
0
692




unicode

ZTE Nubia X ရဲ့ အရမ်းလန်းတဲ့ အနောက်ဘက် မျက်နှာပြင်

ZTE က စွမ်းဆောင်ရည်မြင့် Nubia X စမတ်ဖုန်း အသစ်ကို ပြီးခဲ့တဲ့တစ်လက ကြေညာလိုက်ပါတယ်။ စမတ်ဖုန်း ထုတ်လုပ်သူများဟာ Bezel-less Smartphone များကို ဖန်တီးဖို့ အတွက် Notch နဲ့ Pop-up Camera များကို ဖန်တီးလာကြပါတယ်။ ယခု Nubia X မှာတော့ Notch ရော ၊ Pop-up Camera လည်း မပါသလို အရှေ့ ကင်မရာလည်း မပါပါဘူး။

သူ့မှာ အနောက်ကင်မရာများ ပါပြီး အနောက်ဘက်မှာ မျက်နှာပြင် အပိုတစ်ခု ပါတဲ့ အတွက် Selfie ဆွဲနိုင်ပါတယ်။ အနောက် မျက်နှာပြင်ကို Screen Off လိုက်ရင် သူဟာ ဖုန်းကိုယ်ထည်အရောင်နဲ့ တစ်သားထဲ ဖြစ်သွားတဲ့ အတွက် အနောက်မှာ မျက်နှာပြင်တစ်ခု အပိုပါတယ်ဆိုတာ မသိသာပါဘူး။ အခုတော့ အနောက်ဘက် မျက်နှာပြင်ရဲ့ အလုပ်လုပ်ပုံကို ပြသထားတဲ့ ဗီဒီယိုတစ်ခုထွက်ပေါ်လာပါတယ်။

သူ့ရဲ့ ပင်မ မျက်နှာပြင်က ၆.၂၆ လက်မ LCD (2280×1080)p ဖြစ်ပြီး အနောက် မျက်နှာပြင်က 1520x720p OLED ဖြစ်ပါတယ်။ 3800mAh Battery , 6 or 8GB RAM , Snapdragon 845 , Android 8.1 Oreo အခြေပြု OS များ ပါပါတယ်။ 6/64GB ကို ယွမ် ၃၂၉၉ နဲ့ 8/128GB ကို ယွမ် ၃၆၉၉ ၊ 8/256GB ကို ယွမ် ၄၁၉၉ သတ်မှတ်ထားပါတယ်။

Leave a Reply