
0
486






unicode

Caviar ရဲ့ သိန်း ၆၅၀ ဝန်းကျင်တန်တဲ့ Apple Watch Series 4

ရုရှား ကုမ္ပဏီ Caviar က တန်ဖိုးကြီး ထုတ်ကုန်များကို စိန်၊ ရွှေများဖြင့် အလှဆင်ပြီး ပိုပြီး တန်ဖိုးကြီးအောင် ဖန်တီးလေ့ ရှိပါတယ်။ အခုလည်း မြန်မာငွေ သိန်း ၆၅၀ ဝန်းကျင် တန်ကြေးရှိတဲ့ Apple Watch Series 4 ကို ရောင်းချပေးလိုက်ပါတယ်။


Caviar က Apple Watch Series 4 ကို မော်ဒယ် သုံးခု ထုတ်လုပ်ပေးထားပါတယ်။ အနီ၊ အနက်နဲ့ အဖြူရောင် မော်ဒယ်များ ဖြစ်ပါတယ်။ အဖြူရောင် စိန်များဖြင့် အဖြူရောင် မော်ဒယ်ကို ဖန်တီးထားပြီး သူဟာ မော်ဒယ် သုံးခုထဲမှာ တန်ဖိုးအကြီးဆုံး ဖြစ်ပါတယ်။ သူ့ကို ဒေါ်လာ ၄၃ ၈၅၀ သတ်မှတ်ထားပြီး လက်ရှိ ငွေလဲလှယ်နှုန်းအရ မြန်မာငွေ သိန်း ၆၅၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။


အနီရောင်မော်ဒယ်ကို ပတ္တမြားများဖြင့် ဖန်တီးထားပြီး ဒေါ်လာ ၄၃ ၈၅၀ သတ်မှတ်ထားပါတယ်။ အနက်ရောင်မှာ စိန်အနက်များဖြင့် ဖန်တီးထားပြီး ဒေါ်လာ ၃၇ ၆၅၀ သတ်မှတ်ထားပါတယ်။ Caviar ရဲ့ ဝက်ဘ်ဆိုက်မှာ သူတို့ကို ရောင်းချပေးနေပါပြီ။

Leave a Reply