
0
361




unicode

Samsung Galaxy S10 5G Model မှာ 12GB RAM , 1TB Storage များ ပါလာမည်

Samsung Galaxy S10 5G Model မှာ 12GB RAM , 1TB Storage များ ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ ဖုန်းဟာ Samsung ရဲ့ ၁၀ နှစ်ပြည့် အထူးထုတ် ဖုန်း ဖြစ်မယ်လို့လည်း သတင်းထွက်နေပါတယ်။ သူ့ကို Beyond X လို့ ကုမ္ပဏီအတွင်းမှာ ခေါ်ဝေါ်နေကြပါတယ်။ သူ့မှာ ၆.၇ လက်မ မျက်နှာပြင် ပါလာနိုင်ပါတယ်။ ၆.၄ လက်မ လက်မရှိတဲ့ Galaxy Note9 ထက် အနည်းငယ် ပိုကြီးမားပါတယ်။စုစုပေါင်း ကင်မရာ ၆ လုံး ထည့်သွင်းထားနိုင်ပါတယ်။

Galaxy S10 ကိုတော့ မျက်နှာပြင် ၅.၈ လက်မကနေ ၆.၄ လက်မအထိ “Beyond 0”, “Beyond 1”, နဲ့ “Beyond 2” လို့ခေါ်တဲ့ မော်ဒယ် ၃ မျိုးနဲ့ ထွက်ရှိမှာဖြစ်ပါတယ်။ သူတို့ကတော့ ကင်မရာ ၃ လုံးကနေ ၅ လုံးအထိပါဝင်နိုင်ပါတယ်။ သူတို့ကိုတော့ နောက်နှစ်ဖေဖော်ဝါရီလလောက်မှာ မိတ်ဆက်မှာပဲ ဖြစ်ပါတယ်။ Samsung ရဲ့ Foldable စမတ်ဖုန်းတွေကိုတော့ မတ်လလောက်မှာ မိတ်ဆက်မှာပဲ ဖြစ်ပါတယ်။

Samsung ကထွက်ရှိခဲ့တဲ့ဖုန်းတွေထဲမှာတော့ Galaxy Note 9 က ၆.၄ လက်မမျက်နှာပြင်နဲ့ မျက်နှာပြင်အကြီးမားဆုံးဖုန်းလို့လဲ ပြောလို့ရပါတယ်။ ဒါပေမယ့် နောက်နှစ်မှာတော့ Galaxy S10 က ၆.၇ လက်မမျက်နှာပြင်နဲ့ ထွက်ရှိခဲ့တဲ့ဖုန်းတွေထဲမှာ မျက်နှာပြင်အကြီးမားဆုံးလို့ ပြောလို့ရနိုင်ပါတယ်။ ကင်မရာ ၆ လုံးချင်းတူတဲ့ Huawei ရဲ့ Magic 2 ကတော့ နောက်ကျောဘက်ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက် ကင်မရာ ၃ လုံးတို့ထွက်ရှိထားတာပဲ ဖြစ်ပါတယ်။ Samsung Galaxy S10 ကတော့ နောက်ကျောဘက် ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက် ကင်မရာ ၂ လုံး စုစုပေါင်း ကင်မရာ ၆ လုံးပါဝင်မှာပဲ ဖြစ်ပါတယ်။ ယခုကတော့ သတင်းထွက်ရှိထားတာဖြစ်ပြီး တကယ်ပွဲထွက်လာတဲ့အချိန် သူပြောသလိုပဲ ကင်မရာတွေကို အဲ့လိုပဲ တပ်ဆင်ထားသလား ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply