5G Video Call ကို ေအာင္ျမင္စြာ စမ္းသပ္ျပခဲ့တဲ့ ေတာင္ကိုရီးယား

0
1487

ေတာင္ကိုရီးယားမွာ 5G ဆက္သြယ္မႈကို စီးပြားျဖစ္ ၀န္ေဆာင္မႈ ေပးႏုိင္ေတာ့မွာ ျဖစ္ပါတယ္။ ကိုရီးယားရဲ႕ မိုဘိုင္း ေအာ္ပေရတာ SK Telecom က ကမာၻ႕ ပထမဆံုး စီးပြားျဖစ္ 5G Video Call ကို ေခၚဆိုျပလိုက္ပါတယ္။ ကုမၸဏီရဲ႕ စီအီးအို ျဖစ္သူ Park Jung-ho က ဆမ္ေဆာင္းရဲ႕ နမူနာ 5G Phone ကို အသံုးျပဳၿပီး ဆိုးလ္မွ မန္ေနဂ်ာတစ္ဦးထံကို Video Call ကို ျပဳလုပ္ခဲ့ပါတယ္။ သူက LTE ထက္ Video Call အရည္အေသြးဟာ ပိုေကာင္းလာၿပီး ပို ၾကည္လင္ျပတ္သားလာတယ္လို႔ ေျပာပါတယ္။

ဆမ္ေဆာင္းရဲ႕ မိုဘိုင္း ဌာနမွ အႀကီးအကဲ ျဖစ္သူ DJ Koh က ကုမၸဏီဟာ 5G ၀န္ေဆာင္မႈကို ပံ့ပိုးေပးဖို႔ တယ္လီကြန္း ကုမၸဏီမ်ားနဲ႔ နီးကပ္စြာ ပူးေပါင္းလုပ္ေဆာင္ခဲ့တယ္လို႔ ေျပာပါတယ္။ ဆမ္ေဆာင္းဟာ လာမယ့္နွစ္မွာ 5G Phone ကို ေရာင္းခ်ေတာ့မယ္လို႔ သတင္းထြက္ေနပါတယ္။

SK Telecom အျပင္ KT နဲ႔ LG Uplus တို႔ကလည္း စီးပြားျဖစ္ 5G ကြန္ယက္မ်ား တည္ေထာင္ထားပါတယ္။ လက္ရွိမွာေတာ့ Enterprise Customers မ်ားသာ 5G ကြန္ယက္ကို အသံုးျပဳႏုိင္ေသးၿပီး ၂၀၁၉ ခုႏွစ္ မတ္လမွာ ျပည္သူအားလံုး အသံုးျပဳႏုိင္ဖို႔ ရည္ရြယ္ထားပါတယ္။

ဖုန္း ကုမၸဏီမ်ားစြာကလည္း လာမယ့္နွစ္မွာ 5G Phone မ်ားကို ထုတ္လုပ္ေရာင္းခ်ဖို႔ ေၾကညာထားပါတယ္။ အဲဒီအထဲမွာ ဆမ္ေဆာင္း အျပင္ LG , OnePlus , Xiaomi တို႔ ပါ၀င္ၿပီး လာမယ့္ႏွစ္ အေစာပိုင္းမွာ ပြဲထြက္လာၾကမွာ ျဖစ္ပါတယ္။ Oppo ကလည္း R15 Pro Model တစ္ခုျဖင့္ 5G ကြန္ယက္မွာ ေအာင္ျမင္စြာ ဖုန္း ေခၚဆိုႏုိင္ၿပီလို႔ ေၾကညာထားပါတယ္။

unicode

5G Video Call ကို အောင်မြင်စွာ စမ်းသပ်ပြခဲ့တဲ့ တောင်ကိုရီးယား

တောင်ကိုရီးယားမှာ 5G ဆက်သွယ်မှုကို စီးပွားဖြစ် ဝန်ဆောင်မှု ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ကိုရီးယားရဲ့ မိုဘိုင်း အော်ပရေတာ SK Telecom က ကမ္ဘာ့ ပထမဆုံး စီးပွားဖြစ် 5G Video Call ကို ခေါ်ဆိုပြလိုက်ပါတယ်။ ကုမ္ပဏီရဲ့ စီအီးအို ဖြစ်သူ Park Jung-ho က ဆမ်ဆောင်းရဲ့ နမူနာ 5G Phone ကို အသုံးပြုပြီး ဆိုးလ်မှ မန်နေဂျာတစ်ဦးထံကို Video Call ကို ပြုလုပ်ခဲ့ပါတယ်။ သူက LTE ထက် Video Call အရည်အသွေးဟာ ပိုကောင်းလာပြီး ပို ကြည်လင်ပြတ်သားလာတယ်လို့ ပြောပါတယ်။

ဆမ်ဆောင်းရဲ့ မိုဘိုင်း ဌာနမှ အကြီးအကဲ ဖြစ်သူ DJ Koh က ကုမ္ပဏီဟာ 5G ဝန်ဆောင်မှုကို ပံ့ပိုးပေးဖို့ တယ်လီကွန်း ကုမ္ပဏီများနဲ့ နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။ ဆမ်ဆောင်းဟာ လာမယ့်နှစ်မှာ 5G Phone ကို ရောင်းချတော့မယ်လို့ သတင်းထွက်နေပါတယ်။

SK Telecom အပြင် KT နဲ့ LG Uplus တို့ကလည်း စီးပွားဖြစ် 5G ကွန်ယက်များ တည်ထောင်ထားပါတယ်။ လက်ရှိမှာတော့ Enterprise Customers များသာ 5G ကွန်ယက်ကို အသုံးပြုနိုင်သေးပြီး ၂၀၁၉ ခုနှစ် မတ်လမှာ ပြည်သူအားလုံး အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

ဖုန်း ကုမ္ပဏီများစွာကလည်း လာမယ့်နှစ်မှာ 5G Phone များကို ထုတ်လုပ်ရောင်းချဖို့ ကြေညာထားပါတယ်။ အဲဒီအထဲမှာ ဆမ်ဆောင်း အပြင် LG , OnePlus , Xiaomi တို့ ပါဝင်ပြီး လာမယ့်နှစ် အစောပိုင်းမှာ ပွဲထွက်လာကြမှာ ဖြစ်ပါတယ်။ Oppo ကလည်း R15 Pro Model တစ်ခုဖြင့် 5G ကွန်ယက်မှာ အောင်မြင်စွာ ဖုန်း ခေါ်ဆိုနိုင်ပြီလို့ ကြေညာထားပါတယ်။

Leave a Reply