0
362
unicode
Nubia က Gaming Smartphone အသစ်ကို ကြေညာ
Nubia က Red Magic Mars Gaming Smartphone ကို ကြေညာလိုက်ပါတယ်။ ဂိမ်းကစားလို့ ပိုကောင်းအောင် Shoulder Buttons များ ထည့်ထားပါတယ်။ ယခင်မျိုးဆက်ရဲ့ Snapdragon 835 Chipset ထက် ပိုကောင်းတဲ့ Snapdragon 845 Chipset မောင်းနှင်ထားပါတယ်။ 10GB RAM အထိ ရွေးချယ်နိုင်ပါတယ်။ 6/64GB Model ကို ယွမ် ၂၇၀၀ ၊ 8/128GB ကို ယွမ် ၃၂၀၀ နဲ့ 10/256GB ကို ယွမ် ၄၀၀၀ သတ်မှတ်ထားပါတယ်။
သူ့မှာ ၆ လက်မ LCD Full HD+ Display ထည့်သွင်းထားပါတယ်။ စွမ်းရည်မြင့် ဂိမ်းများ ကစားရင် အပူမလွန်ကဲအောင် ထိန်းပေးမယ့် ICE ( Dual Heat Pipe & Convection Cooling ) ပါပါတယ်။ ဘက်ထရီက 3800mAh ပါ။ Android 9.0 Pie အခြေပြု Red Magic OS 1.6 မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 16MP နဲ့ အရှေ့ဘက်မှာ 8MP Camera များ ထည့်ထားပါတယ်။
စပီကာ နှစ်လုံးပါပြီး DTS 7.1 Audio ကို ထောက်ပံ့ပါတယ်။ Meteorite Black နဲ့ Flame Red အရောင်များ ထုတ်လုပ်ထားပါတယ်။ တန်ဖိုး အမြင့်ဆုံး မော်ဒယ်ဟာ Camouflage Edition ဖြစ်ပြီး လက်ဗွေရာ မထင်ကျန်စေတဲ့ အထူး Coating တစ်ခုဖြင့် ဖုံးအုပ်ထားပါတယ်။ အနောက်ဘက်မှာ RGB LED Strip များထည့်ထားပါတယ်။ သူ့အတွက် ဘလူးတု Gaming Controller နဲ့ Headset များထုတ်လုပ်ထားပါတယ်။
Leave a Reply