Realme က အေနာက္ကင္မရာ ၂ လံုးနဲ႔ 24MP Selfie Camera ပါတဲ့ တန္ဖိုးနည္း U1 ကို ေၾကညာ

0
514

Realme က ဒီႏွစ္ထဲမွာ ေရာင္းခ်ခဲ့တဲ့ သူ႔ရဲ႕ ပထမဆံုး ဖုန္း ၄ လံုးဟာ ေအာင္ျမင္ခဲ့တဲ့ အတြက္ ယံုၾကည္မႈ ပိုရွိလာပါၿပီ။ အခုလည္း ပထမဆံုး U1 Series ကို ေၾကညာလိုက္ပါတယ္။ 24MP Selfie Camera ထည့္သြင္းထားၿပီး ဆဲလ္ဖီး အသားေပး ဖုန္း ျဖစ္ပါတယ္။ Helio P70 Chipset ပါတဲ့ ပထမဆံုး ဖုန္းပါ။ 3/32GB Version ကို ရူပီး ၁၁ ၉၉၉ ( ၁၇၀ ေဒၚလာ) နဲ႔ 4/64GB Version ကို ရူပီး ၁၄ ၉၉၉ ( ၂၁၅ ေဒၚလာ) ျဖင့္ ဒီဇင္ဘာလ ၅ ရက္ေန႔မွာ ေရာင္းမွာပါ။ Realme ရဲ႕ ထံုးစံအတိုင္း ေစ်းခ်ိဳပါတယ္။

ဒီဇိုင္း အပိုင္းမွာ သူဟာ Reame 2 Pro ရဲ႕ တူပါတယ္။ Waterdrop Notch နဲ႔ အေနာက္ဘက္ကို ေတာက္ေျပာင္တဲ့ ဒီဇိုင္း ဖန္တီးထားပါတယ္။ Black, Brave Blue နဲ႔ Fiery Gold အေရာင္မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ ေရႊေရာင္ကို ၂၀၁၉ အေစာပိုင္းက်မွသာ ေရာင္းခ်မွာပါ။ လက္ေဗြရာ ကိရိယာကို အေနာက္ဘက္မွာ ျမွပ္ႏွံထားပါတယ္။

မ်က္ႏွာျပင္ဟာ အရြယ္ႀကီးၿပီး Screen-to-body Ratio မွာ ၉၀.၈ ရာခုိင္ႏႈန္း ရွိတဲ့ အတြက္ တကယ္ ေကာင္းတဲ့ Full Screen Design ပါ။ အရြယ္ႀကီးေပမယ့္ ေပါ့ပါးပါတယ္။ Dual SIM Phone ျဖစ္ပါတယ္။ 12nm Process ျဖင့္ ဖန္တီးထားတဲ့ Helio P70 SoC က ယခင္မ်ိဳးဆက္မ်ားထက္ စြမ္းေဆာင္ရည္ ပိုေကာင္းလာၿပီး စြမ္းအင္စားသံုးမႈ နည္းပါးလာပါတယ္။ သူ႔ရဲ႕ Specs အျပည့္အစံုကို ေအာက္မွာ ေလ့လာပါ။

Performance
Processor: MediaTek Helio P70
CPU Type(s): ARM Cortex-A73x4, ARM Cortex-A53x4
Storage: 3GB + 32GB / 4GB + 64GB
External Memory: Up to 256 GB

Display
Size: 16cm (6.3”)
Screen Type:LTPS IPS (In-Cell) LCD
Screen Resolution: 2340*1080, FHD+, 409 PPI 19.5:9
Screen Ratio: 90.8%

Camera
Rear Camera
Camera Pixel: 13 MP + 2 MP
Camera Aperture: f/2.2 + f/2.4
Flash/Soft Light: Back LED Flash
Front Camera
Sensor: Sony IMX576
Camera Pixel: 25 MP
Camera Aperture: f/2.0

