တရားရုံးမှာထိပ်တိုက်တွေ့ကြမယ့် Apple နဲ့ Qualcomm
0
602
Zawgyi Version
Unicode Version
Apple နဲ့ Qualcomm တို့ကိစ္စကတော့ အေးသွားလောက်ပြီလို့ထင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ Qualcomm ရဲ့စီအီးအိုဖြစ်သူ စတိဗ်ရဲ့ Apple နဲ့ပတ်သတ်နေတဲ့ resolution တစ်ခုအကြောင်းကြားထားလို့ပါ။ Apple ရဲ့ရှေ့နေကတော့ ဒီအခြေအနေကို ရှင်းလင်းအောင် ပြုလုပ်ပေးလိုက်ပါတယ်။ သူတို့အနေနဲ့ တရားရင်ဆိုင်ဖို့ လိုအပ်နေပြီလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဟုတ်ပါတယ်။ တရားရင်ဆိုင်ရမယ့်နေ့ရက်ကလည်း သတ်မှတ်ပြီးပြီဖြစ်ပါတယ်။
Apple ရဲ့ရှေ့နေ ဝီလျံကတော့ တရားရုံးက့ Apple ဟာ Qualcomm နဲ့ပတ်သတ်ပြီးညစ်ထားတာတွေရှိတယ်ဆိုတဲ့အဆိုတင်သွင်းလွှာကို စစ်ဆေးပေးဖို့စစ်ဆေးပေးဖို့ လျှောက်ထားခဲ့ပါတယ်။
“သူတို့နှစ်ယောက်စလုံးက တရားရင်ဆိုင်ဖို့ လိုအပ်နေပါတယ်။ သူတို့တွေက အေးဆေးဖြစ်နေပြီဆိုတဲ့ ဆောင်းပါးတွေတောင်ထွက်နေပါတယ်။ ဒါတွေက အမှန်မဟုတ်ပါဘူး။ သူတို့စကားမပြောတာလနဲ့ချီနေပါပြီ။”
သူတို့တရားရင်ဆိုင်ရမယ့်နေ့ရက်ကို သတ်မှတ်လိုက်တာကတော့ ဧပြီလ၁၅ရက်နေ့ဖြစ်ပါတယ်။ Qualcomm က ဖေဖော်ဝါရီလကို တောင်းဆိုထားပေမယ့်လည်း တရားရုံးအတွက်အဆင်မပြေခဲ့ပါဘူး။
အခုဆိုရင် တရားရင်ဆိုင်ရမယ့်ရက်ကို သတ်မှတ်ထားပြီဆိုတော့ ဘာတွေဖြစ်လာမလဲဆိုတာ ခန့်မှန်းလို့ရနေပါတယ်။ ကျွန်တော်တို့ကြားထားတယ်လေ။ Qualcomm က iPhone တစ်လုံးဆီကရတဲ့အမြတ်တွေကို တရားမဝင်ယူနေတယ်ဆိုပြီး ပြောထားပါတယ်။ Apple ကလည်း လျှိုု့ဝှက်ချက်တွေကို Intel ဆီပြောထားတယ်။ ဒီလိုသတင်းတွေထွက်နေခဲ့တာပါ။ အတော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့ တရားရင်ဆိုင်မှုတစ်ခုဖြစ်မှာ ကျိန်းသေပါတယ်။ ထိပ်တိုက်မတွေ့အောင် ရှောင်နိုင်မယ့်အခွင့်အရေးကလည်း သူတို့နှစ်ယောက်ရဲ့လက်ထဲမှာ ရှိနေပါတယ်။
Leave a Reply