Apple Watch Series 4 အတြက္ ECG ရေတာ့မယ္

0
893

Apple Watch Series 4 ရဲ႕ စိတ္လႈပ္ရွားစရာ အေကာင္းဆံုး လုပ္ေဆာင္ခ်က္က ECG ျဖစ္ပါတယ္။ ECG က ႏွလံုးခုန္ႏႈန္း မမွန္ျခင္းကို တိက်စြာ တုိင္းတာေပးႏုိင္ပါတယ္။ ဒါေပမယ့္ စမတ္နာရီမွာ သူ႔ကို အခုထက္ထိ မထည့္သြင္းေပးေသးပါဘူး။ အခုေတာ့ အတြင္း သတင္းမ်ားအရ watchOS 5.1.2 မွာ ဒီလုပ္ေဆာင္ခ်က္ကို ထည့္သြင္းေပးေတာ့မွာ ျဖစ္ပါတယ္။ အဲဒီ Update ကို လက္ရွိမွာ စမ္းသပ္ေနၿပီး အမ်ားျပည္သူ အသံုးျပဳလို႔ မရေသးပါဘူး။

Apple ကေတာ့ ဒီလုပ္ေဆာင္ခ်က္ကို ဒီႏွစ္ကုန္မွာ ထည့္သြင္းေပးမယ္လုိ႔ေျပာထားပါတယ္။ စမတ္နာရီမွာ ဒီလုပ္ေဆာင္ခ်က္ကို သံုးဖု႔ိဆိုရင္ အနည္းဆံုး iOS 12.1.1 ထည့္ထားတဲ့ iPhone 5s နဲ႔ သူ႕အထက္ အိုင္ဖုန္း လိုအပ္တယ္လို႔ ေပါက္ၾကားထြက္လာတဲ့စာရြက္စာတမ္းမ်ား အရ သိရပါတယ္။ ဒါ့အျပင္ အေမရိကန္မွာသာ ျဖန္႔ခ်ီေပးမွာ ျဖစ္ၿပီး အျခား ႏုိင္ငံမ်ားမွာ ျဖန္႔ခ်ီဖို႔အတြက္ သက္ဆိုင္ရာ ႏုိင္ငံမ်ားရဲ႕ ခြင့္ျပဳခ်က္ကိုရယူရမွာ ျဖစ္ပါတယ္။

Apple ဟာ ECG စနစ္ကုိ ကေနဒါႏုိင္ငံမွာလည္း သံုးႏုိင္ေအာင္ Health Canada နဲ႔ေဆြးေႏြးေနတယ္ဆိုတဲ့ သတင္းထြက္ခဲ့ဖူးပါတယ္။ Watch Series 4 ကုိ 40mm ၊ 44mm ၂မ်ိဳးသာ ေရြးခ်ယ္ႏုိင္ပါမယ္။ WatchOS သစ္က မ်က္ႏွာျပင္အရြယ္အစားႀကီးမႈမွာ ပုိအလုပ္ျဖစ္လာပါတယ္။

Apple Watch သစ္ကုိ Apple S4 Chipset သစ္ႏွင့္ ပါ၀ါေထာက္ပံ့ထားၿပီး ယမန္ႏွစ္ Chipset ထက္ စြမ္းေဆာင္ရည္ ႏွစ္ဆ ျမင့္မားပါတယ္။ Digital Crown မွာ လက္ညိဳးကုိ စကၠန္႔သံုးဆယ္ဖိကာ ေက်ာဘက္မွာရွိတဲ့ Sensorနဲ႔ ေပါင္းစပ္ၿပီး မွန္ကန္တဲ့ ႏွလံုးခုန္ႏႈန္းကုိ တုိင္းတာေပးပါမယ္။ ဘက္ထရီပိုင္း ကုိလည္း ပိုေကာင္းေအာင္ လုပ္ေဆာင္လာၿပီး စနစ္အားလံုး အသံုးျပဳမယ္ဆိုရင္ 18 နာရီ အသံုးျပဳႏုိင္ပါမယ္။ စမတ္နာရီရဲ႕ GPS ဗားရွင္းေစ်းႏႈန္းက ေဒၚလာ 399 ျဖစ္ၿပီး LTE ဗားရွင္းေစ်းႏႈန္းက ေဒၚလာ 499 ျဖစ္ပါတယ္။

