လူမႈကြန္ရက္က သူငယ္ခ်င္းေတြနဲ႕ခ်ိတ္ဆက္မိျပီး အေထာက္အကူရေၾကာင္း ဆယ္ေက်ာ္သက္ေတြေျပာၾကား

0
246

Zawgyi Version

လူမႈကြန္ရက္သံုးစြဲမႈက စိတ္က်ေရာဂါနဲ႕စိုးရိမ္ျခင္းေတြ တိုးတက္ေစတယ္လို႕ ျပထားပါတယ္။ ဒါေပမယ့္လည္း ဆယ္ေက်ာ္သက္ေတြကို ေလ့လာၾကည့္လိုက္ေတာ့ သူတို႕မွာလည္း အားသာခ်က္ေတြရွိတယ္ဆိုတာ ျပသေနျပန္ပါတယ္။  The Pew Research Center ကေနျပီးေတာ့ ယူအက္စ္ဆယ္ေက်ာ္သက္ေတြကို လူမႈကြန္ရက္ရဲ႕ ေကာင္းက်ိဳး၊ ဆိုးက်ိဳးေတြကို စစ္တမ္းေကာက္လုိက္တဲ့အခါမွာ သူတို႕ေတြအားလံုးက ေကာင္းက်ိဳးသာမက ဆိုးက်ိဳးကိုလည္း သိေနတာကို ေတြ႕လိုက္ရပါတယ္။

အသက္အရြယ္အားျဖင့္ ၁၃ႏွစ္နဲ႕ ၁၇ႏွစ္ၾကား လူငယ္ေပါင္း ၇၄၃ေယာက္ကို ေမးျမန္းခဲ့တာျဖစ္ပါတယ္။ ဒါဟာ စစ္တမ္းတစ္ခုအတြက္ ဆံုးျဖတ္ခ်က္ခ်ႏုိင္တဲ့ပမာဏတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္လည္း အခ်က္အလက္ေတြက အေတာ္ေလးကိုအတြင္းက်တဲ့အတြက္ေၾကာင့္ စဥ္းစားစရာေတြလည္း ေပးလာခဲ့ပါတယ္။

လူမႈကြန္ရက္အသံုးျပဳျခင္းရဲ႕ အၾကီးမားဆံုးေသာေကာင္းက်ိဳးကေတာ့ သူတို႕ရဲ႕သူငယ္ခ်င္းေတြနဲ႕ ခ်ိတ္ဆက္ေနတယ္လို႕ ခံစားရျခင္းပါပဲ။ ဒါကေတာ့ ေျဖသူ ၈၁ရာခိုင္ႏႈန္းက ေျဖၾကားခဲ့တာပါ။ လူမႈကြန္ရက္ဟာ လူေပါင္းစံုနဲ႕ခ်ိတ္ဆက္ေပးႏုိင္စြမ္းရွိျပီးေတာ့ သူတို႕ရုန္းကန္ေနရတဲ့အခ်ိန္မွာ ေထာက္ပံ့မႈေတြလည္း ရေစပါတယ္။ ဒီအေျဖကေတာ့ ေျဖၾကားသူရဲ႕၆၉ရာခုိင္ႏႈန္းက သံုးသပ္ထားတာျဖစ္ပါတယ္။ သူတို႕အတြက္ကေတာ့ အမ်ိဳးမ်ိဳးေသာလူမႈအဖြဲ႕အစည္းေတြနဲ႕လည္း ခ်ိတ္ဆက္ေပးႏုိင္တယ္လို႕ ေတြးၾကပါတယ္။ ၆၈ရာခိုင္ႏႈန္းေသာေျဖၾကားသူေတြကေတာ့ ခက္ခဲၾကမ္းတမ္းတဲ့အခ်ိန္ေတြလို႕သတ္မွတ္ထားတဲ့အခ်ိန္ေတြမွာေတာင္ ကူညီေပးမယ့္သူေတြရွိတယ္လို႕ ဖြင့္ဟခဲ့ပါတယ္။

အြန္လိုင္းဒရာမာေတြ၊ အျခားသူေတြ အထင္အျမင္လြဲမွာ၊ အျမင္မတူမွာ၊ like နဲ႕ comment အမ်ားၾကီးရမွ ေအာင္ျမင္ျခင္းလို႕သတ္မွတ္တဲ့အခါ စတဲ့ ဆိုးက်ိဳးေတြကိုလည္း ဆယ္ေက်ာ္သက္ေတြက လ်စ္လ်ဴရွဳမထားတာကိုေတြ႕ျမင္ရမွာပါ။ စစ္တမ္းအရ ၄၅ရာခိုင္ႏႈန္းေသာေျဖၾကားသူေတြက လူမႈကြန္ရက္ေပၚက ဒရာမာေတြက သူတို႕ကိုလႊမ္းမိုးေနသလိုပဲလို႕ ေျဖၾကားခဲ့ျပီး ၄၃ရာခိုင္ႏႈန္းကေတာ့ သူတို႕ကိုအမ်ားက ေတာ္တယ္၊ တတ္တယ္လို႕ျမင္ေစမယ့္ပို႕စ္ေတြသာတင္ေအာင္ တြန္းအားေပးေနသလိုပဲလို႕ ေျဖၾကားခဲ့ပါတယ္။ ၃၇ရာခိုင္ႏႈန္းကေတာ့ like နဲ႕ comment မ်ားေစမယ့္ပို႕စ္ေတြပဲတင္ေအာင္ တြန္းအားေပးေနသလိုခံစားရတယ္လို႕ ရွင္းျပခဲ့ပါတယ္။

