
0
559





unicode

၂၀၁၉ ခုနှစ်မှာ ရောင်းမယ့် Microsoft ရဲ့ Foldable Smartphone

လာမယ့်နှစ်မှာတော့ ခေါက်ချိုး စမတ်ဖုန်းများစွာ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ ကုမ္ပဏီများစွာရဲ့ ခေါက်ချိုး စမတ်ဖုန်း သတင်းများစွာလည်း ပေါက်ကြားထွက်ပေါ်နေပါတယ်။ Samsung က Galaxy F Foldable Smartphone ကို ကြေညာမှာပါ။ Huawei နဲ့ LG ကလည်း အဲဒီလို စမတ်ဖုန်းများကို ဖန်တီးနေတဲ့ သတင်းများ ထွက်နေပါတယ်။

အခုတော့ Microsoft Fans များအတွက် သတင်းကောင်းတစ်ခု ထွက်လာပါတယ်။ Microsoft က သူ့ရဲ့ ခေါက်ချိုး စမတ်ဖုန်းကို ၂၀၁၉ ခုနှစ်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းကို Andromeda စီမံကိန်းကနေ ဖန်တီးနေပါတယ်။

လာမယ့်နှစ်မှာ Microsoft ဟာ Surface Devices , Xbox One နဲ့ အခြား ဟာ့ဒ်ဝဲ ထုတ်ကုန်များကိုပါ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ တက်ဘလက်အသစ်ဟာ Apple iPad Pro 12.9 ကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းဟာ ပါးလွှာပြီး USB Type-C ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင် ဘေးဘောင်များဟာလည်း ပါးလွှာမှာပါ။

လာမယ့်နှစ်မှာတော့ ကုမ္ပဏီများရဲ့ ထုတ်ကုန် အသစ်များစွာကို မြင်ရတော့မှာ ဖြစ်ပါတယ်။ အများစုမှာ 5G , Foldable Display တို့လို နည်းပညာ အသစ်များကို ထည့်သွင်းထားကြမှာ ဖြစ်ပါတယ်။ ခေါက်ချိုး စမတ်ဖုန်းကို အစောဆုံး ရောင်းချမယ့် ကုမ္ပဏီများ အနေနဲ့ Samsung , LG နဲ့ Huawei တို့က ရေပန်းစားနေပါတယ်။

Leave a Reply