
0
559





unicode

အထူးထုတ် OnePlus 6T မှာ 10GB RAM ပါမည်

ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ အထူးထုတ် OnePlus 6T ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းကို McLaren နဲ့ ပူးပေါင်းဖန်တီးထားပြီး Limited Edition ဖြစ်ပါတယ်။ သူ့ရဲ့ အနောက်ဘက်မှာ McLaren Logo ကို ထွင်းထားပါတယ်။ 10GB RAM နဲ့ 256GB Storage ပါမယ်လို့ သတင်းထွက်လာပါတယ်။

သူ့ရဲ့ အခြား Specs များက သာမာန် မော်ဒယ်များနဲ့ တူညီပါတယ်။ သူ့မှာ ၆.၄၁ လက်မ OLED Screen (2340x1080p) Display ထည့်သွင်းထားပြီး 402ppi ဖြစ်ပါတယ်။ မျက်နှာပြင် အချိုးမှာ 19.5:9 ဖြစ်ပါတယ် သူဟာ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာပါတဲ့ OnePlus ရဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ ကုမ္ပဏီက ဒီနည်းပညာကို Screen Unlock လို့ ခေါ်ပါတယ်။ OnePlus က လက်ရှိ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာများထဲမှာ အလျှင်မြန်ဆုံးလို့ ပြောပါတယ်။ ÖnePlus 6 ထက် ပိုကြီးတဲ့ 3700mAh Battery ထည့်ထားပါတယ်။

အနောက်ဘက်မှာ 16MP f/1.7 OIS Camera နဲ့ 20MP f/1.7 Camera များ ထည့်သွင်းထားပြီး 2x Telephoto Shot ကို ထောက်ပံ့ပါတယ်။ အရှေ့ဘက်မှာ 16MP f/2.0 Camera ပါပါတယ်။ Low Light မှာ ကောင်းမွန်တဲ့ ဓါတ်ပုံများ ဖမ်းယူပေးတဲ့ Nightscape လုပ်ဆောင်ချက် ပါပါတယ်။ Studio Lighting Feature က အလွန် ကောင်းတဲ့ Portrait များကို ဖန်တီးပေးပါတယ်။

Chipset က Snapdragon 845 ဖြစ်ပါတယ်။ Android 9 Pie အခြေပြု OxygenOS ထည့်သွင်းထားပြီး Gaming Mode နဲ့ Smart Boost အသစ်များ ပါလာပါတယ်။ OnePlus က 6T ရဲ့ Software ဟာ အလွန် ချောမွတ် မြန်ဆန်တယ်လို့ ပြောပါတယ်။

Leave a Reply