မှင်သက်ဖွယ် ၃ ရောင်စပ်ဒီဇိုင်း၊ စွမ်းအားမြင့် Super VOOC အားသွင်းစနစ်နဲ့ ပွဲထွက်လာမယ့် OPPO R17 Pro

0
533

Zawgyi version







Unicode version

Oppo R17 Pro in for review

Oppo ကတော့ နောက်ထပ် မော်ဒယ်အသစ်ဖြစ်တဲ့ Oppo R17 Pro or RX17 Pro ကို ထွက်တော့မှာပဲ ဖြစ်ပါတယ်။ သူကတော့ ပရီမီယန်ဆန်တဲ့ ဒီဇိုင်းနဲ့ ဖုန်းရဲ့နောက်ကျောဘက်ကိုတော့ သေသပ်လှပတဲ့ အရောင်ဆန်းတွေနဲ့ ထုတ်လုပ်ဖို့ရှိပါတယ်။
သူ့ကိုတော့ Snapdragon 710 chipset ကိုထည့်သွင်းပေးထားပါတယ်။ CPU performance ကလဲမြင့်တဲ့အတွက်ကြောင့် သုံးရတာ မြန်ဆန်မှုရှိစေမှာပါ။ RAM 8GB ရှိပြီးတော့ internal storage ကတော့ 128GB ထည့်သွင်းပေးထားပါတယ်။
ဖုန်းရဲ့မျက်နှာပြင်ကတော့ .4-inch AMOLED display ကိုအသုံးပြုထားပြီး 1080 x 2340 pixel resolution ရှိပါတယ်။ ဘေးဘောင်တွေလဲ သေးငယ်ထားပြီး မျက်နှာပြင်အပြည့်နီးပါး ထုတ်လုပ်ပေးထားပါတယ်။

Image result for oppo r17
ကင်မရာပိုင်းကတော့ ဖုန်းရဲ့အရှေ့ဘက် notch မှာ selfie ကင်မရာက 25MP(f/2.0) ရှိပြီးတော့
ဖုန်းရဲ့နောက်ကျောဘက် ကင်မရာမှာတော့ 12MP (f/1.5-2.4) နဲ့ 20MP ရှိပါတယ်။
Oppo R17 Pro မှာတော့ feature ၂ ခုထည့်ပေးထားပါတယ်။ မော်ဒယ်မြင့်ဖုန်းတွေမှာ ထည့်သွင်းပေးလေ့ရှိတဲ့ in-display fingerprint reader နဲ့ Oppo ရဲ့ အားအမြန်သွင်းစနစ်ဖြစ်တဲ့ SuperVOOC fast charging စနစ်ကို ထည့်သွင်းပေးထားပါတယ်။ 3,700 mAh ရှိတဲ့ ဘက်ထရီပမာဏကို နာရီဝက်အတွင်းအားအပြည့်ပြန်သွင်းနိုင်မှာပဲ ဖြစ်ပါတယ်။ 50W charger အားသွင်းခေါင်းလဲ ပါရှိဦးမှာ ဖြစ်ပါတယ်။

Leave a Reply