ေဖေဖာ္၀ါရီလမွာ Foldable Phone ကို ေၾကညာမယ္လို႔ Oppo ေျပာ

0
536

ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားဟာ လာမယ့္ႏွစ္မွာ ထြက္ေပၚလာေတာ့မွာပါ။ တရုတ္ ဖုန္း ကုမၸဏီ Oppo ကလည္း ဒီၿပိဳင္ပြဲမွာ ပါ၀င္လာပါၿပီ။ ကုမၸဏီရဲ႕ ထုတ္ကုန္ မန္ေနဂ်ာ က Oppo ဟာ ေဖေဖာ္၀ါရီလမွာ က်င္းပမယ့္ Mobile World Congress (MWC) မွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ေၾကညာမယ္လို႔ နယ္သာလန္ နည္းပညာ ၀က္ဘ္ဆိုက္ Tweakers ကို အတည္ျပဳလိုက္ပါတယ္။

အဲဒီ ဖုန္းရဲ႕ Specs နဲ႔ ေရာင္းခ်မယ့္ အခ်ိန္ကိုေတာ့ သူက မေျပာပါဘူး။ လက္ရွိမွာ သူဟာ နမူနာေမာ္ဒယ္ အဆင့္သာ ရွိေသးၿပီး ေရာင္းတန္း၀င္ အဆင့္ မရွိေသးဘူးလို႔ ထင္ရပါတယ္။ ကုမၸဏီဟာ လြန္ခဲ့တဲ့ ႏွစ္မ်ား ကတည္းက ေခါက္ခ်ိဳး ဖုန္းရဲ႕ Patent မ်ားစြာကို မွတ္ပံုတင္ထားပါတယ္။

ဆမ္ေဆာင္းက မၾကာခင္က က်င္းပတဲ့ သူ႔ရဲ႕ Developer Conference (SCD) မွာ ေကြးညႊတ္ ႏုိင္တဲ့ Infinity Flex Display ကို မိတ္ဆက္ခဲ့ပါတယ္။ သူ႔ကို ေကြးညႊတ္ ဖုန္းမ်ားမွာ သာမက သာမာန္ ဖုန္းမ်ားမွာလည္း ထည့္သြင္းမွာပါ။ ဆမ္ေဆာင္းက ပြဲမွာ စြမ္းရည္ျပည့္ ေကြးညႊတ္ ဖုန္းကို ျပသခဲ့ျခင္း မရွိေပမယ့္ နမူနာေမာ္ဒယ္ကို ျပသခဲ့ပါတယ္။

သူ႔ကို ျဖန္႔ၿပီး တက္ဘလက္လို သံုးရင္ ၇.၃ လက္မ မ်က္ႏွာျပင္ကို သံုးႏုိင္မွာပါ။ ေခါက္ခ်ိဳးထားရင္ ၄.၅၈ လက္မ မ်က္ႏွာျပင္ကို အသံုးျပဳႏိုင္မွာပါ။ မ်က္နွာျပင္ အခ်ိဳးက အလြန္ ရွည္လ်ားပါတယ္။ အဲဒီအတြက္ လက္တစ္ဖက္ထဲနဲ႔ စကရင္ေအာက္ဘက္ျခမ္းမွာ App မ်ားကို အသံုးျပဳႏုိင္မယ့္ One UI ကုိ ဖန္တီးထားပါတယ္။ ဆမ္ေဆာင္းက One UI ကို Google နဲ႔ Android Developer မ်ားနဲ႔ နီးကပ္စြာ ပူးေပါင္း ဖန္တီးထားတာပါ။

တက္ဘလက္လို သံုးသံုး၊ ဖုန္းလို သံုးသံုး One UI က Content မ်ားကို အဆင္ေျပစြာ ျပသေပးမွာပါ။ One UI မွာ App ၃ ခုကို တစ္ၿပိဳင္နက္ သံုးႏုိင္တဲံ လုပ္ေဆာင္ခ်က္လည္း ပါပါတယ္။ ေကြးညႊတ္ ဖုန္း မ်က္ႏွာျပင္ရဲ႕ Pixel သိပ္သည္းဆက ၄၂၀ ျဖစ္တဲ့ ထိပ္တန္းဖုန္းမ်ားေလာက္ေတာ့ မျမင့္မားပါဘူး။ လာမယ့္ႏွစ္ အေစာပိုင္းမွာ ေရာင္းခ်မယ္လို႔ သတင္းထြက္ခဲ့ပါတယ္။

