၂၀၁၉ ခုနွစ္မွာ အသစ္ထြက္လာမယ့္ Apple AirPods

0
628

Apple အေရး ကြ်မ္းက်င္တဲ့ Ming-Chi Kuo က လာမယ့္ႏွစ္မွာ AirPods အသစ္ကို ေၾကညာမယ္လို႔ ေဟာကိန္းထုတ္လုိက္ပါတယ္။ ၂၀၂၀ ခုႏွစ္က်ရင္ေတာ့ ဒီဇိုင္းလံုး၀ ေျပာင္းလဲထားတဲ့ နားၾကပ္ အသစ္ကို မိတ္ဆက္မယ္လို႔ သူက ေျပာပါတယ္။

ယခုႏွစ္ အေစာပိုင္းမွာ Bloomberg က ၂၀၁၉ ခုႏွစ္ထုတ္ နားၾကပ္မ်ားမွာ အသံဆူညံမႈကို ဖယ္ရွားျခင္းနဲ႔ ေရစိုခံျခင္း စတဲ့ စြမ္းရည္မ်ား ပါလာမယ္လို႔ ေျပာခဲ့ဖူးပါတယ္။ နားၾကပ္မွာ ႏွလံုးခုန္ႏႈန္း တိုင္းတာျခင္းလို Biometric Sensors မ်ား ပါလာႏုိင္တယ္လို႔လည္း Bloomberg က ေျပာပါတယ္။ ေစ်းႏႈန္းက ပထမဆံုးေမာ္ဒယ္ရဲ႕ ၁၅၉ ေဒၚလာထက္ ပိုျမင့္မားႏုိင္ပါတယ္။

Kuo က လာမယ့္ႏွစ္ထုတ္ နားၾကပ္မ်ားမွာ ႀကိဳးမဲ့ အားသြင္း စနစ္၊ Bluetooth 5.0 နဲ႔ မြမ္းမံထားတဲ့ W-Series Chip မ်ား ပါလာမယ္လို႔ ေျပာပါတယ္။ ႀကိဳးမဲ့အားသြင္း စနစ္ ပါလာမွာ ျဖစ္တဲ့ အတြက္ သူ႔အတြက္ ႀကိဳးမဲ့အားသြင္း Case ကိုလည္း ဖန္တီးေပးထားႏုိင္ပါတယ္။ Kuo က ေက့စ္ရဲ႕ အတြင္းပိုင္း အစိတ္အပိုင္မ်ားဟာ တိုးတက္လာမွာ ျဖစ္ၿပီး Hinge Design ကိုလည္း ေျပာင္းလဲထားမယ္လို႔ ေျပာပါတယ္။

Kuo က ၂၀၁၇ ခုႏွစ္မွာ နားၾကပ္ အခုေရ ၁၆ သန္းနဲ႔ ၂၀၁၈ ခုႏွစ္မွာ ၂၈ သန္း ေရာင္းခ်ရတယ္လို႔ တြက္ခ်က္ထားပါတယ္။ ၂၀၁၉ ခုႏွစ္မွာ ၅၅ သန္းနဲ႔ ၂၀၂၀ ခုႏွစ္မွာ သန္း ၈၀ ၊ ၂၀၂၁ ခုႏွစ္မွာ သန္း ၁၁၀ ေရာင္းခ်ရမယ္လို႔ တြက္ခ်က္ထားပါတယ္။

unicode

၂၀၁၉ ခုနှစ်မှာ အသစ်ထွက်လာမယ့် Apple AirPods

Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က လာမယ့်နှစ်မှာ AirPods အသစ်ကို ကြေညာမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ ၂၀၂၀ ခုနှစ်ကျရင်တော့ ဒီဇိုင်းလုံး၀ ပြောင်းလဲထားတဲ့ နားကြပ် အသစ်ကို မိတ်ဆက်မယ်လို့ သူက ပြောပါတယ်။

ယခုနှစ် အစောပိုင်းမှာ Bloomberg က ၂၀၁၉ ခုနှစ်ထုတ် နားကြပ်များမှာ အသံဆူညံမှုကို ဖယ်ရှားခြင်းနဲ့ ရေစိုခံခြင်း စတဲ့ စွမ်းရည်များ ပါလာမယ်လို့ ပြောခဲ့ဖူးပါတယ်။ နားကြပ်မှာ နှလုံးခုန်နှုန်း တိုင်းတာခြင်းလို Biometric Sensors များ ပါလာနိုင်တယ်လို့လည်း Bloomberg က ပြောပါတယ်။ ဈေးနှုန်းက ပထမဆုံးမော်ဒယ်ရဲ့ ၁၅၉ ဒေါ်လာထက် ပိုမြင့်မားနိုင်ပါတယ်။

Kuo က လာမယ့်နှစ်ထုတ် နားကြပ်များမှာ ကြိုးမဲ့ အားသွင်း စနစ်၊ Bluetooth 5.0 နဲ့ မွမ်းမံထားတဲ့ W-Series Chip များ ပါလာမယ်လို့ ပြောပါတယ်။ ကြိုးမဲ့အားသွင်း စနစ် ပါလာမှာ ဖြစ်တဲ့ အတွက် သူ့အတွက် ကြိုးမဲ့အားသွင်း Case ကိုလည်း ဖန်တီးပေးထားနိုင်ပါတယ်။ Kuo က ကေ့စ်ရဲ့ အတွင်းပိုင်း အစိတ်အပိုင်များဟာ တိုးတက်လာမှာ ဖြစ်ပြီး Hinge Design ကိုလည်း ပြောင်းလဲထားမယ်လို့ ပြောပါတယ်။

Kuo က ၂၀၁၇ ခုနှစ်မှာ နားကြပ် အခုရေ ၁၆ သန်းနဲ့ ၂၀၁၈ ခုနှစ်မှာ ၂၈ သန်း ရောင်းချရတယ်လို့ တွက်ချက်ထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ ၅၅ သန်းနဲ့ ၂၀၂၀ ခုနှစ်မှာ သန်း ၈၀ ၊ ၂၀၂၁ ခုနှစ်မှာ သန်း ၁၁၀ ရောင်းချရမယ်လို့ တွက်ချက်ထားပါတယ်။

Leave a Reply