Pixel စမတ်ဖုန်းတွေမှာ Google Call Screen transcripts အသုံးပြုနိုင်တော့မည်

0
265

Zawgyi Version










Unicode Version

Pixel 3 မှာ ကျွန်တော်တို့ကြွေခဲ့ရတဲ့ Google ရဲ့ Call Screen လေး။ အခုဆိုရင်တော့ feature အသစ်ထွက်လာသလိုခံစားရတော့မှာပါ။
Call Screen ဆိုတာလေးကတော့ Pixel 3 phone app အနေနဲ့ထည့်သွင်းပေးခဲ့တာဖြစ်ပြီးတော့ အခုဆိုရင် Pixel 2 နဲ့ Pixel တို့အတွက်လည်းထွက်ရှိလာတော့မှာပါ။ Google Assistant ကိုအသုံးပြုပြီးတော့ သုံးစွဲသူတွေကို ဖုန်းလက်ခံဖြေကြားဖို့အတွက် ကူညီပေးမှာဖြစ်ပါတယ်။ တစ်ယောက်ယောက်က ဖုန်းခေါ်နေချိန်မှာပေါ်လာတတ်တဲ့ “screen call” option လေးကိုနှိပ်လိုက်တာနဲ့ activate ဖြစ်ပါတယ်။
အဲဒီအဆင့်မှာ Google Assistant က Pixel owner နဲ့ချိတ်ဆက်ဖို့အတွက် ဖုန်းလက်ခံပေးမှာပါ။ အခြားသူတစ်ယောက်ကပြောတဲ့စကားသံတွေကို live transcriptions အနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ transcription ရဲ့ အရည်အသွေးကတော့ ဖုန်းခေါ်ဆိုမှုတွေအပေါ်မှာ မူတည်နေမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖုန်းကိုလက်ခံသင့်လားဆိုတဲ့အချက်ကို ကောင်းကောင်းစဉ်းစားနိုင်စေမှာပါ။
ဒီလို feature လေးကို ပိုမိုကောင်းမွန်စေဖို့အတွက် Google က Call Screen အတွက် transcripts feature အသစ်လေးကို ထုတ်ပေးလိုက်ပါတယ်။ Call Screen transcripts လေးတွေကတော့ ဖုန်းခေါ်ဆိုမှုပြီးဆုံးချိန်မှာ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း feature အသစ်မှာတော့ စိတ်ပါရင် သိမ်းထားလို့ရမှာပါ။
saved Call Screen transcripts တွေကို မြင်ချင်တယ်ဆိုရင်တော့ phone app ရဲ့ Recents tab ကို သွားရမှာဖြစ်ပြီးတော့ လိုချင်တဲ့ဖုန်းခေါ်ဆိုမှုလေးကို ရွေးချယ်ပေးလိုက်ရင် ရပါပြီ။ ပြီးရင်တော့ Call Details ကို ရွေးလိုက်ပါ။ See Transcript option လေးကို မြင်ရမှာပါ။
Google Assistant နဲ့ အခြားသူတစ်ယောက်ပြောထားတဲ့ စကားပြောဆိုမှုကို မြင်တွေ့ရမှာဖြစ်ပြီးတော့ လက်မထောင်မလား၊ လက်မအောက်ချမလားလည်း react ပေးလို့ရပါတယ်။ transcription ရဲ့ အရည်အသွေးကို ဆုံးဖြတ်ပေးရမှာဖြစ်ပါတယ်။
Call Screen transcripts ကတော့ အံ့သြစရာတစ်ခုမဟုတ်ပေမယ့်လည်း Call Screen transcripts ကို နှစ်မကုန်ခင်မှာ ရောက်လာမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုဆိုရင် ရနေလောက်ပြီထင်ပါတယ်။
Call Screen transcripts က ဘယ်လောက်တောင်များကျယ်ပြန့်စွာ အသုံးပြုနိုင်မလဲ မသေချာသေးပါဘူး။ “screen call” option လေးကို နှိပ်ပြီးတော့ စမ်းသုံးကြည့်ကြပါ။
Call Screen ရဲ့ ရည်ရွယ်ချက်ကတော့ မသိတဲ့နံပါတ်တွေကဖုန်းခေါ်တဲ့အခါ ကိုင်ပြီးအချိန်ဖြုန်းမိမှာစိုးတဲ့အတွက်ကြောင့် ကာကွယ်ပေးနိုင်အောင်ပါ။ saved transcripts ကလည်း သုံးစွဲသူတွေကိုပြန်ကြည့်ဖို့ အခွင့်အရေးပေးပြီးတော့ ဖုန်းကိုင်သင့်လား ဆုံးဖြတ်စေနိုင်မှာပါ။

Leave a Reply