unicode

ဖေဖော်ဝါရီလမှာ Foldable Phone ကို ကြေညာမယ်လို့ Oppo ပြော

ခေါက်ချိုး စမတ်ဖုန်းများဟာ လာမယ့်နှစ်မှာ ထွက်ပေါ်လာတော့မှာပါ။ တရုတ် ဖုန်း ကုမ္ပဏီ Oppo ကလည်း ဒီပြိုင်ပွဲမှာ ပါဝင်လာပါပြီ။ ကုမ္ပဏီရဲ့ ထုတ်ကုန် မန်နေဂျာ က Oppo ဟာ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress (MWC) မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာမယ်လို့ နယ်သာလန် နည်းပညာ ဝက်ဘ်ဆိုက် Tweakers ကို အတည်ပြုလိုက်ပါတယ်။

အဲဒီ ဖုန်းရဲ့ Specs နဲ့ ရောင်းချမယ့် အချိန်ကိုတော့ သူက မပြောပါဘူး။ လက်ရှိမှာ သူဟာ နမူနာမော်ဒယ် အဆင့်သာ ရှိသေးပြီး ရောင်းတန်းဝင် အဆင့် မရှိသေးဘူးလို့ ထင်ရပါတယ်။ ကုမ္ပဏီဟာ လွန်ခဲ့တဲ့ နှစ်များ ကတည်းက ခေါက်ချိုး ဖုန်းရဲ့ Patent များစွာကို မှတ်ပုံတင်ထားပါတယ်။

ဆမ်ဆောင်းက မကြာခင်က ကျင်းပတဲ့ သူ့ရဲ့ Developer Conference (SCD) မှာ ကွေးညွှတ် နိုင်တဲ့ Infinity Flex Display ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို ကွေးညွှတ် ဖုန်းများမှာ သာမက သာမာန် ဖုန်းများမှာလည်း ထည့်သွင်းမှာပါ။ ဆမ်ဆောင်းက ပွဲမှာ စွမ်းရည်ပြည့် ကွေးညွှတ် ဖုန်းကို ပြသခဲ့ခြင်း မရှိပေမယ့် နမူနာမော်ဒယ်ကို ပြသခဲ့ပါတယ်။

သူ့ကို ဖြန့်ပြီး တက်ဘလက်လို သုံးရင် ၇.၃ လက်မ မျက်နှာပြင်ကို သုံးနိုင်မှာပါ။ ခေါက်ချိုးထားရင် ၄.၅၈ လက်မ မျက်နှာပြင်ကို အသုံးပြုနိုင်မှာပါ။ မျက်နှာပြင် အချိုးက အလွန် ရှည်လျားပါတယ်။ အဲဒီအတွက် လက်တစ်ဖက်ထဲနဲ့ စကရင်အောက်ဘက်ခြမ်းမှာ App များကို အသုံးပြုနိုင်မယ့် One UI ကို ဖန်တီးထားပါတယ်။ ဆမ်ဆောင်းက One UI ကို Google နဲ့ Android Developer များနဲ့ နီးကပ်စွာ ပူးပေါင်း ဖန်တီးထားတာပါ။

တက်ဘလက်လို သုံးသုံး၊ ဖုန်းလို သုံးသုံး One UI က Content များကို အဆင်ပြေစွာ ပြသပေးမှာပါ။ One UI မှာ App ၃ ခုကို တစ်ပြိုင်နက် သုံးနိုင်တဲံ လုပ်ဆောင်ချက်လည်း ပါပါတယ်။ ကွေးညွှတ် ဖုန်း မျက်နှာပြင်ရဲ့ Pixel သိပ်သည်းဆက ၄၂၀ ဖြစ်တဲ့ ထိပ်တန်းဖုန်းများလောက်တော့ မမြင့်မားပါဘူး။ လာမယ့်နှစ် အစောပိုင်းမှာ ရောင်းချမယ်လို့ သတင်းထွက်ခဲ့ပါတယ်။

Leave a Reply