iPhone XR ဟာ XS , XS Max တို႔ထက္ ေရာင္းအား ေကာင္းတယ္လို႔ ေျပာလိုက္တဲ့ Apple

0
640

iPhone XR ဟာ ၂၀၁၈ ခုနွစ္ထုတ္ အိုင္ဖုန္း အားလံုးထဲမွာ ေနာက္ဆံုးမွ ေရာင္းခ်ခဲ့တဲ့ ဖုန္း ျဖစ္ေပမယ့္ သူဟာ အိုင္ဖုန္း အားလံုးထဲမွာ ေရာင္းအား အေကာင္းဆံုး ျဖစ္ေနတယ္လို႔ Apple မွ အရာရွိတစ္ဦးက ေျပာပါတယ္။ CNET နဲ႔ အင္တာဗ်ဴးမွာ Apple ရဲ႕ ဒုတိယ ဥကၠဌ ျဖစ္သူ Greg Joswiak က iPhone XR ဟာ ဖုန္း အသစ္သံုးလံုးထဲမွာ လူႀကိဳက္အမ်ားဆံုး ျဖစ္ေနတယ္လို႔ ေျပာပါတယ္။

ေရာင္းအား အတိအက်ကိုေတာ့ သူက မေျပာသြားပါဘူး။ ဒါေပမယ့္ မၾကာေသးခင္ ထြက္ခဲ့တဲ့ iPhone XR ေရာင္းအား မေကာင္းဘူးဆိုတဲ့ သတင္းမ်ားကို သူက တုန္႔ျပန္သြားတာ ျဖစ္ႏုိင္ပါတယ္။ မၾကာေသးခင္က iPhone XR ဟာ ကုမၸဏီ ေမွ်ာ္မွန္းထားသေလာက္ ေရာင္းအား မေကာင္းတဲ့ အတြက္ ထုတ္လုပ္မႈကို ေလွ်ာ့ခ်ေနတယ္ဆိုတဲ့ သတင္းမ်ား ထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။

အိုင္ဖုန္း သံုးလံုးထဲမွာ XR ေအာင္ျမင္ရျခင္းဟာ ၇၄၉ ေဒၚလာသာ ရွိတဲ့ အတြက္ ျဖစ္ႏုိင္ပါတယ္။ တန္ဖိုးႀကီး XS နဲ႔ XS Max တို႔ရဲ႕ အေျခခံ ေမာ္ဒယ္မ်ားဟာ ၉၉၉ နဲ႔ ၁၀၉၉ ေဒၚလာ အသီးသီး ရွိပါတယ္။ အဲဒီ နွစ္လံုးဟာ Apple ရဲ႕ သမိုင္းမွာ လက္ရွိ အခ်ိန္အထိ တန္ဖိုးအႀကီးဆံုး အိုင္ဖုန္းမ်ား ျဖစ္ၾကပါတယ္။

Apple က မၾကာေသးခင္ကပဲ အိုင္ဖုန္း ေရာင္းခ်ရတဲ့ ပမာဏမ်ားကို ေျပာၾကားမွာ မဟုတ္ေတာ့ဘူးလို႔ ေၾကညာထားပါတယ္။ Joswiak ရဲ႕ ယခုစကားဟာ အိုင္ဖုန္း ေရာင္းအားနဲ႔ ပတ္သက္တဲ့ ကုမၸဏီရဲ႕ တစ္ခုထဲေသာ စကား ျဖစ္ပါတယ္။

unicode

iPhone XR ဟာ XS , XS Max တို့ထက် ရောင်းအား ကောင်းတယ်လို့ ပြောလိုက်တဲ့ Apple

iPhone XR ဟာ ၂၀၁၈ ခုနှစ်ထုတ် အိုင်ဖုန်း အားလုံးထဲမှာ နောက်ဆုံးမှ ရောင်းချခဲ့တဲ့ ဖုန်း ဖြစ်ပေမယ့် သူဟာ အိုင်ဖုန်း အားလုံးထဲမှာ ရောင်းအား အကောင်းဆုံး ဖြစ်နေတယ်လို့ Apple မှ အရာရှိတစ်ဦးက ပြောပါတယ်။ CNET နဲ့ အင်တာဗျူးမှာ Apple ရဲ့ ဒုတိယ ဥက္ကဌ ဖြစ်သူ Greg Joswiak က iPhone XR ဟာ ဖုန်း အသစ်သုံးလုံးထဲမှာ လူကြိုက်အများဆုံး ဖြစ်နေတယ်လို့ ပြောပါတယ်။

ရောင်းအား အတိအကျကိုတော့ သူက မပြောသွားပါဘူး။ ဒါပေမယ့် မကြာသေးခင် ထွက်ခဲ့တဲ့ iPhone XR ရောင်းအား မကောင်းဘူးဆိုတဲ့ သတင်းများကို သူက တုန့်ပြန်သွားတာ ဖြစ်နိုင်ပါတယ်။ မကြာသေးခင်က iPhone XR ဟာ ကုမ္ပဏီ မျှော်မှန်းထားသလောက် ရောင်းအား မကောင်းတဲ့ အတွက် ထုတ်လုပ်မှုကို လျှော့ချနေတယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အိုင်ဖုန်း သုံးလုံးထဲမှာ XR အောင်မြင်ရခြင်းဟာ ၇၄၉ ဒေါ်လာသာ ရှိတဲ့ အတွက် ဖြစ်နိုင်ပါတယ်။ တန်ဖိုးကြီး XS နဲ့ XS Max တို့ရဲ့ အခြေခံ မော်ဒယ်များဟာ ၉၉၉ နဲ့ ၁၀၉၉ ဒေါ်လာ အသီးသီး ရှိပါတယ်။ အဲဒီ နှစ်လုံးဟာ Apple ရဲ့ သမိုင်းမှာ လက်ရှိ အချိန်အထိ တန်ဖိုးအကြီးဆုံး အိုင်ဖုန်းများ ဖြစ်ကြပါတယ်။

Apple က မကြာသေးခင်ကပဲ အိုင်ဖုန်း ရောင်းချရတဲ့ ပမာဏများကို ပြောကြားမှာ မဟုတ်တော့ဘူးလို့ ကြေညာထားပါတယ်။ Joswiak ရဲ့ ယခုစကားဟာ အိုင်ဖုန်း ရောင်းအားနဲ့ ပတ်သက်တဲ့ ကုမ္ပဏီရဲ့ တစ်ခုထဲသော စကား ဖြစ်ပါတယ်။

Leave a Reply