Battery
Battery Capacity: 3500mAh

System
ColorOS 5.2, based on Android 8.1

unicode

Realme က အနောက်ကင်မရာ ၂ လုံးနဲ့ 24MP Selfie Camera ပါတဲ့ တန်ဖိုးနည်း U1 ကို ကြေညာ

Realme က ဒီနှစ်ထဲမှာ ရောင်းချခဲ့တဲ့ သူ့ရဲ့ ပထမဆုံး ဖုန်း ၄ လုံးဟာ အောင်မြင်ခဲ့တဲ့ အတွက် ယုံကြည်မှု ပိုရှိလာပါပြီ။ အခုလည်း ပထမဆုံး U1 Series ကို ကြေညာလိုက်ပါတယ်။ 24MP Selfie Camera ထည့်သွင်းထားပြီး ဆဲလ်ဖီး အသားပေး ဖုန်း ဖြစ်ပါတယ်။ Helio P70 Chipset ပါတဲ့ ပထမဆုံး ဖုန်းပါ။ 3/32GB Version ကို ရူပီး ၁၁ ၉၉၉ ( ၁၇၀ ဒေါ်လာ) နဲ့ 4/64GB Version ကို ရူပီး ၁၄ ၉၉၉ ( ၂၁၅ ဒေါ်လာ) ဖြင့် ဒီဇင်ဘာလ ၅ ရက်နေ့မှာ ရောင်းမှာပါ။ Realme ရဲ့ ထုံးစံအတိုင်း ဈေးချိုပါတယ်။

ဒီဇိုင်း အပိုင်းမှာ သူဟာ Reame 2 Pro ရဲ့ တူပါတယ်။ Waterdrop Notch နဲ့ အနောက်ဘက်ကို တောက်ပြောင်တဲ့ ဒီဇိုင်း ဖန်တီးထားပါတယ်။ Black, Brave Blue နဲ့ Fiery Gold အရောင်များ ရွေးချယ်နိုင်ပါတယ်။ ရွှေရောင်ကို ၂၀၁၉ အစောပိုင်းကျမှသာ ရောင်းချမှာပါ။ လက်ဗွေရာ ကိရိယာကို အနောက်ဘက်မှာ မြှပ်နှံထားပါတယ်။

မျက်နှာပြင်ဟာ အရွယ်ကြီးပြီး Screen-to-body Ratio မှာ ၉၀.၈ ရာခိုင်နှုန်း ရှိတဲ့ အတွက် တကယ် ကောင်းတဲ့ Full Screen Design ပါ။ အရွယ်ကြီးပေမယ့် ပေါ့ပါးပါတယ်။ Dual SIM Phone ဖြစ်ပါတယ်။ 12nm Process ဖြင့် ဖန်တီးထားတဲ့ Helio P70 SoC က ယခင်မျိုးဆက်များထက် စွမ်းဆောင်ရည် ပိုကောင်းလာပြီး စွမ်းအင်စားသုံးမှု နည်းပါးလာပါတယ်။ သူ့ရဲ့ Specs အပြည့်အစုံကို အောက်မှာ လေ့လာပါ။

Performance
Processor: MediaTek Helio P70
CPU Type(s): ARM Cortex-A73x4, ARM Cortex-A53x4
Storage: 3GB + 32GB / 4GB + 64GB
External Memory: Up to 256 GB

Display
Size: 16cm (6.3”)
Screen Type:LTPS IPS (In-Cell) LCD
Screen Resolution: 2340*1080, FHD+, 409 PPI 19.5:9
Screen Ratio: 90.8%

Camera
Rear Camera
Camera Pixel: 13 MP + 2 MP
Camera Aperture: f/2.2 + f/2.4
Flash/Soft Light: Back LED Flash
Front Camera
Sensor: Sony IMX576
Camera Pixel: 25 MP
Camera Aperture: f/2.0

Battery
Battery Capacity: 3500mAh

System
ColorOS 5.2, based on Android 8.1

Leave a Reply