ေနာက္တစ္ခုကေတာ့ ဆယ္ေက်ာ္သက္ေတြဟာ လူမႈကြန္ရက္က သူတို႕ကို အျမင္က်ယ္ေစတယ္၊ ရွဳေထာင့္တစ္မ်ိဳးကေန ျမင္ေစတယ္လို႕ ယံုၾကည္ၾကပါတယ္။ ျခံဳေျပာရမယ္ဆုိရင္ လူမႈကြန္ရက္ကို ဆယ္ေက်ာ္သက္ေတြက မေကာင္းျမင္စိတ္ထက္ အေကာင္းျမင္တဲ့ရလဒ္ေတြကိုပဲျမင္ျပီးေတာ့ အသံုးျပဳေနၾကတာျဖစ္ပါတယ္။

အေရးၾကီးတဲ့အခ်က္တစ္ခုကိုေျပာရဦးမယ္။ ဒီစစ္တမ္းက အေျခအေနတစ္ခုကိုစဥ္းစားဖို႕အတြက္ အေကာင္းဆံုးေသာေျဖရွင္းခ်က္မဟုတ္ပါဘူး။ စစ္တမ္းကေမးျမန္းထားတာက ေျဖၾကားသူေတြကို ဘယ္လိုထင္လဲေမးတာပါ။ လူမႈကြန္ရက္သံုးတဲ့အခါ ဘယ္လိုမလံုျခံဳတာမ်ိဳးေတြခံစားရလဲဆိုၾကပါစို႕။ ဒါေပမယ့္လည္း ဘယ္လိုမ်ိဳးေတြျဖစ္ေနျပီလဲဆိုတဲ့အေၾကာင္းအရာမ်ိဳးကို တုိင္းတာခဲ့တာမဟုတ္ပါဘူး။ ေနာက္ျပီး ေျဖတဲ့သူေတြကေရာယံုၾကည္ရရဲ႕လားဆိုတာလည္း စဥ္းစားရမယ့္အခ်က္တစ္ခုပါပဲ။ ဒါေပမယ့္လည္း လူမႈကြန္ရက္နဲ႕ပတ္သတ္တဲ့ ေကာင္းက်ိဳး၊ ဆိုးက်ိဳးေတြကို ဟန္ခ်က္က်က် ထြက္လာတယ္ဆိုကတည္းက သူတို႕ဘ၀ကို ဘယ္လိုမ်ိဳးသက္ေရာက္ႏုိင္လဲဆိုတာ သူတို႕နားလည္ျပီးသားျဖစ္ေနတယ္လို႕ ေကာက္ခ်က္ခ်ရမွာပါ။ သူတို႕လည္း စဥ္းစားတတ္ၾကပါတယ္။

