မ်က္ႏွာျပင္ေအာက္ အေရွ႕ ကင္မရာ ျမွပ္ႏွံထားတဲ့ ဖုန္းကို Huawei ထက္ ေစာစြာ ေၾကညာမယ့္ Samsung

0
804

Huawei က ဒီဇင္ဘာလ ၁၇ ရက္ေန႔မွာ မ်က္ႏွာျပင္ေအာက္ အေရွ႕ ကင္မရာ ျမွပ္ႏွံထားတဲ့ Nova 4 ကို ေၾကညာမယ္လို႔ Teaser Image တစ္ခုကေန အသိေပးလိုက္ပါတယ္။ မ်က္ႏွာျပင္ရဲ႕ အထက္ ဘယ္ဘက္ေထာင့္မွာ ကင္မရာ အေပါက္ကို ထည့္သြင္းထားပါတယ္။

Huawei ရဲ႕ ေၾကညာမႈအၿပီး နာရီပိုင္းအလိုမွာပဲ Samsung က မ်က္ႏွာျပင္ေအာက္ အေရွ႕ ကင္မရာ ျမွပ္ႏွံထားတဲ့ Galaxy A8s ကို ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာ မိတ္ဆက္မယ္လို႔ ေၾကညာလိုက္ပါတယ္။ အဲဒီအတြက္ ဆမ္ေဆာင္းဟာ ဟြာေ၀းထက္ ေစာစြာ မ်က္ႏွာျပင္ေအာက္ အေရွ႕ ကင္မရာ ျမွပ္ႏွံထားတဲ့ ဖုန္းကို ေၾကညာႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

Nova 3 ကို ဇူလိုင္လမွာ Kirin 970 Chipset ျဖင့္ ပြဲထြက္ခဲ့ပါတယ္။ အဲဒီအတြက္ Nova 4 မွာ Kirin 980 Chipset ထည့္သြင္းထားႏိုင္ပါတယ္။ ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းမ်ား အရ Samsung Galaxy A8s မွာ Snapdragon 710 Chipset ထည့္သြင္းထားႏုိင္ပါတယ္။ မ်က္ႏွာျပင္ အရြယ္အစားက ၆.၃ လက္မ ျဖစ္ၿပီး အရည္အေသြးမွာ 2340x1080p ျဖစ္ပါတယ္။ မ်က္ႏွာျပင္ အခ်ိဳးက 19.5:9 ျဖစ္ပါတယ္။ အေနာက္ကင္မရာ ၃ လံုးနဲ႔ အေရွ႕ ကင္မရာ ၁ လံုး ပါလာမွာပါ။ RAM အပိုင္းမွာ 6GB အထိ ေရြးခ်ယ္ႏုိင္ပါတယ္။

unicode

မျက်နှာပြင်အောက် အရှေ့ ကင်မရာ မြှပ်နှံထားတဲ့ ဖုန်းကို Huawei ထက် စောစွာ ကြေညာမယ့် Samsung

Huawei က ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ မျက်နှာပြင်အောက် အရှေ့ ကင်မရာ မြှပ်နှံထားတဲ့ Nova 4 ကို ကြေညာမယ်လို့ Teaser Image တစ်ခုကနေ အသိပေးလိုက်ပါတယ်။ မျက်နှာပြင်ရဲ့ အထက် ဘယ်ဘက်ထောင့်မှာ ကင်မရာ အပေါက်ကို ထည့်သွင်းထားပါတယ်။

Huawei ရဲ့ ကြေညာမှုအပြီး နာရီပိုင်းအလိုမှာပဲ Samsung က မျက်နှာပြင်အောက် အရှေ့ ကင်မရာ မြှပ်နှံထားတဲ့ Galaxy A8s ကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မိတ်ဆက်မယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီအတွက် ဆမ်ဆောင်းဟာ ဟွာဝေးထက် စောစွာ မျက်နှာပြင်အောက် အရှေ့ ကင်မရာ မြှပ်နှံထားတဲ့ ဖုန်းကို ကြေညာနိုင်တော့မှာ ဖြစ်ပါတယ်။

Nova 3 ကို ဇူလိုင်လမှာ Kirin 970 Chipset ဖြင့် ပွဲထွက်ခဲ့ပါတယ်။ အဲဒီအတွက် Nova 4 မှာ Kirin 980 Chipset ထည့်သွင်းထားနိုင်ပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများ အရ Samsung Galaxy A8s မှာ Snapdragon 710 Chipset ထည့်သွင်းထားနိုင်ပါတယ်။ မျက်နှာပြင် အရွယ်အစားက ၆.၃ လက်မ ဖြစ်ပြီး အရည်အသွေးမှာ 2340x1080p ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးက 19.5:9 ဖြစ်ပါတယ်။ အနောက်ကင်မရာ ၃ လုံးနဲ့ အရှေ့ ကင်မရာ ၁ လုံး ပါလာမှာပါ။ RAM အပိုင်းမှာ 6GB အထိ ရွေးချယ်နိုင်ပါတယ်။

Leave a Reply