unicode

Apple Watch Series 4 အတွက် ECG ရတော့မယ်

Apple Watch Series 4 ရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး လုပ်ဆောင်ချက်က ECG ဖြစ်ပါတယ်။ ECG က နှလုံးခုန်နှုန်း မမှန်ခြင်းကို တိကျစွာ တိုင်းတာပေးနိုင်ပါတယ်။ ဒါပေမယ့် စမတ်နာရီမှာ သူ့ကို အခုထက်ထိ မထည့်သွင်းပေးသေးပါဘူး။ အခုတော့ အတွင်း သတင်းများအရ watchOS 5.1.2 မှာ ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းပေးတော့မှာ ဖြစ်ပါတယ်။ အဲဒီ Update ကို လက်ရှိမှာ စမ်းသပ်နေပြီး အများပြည်သူ အသုံးပြုလို့ မရသေးပါဘူး။

Apple ကတော့ ဒီလုပ်ဆောင်ချက်ကို ဒီနှစ်ကုန်မှာ ထည့်သွင်းပေးမယ်လို့ပြောထားပါတယ်။ စမတ်နာရီမှာ ဒီလုပ်ဆောင်ချက်ကို သုံးဖု့ိဆိုရင် အနည်းဆုံး iOS 12.1.1 ထည့်ထားတဲ့ iPhone 5s နဲ့ သူ့အထက် အိုင်ဖုန်း လိုအပ်တယ်လို့ ပေါက်ကြားထွက်လာတဲ့စာရွက်စာတမ်းများ အရ သိရပါတယ်။ ဒါ့အပြင် အမေရိကန်မှာသာ ဖြန့်ချီပေးမှာ ဖြစ်ပြီး အခြား နိုင်ငံများမှာ ဖြန့်ချီဖို့အတွက် သက်ဆိုင်ရာ နိုင်ငံများရဲ့ ခွင့်ပြုချက်ကိုရယူရမှာ ဖြစ်ပါတယ်။

Apple ဟာ ECG စနစ်ကို ကနေဒါနိုင်ငံမှာလည်း သုံးနိုင်အောင် Health Canada နဲ့ဆွေးနွေးနေတယ်ဆိုတဲ့ သတင်းထွက်ခဲ့ဖူးပါတယ်။ Watch Series 4 ကို 40mm ၊ 44mm ၂မျိုးသာ ရွေးချယ်နိုင်ပါမယ်။ WatchOS သစ်က မျက်နှာပြင်အရွယ်အစားကြီးမှုမှာ ပိုအလုပ်ဖြစ်လာပါတယ်။

Apple Watch သစ်ကို Apple S4 Chipset သစ်နှင့် ပါဝါထောက်ပံ့ထားပြီး ယမန်နှစ် Chipset ထက် စွမ်းဆောင်ရည် နှစ်ဆ မြင့်မားပါတယ်။ Digital Crown မှာ လက်ညိုးကို စက္ကန့်သုံးဆယ်ဖိကာ ကျောဘက်မှာရှိတဲ့ Sensorနဲ့ ပေါင်းစပ်ပြီး မှန်ကန်တဲ့ နှလုံးခုန်နှုန်းကို တိုင်းတာပေးပါမယ်။ ဘက်ထရီပိုင်း ကိုလည်း ပိုကောင်းအောင် လုပ်ဆောင်လာပြီး စနစ်အားလုံး အသုံးပြုမယ်ဆိုရင် 18 နာရီ အသုံးပြုနိုင်ပါမယ်။ စမတ်နာရီရဲ့ GPS ဗားရှင်းဈေးနှုန်းက ဒေါ်လာ 399 ဖြစ်ပြီး LTE ဗားရှင်းဈေးနှုန်းက ဒေါ်လာ 499 ဖြစ်ပါတယ်။

Leave a Reply