
0
429





unicode

Apple က ၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံး Apps, Games, Movies များကို ကြေညာ

Apple က ၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံး Apps, Games, Movies များကို ကြေညာလိုက်ပါတယ်။ ယခင်နှစ်များလိုပဲ App နဲ့ Games များကို အသားပေး ထားပါတယ်။ ဒါပေမယ့် Apple Music , iTunes Movies Store , Podcasts , Apple Books များမှ အကောင်းဆုံးများကိုလည်း ရွေးချယ်ပေးထားပါတယ်။

Apple က ဒီနှစ်အတွက် အကောင်းဆုံး iPhone App အဖြစ် Procreate Pocket ကို ရွေးချယ်ထားပါတယ်။ iPad နဲ့ Mac အတွက် Froggipedia နဲ့ Pixelmator Pro တို့ကို အသီးသီး ရွေးချယ်ထားပါတယ်။ Apple TV အတွက် Sweat အမည်ရ လေ့ကျင့်ခန်း App ကို အကောင်းဆုံး အဖြစ် သတ်မှတ်ထားပါတယ်။

အကောင်းဆုံး iPhone Game အဖြစ် ရူပဗေဒ အခြေပြု Donut County နဲ့ iPad အတွက် Gorogoa ကို ရွေးချယ်ထားပါတယ်။ အကောင်းဆုံး Mac Game အဖြစ် The Gardens Between နဲ့ Apple TV အတွက် Alto’s Odyssey ကို ရွေးချယ်ထားပါတယ်။

Game Trend of The Year အဖြစ် Fortnite နဲ့ PUBG Mobile ကို ရွေးချယ်ထားပါတယ်။ ကျန်းမာရေးနဲ့ ကိုယ်လက်ကြံ့ခိုင်မှု App များ ဖြစ်တဲ့ Calm နဲ့ 10% Happier Meditation တို့ကို App Trend of The Year အဖြစ် သတ်မှတ်ထားပါတယ်။ အကောင်းဆုံး TV Shows , Movies , Ebooks , Audio Books စာရင်းများကို အောက်မှာ လေ့လာပါ။

Leave a Reply