Unicode Version

လူမှုကွန်ရက်သုံးစွဲမှုက စိတ်ကျရောဂါနဲ့စိုးရိမ်ခြင်းတွေ တိုးတက်စေတယ်လို့ ပြထားပါတယ်။ ဒါပေမယ့်လည်း ဆယ်ကျော်သက်တွေကို လေ့လာကြည့်လိုက်တော့ သူတို့မှာလည်း အားသာချက်တွေရှိတယ်ဆိုတာ ပြသနေပြန်ပါတယ်။ The Pew Research Center ကနေပြီးတော့ ယူအက်စ်ဆယ်ကျော်သက်တွေကို လူမှုကွန်ရက်ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို စစ်တမ်းကောက်လိုက်တဲ့အခါမှာ သူတို့တွေအားလုံးက ကောင်းကျိုးသာမက ဆိုးကျိုးကိုလည်း သိနေတာကို တွေ့လိုက်ရပါတယ်။
အသက်အရွယ်အားဖြင့် ၁၃နှစ်နဲ့ ၁၇နှစ်ကြား လူငယ်ပေါင်း ၇၄၃ယောက်ကို မေးမြန်းခဲ့တာဖြစ်ပါတယ်။ ဒါဟာ စစ်တမ်းတစ်ခုအတွက် ဆုံးဖြတ်ချက်ချနိုင်တဲ့ပမာဏတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း အချက်အလက်တွေက အတော်လေးကိုအတွင်းကျတဲ့အတွက်ကြောင့် စဉ်းစားစရာတွေလည်း ပေးလာခဲ့ပါတယ်။
လူမှုကွန်ရက်အသုံးပြုခြင်းရဲ့ အကြီးမားဆုံးသောကောင်းကျိုးကတော့ သူတို့ရဲ့သူငယ်ချင်းတွေနဲ့ ချိတ်ဆက်နေတယ်လို့ ခံစားရခြင်းပါပဲ။ ဒါကတော့ ဖြေသူ ၈၁ရာခိုင်နှုန်းက ဖြေကြားခဲ့တာပါ။ လူမှုကွန်ရက်ဟာ လူပေါင်းစုံနဲ့ချိတ်ဆက်ပေးနိုင်စွမ်းရှိပြီးတော့ သူတို့ရုန်းကန်နေရတဲ့အချိန်မှာ ထောက်ပံ့မှုတွေလည်း ရစေပါတယ်။ ဒီအဖြေကတော့ ဖြေကြားသူရဲ့၆၉ရာခိုင်နှုန်းက သုံးသပ်ထားတာဖြစ်ပါတယ်။ သူတို့အတွက်ကတော့ အမျိုးမျိုးသောလူမှုအဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်ပေးနိုင်တယ်လို့ တွေးကြပါတယ်။ ၆၈ရာခိုင်နှုန်းသောဖြေကြားသူတွေကတော့ ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေလို့သတ်မှတ်ထားတဲ့အချိန်တွေမှာတောင် ကူညီပေးမယ့်သူတွေရှိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
အွန်လိုင်းဒရာမာတွေ၊ အခြားသူတွေ အထင်အမြင်လွဲမှာ၊ အမြင်မတူမှာ၊ like နဲ့ comment အများကြီးရမှ အောင်မြင်ခြင်းလို့သတ်မှတ်တဲ့အခါ စတဲ့ ဆိုးကျိုးတွေကိုလည်း ဆယ်ကျော်သက်တွေက လျစ်လျူရှုမထားတာကိုတွေ့မြင်ရမှာပါ။ စစ်တမ်းအရ ၄၅ရာခိုင်နှုန်းသောဖြေကြားသူတွေက လူမှုကွန်ရက်ပေါ်က ဒရာမာတွေက သူတို့ကိုလွှမ်းမိုးနေသလိုပဲလို့ ဖြေကြားခဲ့ပြီး ၄၃ရာခိုင်နှုန်းကတော့ သူတို့ကိုအများက တော်တယ်၊ တတ်တယ်လို့မြင်စေမယ့်ပို့စ်တွေသာတင်အောင် တွန်းအားပေးနေသလိုပဲလို့ ဖြေကြားခဲ့ပါတယ်။ ၃၇ရာခိုင်နှုန်းကတော့ like နဲ့ comment များစေမယ့်ပို့စ်တွေပဲတင်အောင် တွန်းအားပေးနေသလိုခံစားရတယ်လို့ ရှင်းပြခဲ့ပါတယ်။
နောက်တစ်ခုကတော့ ဆယ်ကျော်သက်တွေဟာ လူမှုကွန်ရက်က သူတို့ကို အမြင်ကျယ်စေတယ်၊ ရှုထောင့်တစ်မျိုးကနေ မြင်စေတယ်လို့ ယုံကြည်ကြပါတယ်။ ခြုံပြောရမယ်ဆိုရင် လူမှုကွန်ရက်ကို ဆယ်ကျော်သက်တွေက မကောင်းမြင်စိတ်ထက် အကောင်းမြင်တဲ့ရလဒ်တွေကိုပဲမြင်ပြီးတော့ အသုံးပြုနေကြတာဖြစ်ပါတယ်။
အရေးကြီးတဲ့အချက်တစ်ခုကိုပြောရဦးမယ်။ ဒီစစ်တမ်းက အခြေအနေတစ်ခုကိုစဉ်းစားဖို့အတွက် အကောင်းဆုံးသောဖြေရှင်းချက်မဟုတ်ပါဘူး။ စစ်တမ်းကမေးမြန်းထားတာက ဖြေကြားသူတွေကို ဘယ်လိုထင်လဲမေးတာပါ။ လူမှုကွန်ရက်သုံးတဲ့အခါ ဘယ်လိုမလုံခြုံတာမျိုးတွေခံစားရလဲဆိုကြပါစို့။ ဒါပေမယ့်လည်း ဘယ်လိုမျိုးတွေဖြစ်နေပြီလဲဆိုတဲ့အကြောင်းအရာမျိုးကို တိုင်းတာခဲ့တာမဟုတ်ပါဘူး။ နောက်ပြီး ဖြေတဲ့သူတွေကရောယုံကြည်ရရဲ့လားဆိုတာလည်း စဉ်းစားရမယ့်အချက်တစ်ခုပါပဲ။ ဒါပေမယ့်လည်း လူမှုကွန်ရက်နဲ့ပတ်သတ်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဟန်ချက်ကျကျ ထွက်လာတယ်ဆိုကတည်းက သူတို့ဘဝကို ဘယ်လိုမျိုးသက်ရောက်နိုင်လဲဆိုတာ သူတို့နားလည်ပြီးသားဖြစ်နေတယ်လို့ ကောက်ချက်ချရမှာပါ။ သူတို့လည်း စဉ်းစားတတ်ကြပါတယ်။

Leave a Reply