မ်က္ႏွာျပင္ေအာက္ အေရွ႕ ကင္မရာ ၂ လံုး ပါလာမယ့္ Samsung Galaxy S10+

0
576

Samsung Galaxy S10+ ရဲ႕ ဓါတ္ပံုမ်ား အြန္လိုင္းမွာ ေပါက္ၾကားထြက္ေပၚလာပါတယ္။ သူ႔ရဲ႕ အေရွ႕ ကင္မရာမ်ားဟာ ယခင္မ်ိဳးဆက္မ်ားမွာလို စကရင္ရဲ႕ အထက္ေဘာင္မွာ ထည့္သြင္းထားတာ မဟုတ္ဘဲ စကရင္ေအာက္မွာျမွပ္ႏွံထားပါတယ္။ အဲဒီအတြက္ အထက္ေဘာင္ကို အလြန္ပါးလႊာေအာင္ ဖန္တီးထားႏုိင္ပါတယ္။ သူ႔ရဲ႕ Screen Protector ဓါတ္ပံုလည္း ထြက္ေပၚလာပါတယ္။


ေနာက္ထပ္ ဓါတ္ပံုတစ္ခုမွာေတာ့ Galaxy S10+ ကို Galaxy S10 နဲ႔ အတူ ယွဥ္တြဲျပသထားပါတယ္။ Plus မဟုတ္တဲ့ ေမာ္ဒယ္မွာ မ်က္ႏွာျပင္ေအာက္ Selfie Camera ၁ လံုးသာ ထည့္သြင္းထားပါတယ္။ Samsung Galaxy S10 Series မ်ားကို လာမယ့္ႏွစ္ အေစာပိုင္းမွာ ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ သူတို႔မွာ Qualcomm Snapdragon 855 Chipset ထည့္သြင္းထားမွာ ျဖစ္ပါတယ္။

Qualcomm က 7nm Snapdragon 855 ကို ဒီေန႔ပဲ ေၾကညာလိုက္ပါတယ္။ 7nm Process က ဘက္ထရီ သက္တမ္းကို သိသာစြာ တိုးျမွင့္ေပးသလို စြမ္းေဆာင္ရည္ကိုလည္း တိုးတက္ေစပါတယ္။ AI စြမ္းေဆာင္ရည္ဟာလည္း ပိုေကာင္းလာတယ္လို႔ ေၾကညာပါတယ္။ ယခင္မ်ိဳးဆက္ Mobile Chip ထက္ ၃ ဆေလာက္ AI စြမ္းေဆာင္ရည္ ပိုေကာင္းလာတယ္လို႔ ေျပာပါတယ္။

Galaxy S10+ ရဲ႕ အေနာက္ဘက္မွာ Galaxy Note 9 လို ကင္မရာ ၃ လံုးကို အလ်ားလိုက္စီတန္းထားမွာ ျဖစ္ပါတယ္။ 6.4” Super AMOLED Screen ထည့္သြင္းထားၿပီး မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ ေအာက္ေျခမွာ 3.5mm Headphone Jack ကို ထည့္သြင္းထားပါတယ္။

unicode

မျက်နှာပြင်အောက် အရှေ့ ကင်မရာ ၂ လုံး ပါလာမယ့် Samsung Galaxy S10+

Samsung Galaxy S10+ ရဲ့ ဓါတ်ပုံများ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ သူ့ရဲ့ အရှေ့ ကင်မရာများဟာ ယခင်မျိုးဆက်များမှာလို စကရင်ရဲ့ အထက်ဘောင်မှာ ထည့်သွင်းထားတာ မဟုတ်ဘဲ စကရင်အောက်မှာမြှပ်နှံထားပါတယ်။ အဲဒီအတွက် အထက်ဘောင်ကို အလွန်ပါးလွှာအောင် ဖန်တီးထားနိုင်ပါတယ်။ သူ့ရဲ့ Screen Protector ဓါတ်ပုံလည်း ထွက်ပေါ်လာပါတယ်။


နောက်ထပ် ဓါတ်ပုံတစ်ခုမှာတော့ Galaxy S10+ ကို Galaxy S10 နဲ့ အတူ ယှဉ်တွဲပြသထားပါတယ်။ Plus မဟုတ်တဲ့ မော်ဒယ်မှာ မျက်နှာပြင်အောက် Selfie Camera ၁ လုံးသာ ထည့်သွင်းထားပါတယ်။ Samsung Galaxy S10 Series များကို လာမယ့်နှစ် အစောပိုင်းမှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့မှာ Qualcomm Snapdragon 855 Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

Qualcomm က 7nm Snapdragon 855 ကို ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ 7nm Process က ဘက်ထရီ သက်တမ်းကို သိသာစွာ တိုးမြှင့်ပေးသလို စွမ်းဆောင်ရည်ကိုလည်း တိုးတက်စေပါတယ်။ AI စွမ်းဆောင်ရည်ဟာလည်း ပိုကောင်းလာတယ်လို့ ကြေညာပါတယ်။ ယခင်မျိုးဆက် Mobile Chip ထက် ၃ ဆလောက် AI စွမ်းဆောင်ရည် ပိုကောင်းလာတယ်လို့ ပြောပါတယ်။

Galaxy S10+ ရဲ့ အနောက်ဘက်မှာ Galaxy Note 9 လို ကင်မရာ ၃ လုံးကို အလျားလိုက်စီတန်းထားမှာ ဖြစ်ပါတယ်။ 6.4” Super AMOLED Screen ထည့်သွင်းထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အောက်ခြေမှာ 3.5mm Headphone Jack ကို ထည့်သွင်းထားပါတယ်။

Leave a Reply