Realme 1 အတြက္ ColorOS 5.2 ထြက္ရွိ

0
353

တရုတ္ စမတ္ဖုန္း ကုမၸဏီ Realme ဟာ OPPO ရဲ႕ ကုမၸဏီခြဲတစ္ခု ျဖစ္ပါတယ္။ သူဟာ တန္ဖိုးနည္း စမတ္ဖုန္း ေစ်းကြက္မွာ ယွဥ္ၿပိဳင္ေနပါတယ္။ သူ႔ရဲ႕ ပထမဆံုး စမတ္ဖုန္း ျဖစ္တဲ့ Realme 1 ရဲ႕ 4/64GB Model ဟာ အိႏၵိယ ရူပီး ၁၀ ၄၉၀ ေလာက္သာ ရွိပါတယ္။

အခုေတာ့ အဲဒီ စမတ္ဖုန္း အတြက္ ColorOS 5.2 ကို ျဖန္႔ခ်ီေပးလိုက္ပါၿပီ။ သူ႔မွာ လုပ္ေဆာင္ခ်က္ အသစ္မ်ားစြာနဲ႔ ေအာက္တိုဘာလအတြက္ Security Patch ပါလာပါတယ္။ ဒါေပမယ့္ သူဟာ Android Pie အေျချပဳ မဟုတ္ဘဲ Android 8.1 Oreo အေျချပဳ ျဖစ္ပါတယ္။

Update မွာ ပါတဲ့ အဓိက လုပ္ေဆာင္ခ်က္မ်ားထဲမွ အခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။ ညာဘက္သို႔ ပြတ္ဆြဲရံုနဲ႔ Notification ကို လွ်င္ျမန္စြာ ေဖ်ာက္ႏုိင္ပါတယ္။ Status Bar မွာ Headset Icon နဲ႔ အျခား တိုးတက္မႈမ်ား ပါလာပါတယ္။ ဒတ္စေတာ့ အိုင္ကြန္ အသစ္မ်ား ပါလာပါတယ္။ Multitasking ျပဳလုပ္လို႔ ေကာင္းတဲ့ Smart Bar ထည့္သြင္းထားပါတယ္။

Game Space လုပ္ေဆာင္ခ်က္က ဂိမ္းမ်ား ကစားရင္ အလြန္ လွ်င္ျမန္ေစပါတယ္။ Game Space က ဖုန္းရဲ႕ စြမ္းအင္ အရင္းအျမစ္မ်ားကို ဥာဏ္ရည္ျမင့္စြာ စီမံခန္႔ခြဲေပးျခင္း၊ ဟာ့ဒ္၀ဲ အရင္းအျမစ္မ်ားကို အေကာင္းဆံုး အသံုးခ်ႏုိင္ဖို႔ Display Configuration ရဲ႕ စြမ္းရည္ကို ျမွင့္တင္ျခင္း၊ Background App မ်ားရဲ႕ အင္တာနက္ ဆက္သြယ္မႈကို ကန္႔သတ္ျခင္း၊ Notifications နဲ႔ Sound Alerts မ်ားကို ပိတ္ပင္ျခင္းမ်ားကို ျပဳလုပ္ေပးပါတယ္။ ဂိမ္းမ်ားဟာ စကရင္ ပိတ္ထားရင္ေတာင္ Run ေနပါတယ္။ Update ကို ကမာၻအ၀န္းမွာ တစ္ျဖည္းျဖည္းခ်င္း ျဖန္႔ခ်ီေပးေနတဲ့ အတြက္ အခ်ိန္ အနည္းငယ္ ၾကာဦးမွာပါ။

unicode

Realme 1 အတွက် ColorOS 5.2 ထွက်ရှိ

တရုတ် စမတ်ဖုန်း ကုမ္ပဏီ Realme ဟာ OPPO ရဲ့ ကုမ္ပဏီခွဲတစ်ခု ဖြစ်ပါတယ်။ သူဟာ တန်ဖိုးနည်း စမတ်ဖုန်း ဈေးကွက်မှာ ယှဉ်ပြိုင်နေပါတယ်။ သူ့ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်တဲ့ Realme 1 ရဲ့ 4/64GB Model ဟာ အိန္ဒိယ ရူပီး ၁၀ ၄၉၀ လောက်သာ ရှိပါတယ်။

အခုတော့ အဲဒီ စမတ်ဖုန်း အတွက် ColorOS 5.2 ကို ဖြန့်ချီပေးလိုက်ပါပြီ။ သူ့မှာ လုပ်ဆောင်ချက် အသစ်များစွာနဲ့ အောက်တိုဘာလအတွက် Security Patch ပါလာပါတယ်။ ဒါပေမယ့် သူဟာ Android Pie အခြေပြု မဟုတ်ဘဲ Android 8.1 Oreo အခြေပြု ဖြစ်ပါတယ်။

Update မှာ ပါတဲ့ အဓိက လုပ်ဆောင်ချက်များထဲမှ အချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ညာဘက်သို့ ပွတ်ဆွဲရုံနဲ့ Notification ကို လျှင်မြန်စွာ ဖျောက်နိုင်ပါတယ်။ Status Bar မှာ Headset Icon နဲ့ အခြား တိုးတက်မှုများ ပါလာပါတယ်။ ဒတ်စတော့ အိုင်ကွန် အသစ်များ ပါလာပါတယ်။ Multitasking ပြုလုပ်လို့ ကောင်းတဲ့ Smart Bar ထည့်သွင်းထားပါတယ်။

Game Space လုပ်ဆောင်ချက်က ဂိမ်းများ ကစားရင် အလွန် လျှင်မြန်စေပါတယ်။ Game Space က ဖုန်းရဲ့ စွမ်းအင် အရင်းအမြစ်များကို ဉာဏ်ရည်မြင့်စွာ စီမံခန့်ခွဲပေးခြင်း၊ ဟာ့ဒ်ဝဲ အရင်းအမြစ်များကို အကောင်းဆုံး အသုံးချနိုင်ဖို့ Display Configuration ရဲ့ စွမ်းရည်ကို မြှင့်တင်ခြင်း၊ Background App များရဲ့ အင်တာနက် ဆက်သွယ်မှုကို ကန့်သတ်ခြင်း၊ Notifications နဲ့ Sound Alerts များကို ပိတ်ပင်ခြင်းများကို ပြုလုပ်ပေးပါတယ်။ ဂိမ်းများဟာ စကရင် ပိတ်ထားရင်တောင် Run နေပါတယ်။ Update ကို ကမ္ဘာအဝန်းမှာ တစ်ဖြည်းဖြည်းချင်း ဖြန့်ချီပေးနေတဲ့ အတွက် အချိန် အနည်းငယ် ကြာဦးမှာပါ။

Leave a Reply