၂၀၁၉ ခုႏွစ္မွာ 5G iPhone ထြက္မည္ မဟုတ္

0
382

Apple က 3G , 4G မ်ားကို သူ႔ရဲ႕ Device မ်ားမွာ ထည့္သြင္းေပးတုန္းကလည္း ေနာက္က်ခဲ့ပါတယ္။ အခုေတာ့ Bloomberg က ၂၀၁၉ ခုႏွစ္ထုတ္ အိုင္ဖုန္းမ်ားမွာ 5G ကို ထည့္သြင္းေပးထားမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။ Carriers မ်ားက လာမယ့္ႏွစ္မွာ တည္ေနရာ အခ်ိဳ႕မွာ 5G ကြန္ယက္မ်ားကို ပံ့ပိုးေပးေတာ့မွာ ျဖစ္ၿပီး ဆမ္ေဆာင္း အပါအ၀င္ အန္းဒရြိဳက္ဖုန္း ထုတ္လုပ္သူမ်ားဟာ လာမယ့္ႏွစ္မွာ 5G Phones မ်ားကို ထုတ္လုုပ္ေရာင္းခ်ၾကမွာ ျဖစ္ပါတယ္။

ဘလြန္းဘတ္က ၂၀၂၀ ခုႏွစ္ မတိုင္ခင္အထိ 5G iPhone ကို ေရာင္းခ်မွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။ အဲဒီ အိုင္ဖုန္းမ်ားအတြက္ အစိတ္အပိုင္းမ်ားကို ေထာက္ပံ့ေပးတဲ့ ကုမၸဏီမ်ားထံကေန ဒီသတင္းကို ဘလြန္းဘတ္က ရရွိခဲ့တာ ျဖစ္ပါတယ္။

Apple ဟာ သူ႔ရဲ႕ အိုင္ဖုန္းမ်ားမွာ 4G နည္းပညာကို ေနာက္က်မွ ထည့္သြင္းေပးခဲ့တာပါ။ ဒါေပမယ့္ သူ႕ရဲ႕ နည္းဗ်ဴဟာ ဟာ မွန္ကန္ခဲ့ပါတယ္။ 4G ကို ေစာစီးစြာ ထည့္သြင္းေပးခဲ့တဲ့ ၿပိဳင္ဖက္ အန္းဒရြိဳက္ ဖုန္းမ်ားမွာ အဲဒီနည္းပညာေၾကာင့္ ဘက္ထရီ သက္တမ္း က်ဆင္းခဲ့ပါတယ္။ Apple က ဘက္ထရီ သက္တမ္း ပိုေကာင္းတဲ့ ဒုတိယမ်ိဳးဆက္ မိုဒမ္မ်ား ထြက္လာမွသာ သူတို႔ကို iPhone 5 မွာ ထည့္သြင္းေရာင္းခ်ခဲ့တာပါ။

အေစာပိုင္း 5G Phone မ်ားမွာလည္း ဒီလို ျပႆနာမ်ား ရွိလာႏိုင္မလားဆိုတာ မသိရေသးပါဘူး။ Apple က Qualcomm ရဲ႕ 5G Modem မ်ားကို မသံုးတဲ့ အတြက္လည္း 5G iPhone ကို အေစာဆံုး မထုတ္လုပ္ႏုိင္တာလည္း ျဖစ္ပါတယ္။ Intel ရဲ႕ 5G Modem မ်ားဟာ အခုထက္ထိ အဆင္သင့္ မျဖစ္ေသးပါဘူး။ ၁၈ လေလာက္ၾကာမွသာ အေျမာက္အမ်ား ထုတ္လုပ္မွာ ျဖစ္တဲ့ အတြက္ ၂၀၁၉ ခုနွစ္ အိုင္ဖုန္းမ်ားမွာ မပါလာနိုင္ပါဘူး။

unicode

၂၀၁၉ ခုနှစ်မှာ 5G iPhone ထွက်မည် မဟုတ်

Apple က 3G , 4G များကို သူ့ရဲ့ Device များမှာ ထည့်သွင်းပေးတုန်းကလည်း နောက်ကျခဲ့ပါတယ်။ အခုတော့ Bloomberg က ၂၀၁၉ ခုနှစ်ထုတ် အိုင်ဖုန်းများမှာ 5G ကို ထည့်သွင်းပေးထားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ Carriers များက လာမယ့်နှစ်မှာ တည်နေရာ အချို့မှာ 5G ကွန်ယက်များကို ပံ့ပိုးပေးတော့မှာ ဖြစ်ပြီး ဆမ်ဆောင်း အပါအဝင် အန်းဒရွိုက်ဖုန်း ထုတ်လုပ်သူများဟာ လာမယ့်နှစ်မှာ 5G Phones များကို ထုတ်လုပ်ရောင်းချကြမှာ ဖြစ်ပါတယ်။

ဘလွန်းဘတ်က ၂၀၂၀ ခုနှစ် မတိုင်ခင်အထိ 5G iPhone ကို ရောင်းချမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ အဲဒီ အိုင်ဖုန်းများအတွက် အစိတ်အပိုင်းများကို ထောက်ပံ့ပေးတဲ့ ကုမ္ပဏီများထံကနေ ဒီသတင်းကို ဘလွန်းဘတ်က ရရှိခဲ့တာ ဖြစ်ပါတယ်။

Apple ဟာ သူ့ရဲ့ အိုင်ဖုန်းများမှာ 4G နည်းပညာကို နောက်ကျမှ ထည့်သွင်းပေးခဲ့တာပါ။ ဒါပေမယ့် သူ့ရဲ့ နည်းဗျူဟာ ဟာ မှန်ကန်ခဲ့ပါတယ်။ 4G ကို စောစီးစွာ ထည့်သွင်းပေးခဲ့တဲ့ ပြိုင်ဖက် အန်းဒရွိုက် ဖုန်းများမှာ အဲဒီနည်းပညာကြောင့် ဘက်ထရီ သက်တမ်း ကျဆင်းခဲ့ပါတယ်။ Apple က ဘက်ထရီ သက်တမ်း ပိုကောင်းတဲ့ ဒုတိယမျိုးဆက် မိုဒမ်များ ထွက်လာမှသာ သူတို့ကို iPhone 5 မှာ ထည့်သွင်းရောင်းချခဲ့တာပါ။

အစောပိုင်း 5G Phone များမှာလည်း ဒီလို ပြဿနာများ ရှိလာနိုင်မလားဆိုတာ မသိရသေးပါဘူး။ Apple က Qualcomm ရဲ့ 5G Modem များကို မသုံးတဲ့ အတွက်လည်း 5G iPhone ကို အစောဆုံး မထုတ်လုပ်နိုင်တာလည်း ဖြစ်ပါတယ်။ Intel ရဲ့ 5G Modem များဟာ အခုထက်ထိ အဆင်သင့် မဖြစ်သေးပါဘူး။ ၁၈ လလောက်ကြာမှသာ အမြောက်အများ ထုတ်လုပ်မှာ ဖြစ်တဲ့ အတွက် ၂၀၁၉ ခုနှစ် အိုင်ဖုန်းများမှာ မပါလာနိုင်ပါဘူး။

Leave a Reply