစ်မှာ မိတ်ဆက်ကြတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Apple ရဲ့ 5G iPhone ကိုတော့ ၂၀၂၀ ခုနှစ် မတိုင်ခင်မှာ ရောင်းချမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းထွက်ခဲ့ပါတယ်။ အခုတော့ ဘေဂျင်းမှာ ကျင်းပနေတဲ့ China Mobile Partners Conference မှာ Oppo နဲ့ Vivo တို့က နမူနာ 5G Smartphone များကို ပြသလိုက်ပါတယ်။

နမူနာ မော်ဒယ်များဟာ Vivo Nex နဲ့ Oppo Find X တို့ကို မွမ်းမံထားတာ ဖြစ်ပါတယ်။ Vivo Nex ဟာ HD အရည်အသွေးဖြင့် Live Video Call ကို ပြုလုပ်နေတာကို သရုပ်ပြသခဲ့ပြီး Frame Rate မြင့်မားပါတယ်။ Latency က နည်းပါးပါတယ်။ ယခုနှစ်ထဲမှာ ကြေညာခဲ့တဲ့ Vivo Nex နဲ့ Oppo Find X တို့မှာ Snapdragon 845 Chipset များ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ 5G Model များမှာတော့ X50 Modem ပါတဲ့ Snapdragon 855 Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

ရှောင်မီကလည်း ပွဲကို တက်ရောက်ခဲ့ပြီး Snapdragon 855 Chipset ထည့်သွင်းထားတဲ့ Mi Mix 3 5G ကို Mi Mix 3 5G ကို လာမယ့်နှစ် ပထမသုံးလအတွင်းမှာ ကြေညာမယ်လို့ ပြောပါတယ်။ Chipset သာ ကွာခြားပြီး Specs နဲ့ ဒီဇိုင်းက မူလ Mi Mix 3 နဲ့ တူညီမှာပါ။ OnePlus က 5G Smartphone ကို လာမယ့်နှစ် အစောပိုင်းမှာ ကြေညာမှာလို့ အတည်ပြုထားပါတယ်။

Samsung Galaxy S10 ရဲ့ 5G Version မှာ 12GB RAM နဲ့ 1TB Storage များ ထည့်သွင်းထားမယ်လို့ GF Securities က ပြီးခဲ့တဲ့ ရက်ပိုင်းက ဟောကိန်းထုတ်လိုက်ပါတယ်။ သူ့မှာ ၆.၇ လက်မ မျက်နှာပြင် ပါလာမှာပါ။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ ကင်မရာ ၂ လုံး ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Leave a Reply