Samsung ရဲ႕ ေကြးညႊတ္ စမတ္ဖုန္းဟာ ေဒၚလာ ၂၅၀၀ ေလာက္ ရွိႏုိင္

0
615

ဆမ္ေဆာင္းက မၾကာခင္က က်င္းပခဲ့တဲ့ သူ႔ရဲ႕ Developer Conference (SCD) မွာ ေကြးညႊတ္ ႏုိင္တဲ့ Infinity Flex Display ကို မိတ္ဆက္ခဲ့ပါတယ္။ သူ႔ကို ေကြးညႊတ္ ဖုန္းမ်ားမွာ သာမက သာမာန္ ဖုန္းမ်ားမွာလည္း ထည့္သြင္းမွာပါ။ ဆမ္ေဆာင္းက ပြဲမွာ စြမ္းရည္ျပည့္ ေကြးညႊတ္ ဖုန္းကို ျပသခဲ့ျခင္း မရွိေပမယ့္ နမူနာေမာ္ဒယ္ကို ျပသခဲ့ပါတယ္။ ဒါေပမယ့္ ဖုန္းကို ျပသျခင္း မရွိဘဲ ဓါတ္ပံုကိုသာ ျပသခဲ့တာပါ။

အခုေတာ့ သူ႔ရဲ႕ ေစ်းႏႈန္းကို သိရပါၿပီ။ ဆမ္ေဆာင္းရဲ႕ ၀န္ထမ္းမ်ားထံက ထြက္ေပၚလာတ ဲ့ သတင္းအရ Samsung ရဲ႕ ေကြးညႊတ္ စမတ္ဖုန္းဟာ ေဒၚလာ ၂၅၀၀ ေလာက္ ရွိနုိင္ပါတယ္။ လက္ရွိ ေပါက္ေစ်းအရ ျမန္မာေငြ ၃၂ သိန္း ၀န္းက်င္ က်သင့္ႏုိင္ပါတယ္။ အဲဒီ ဖုန္းကို ၿဗိတိန္မွာ စတိုးဆိုင္အခ်ိဳ႕ကေနသာ ေရာင္းခ်မွာ ျဖစ္ပါတယ္လို႔ Gizmodo UK က ေျပာပါတယ္။ Samsung Store မ်ားကေန SIM-Free Version ကို ေရာင္းခ်မွာပါ။ EE Carrier ကေန SIM-Free သာမက စာခ်ဳပ္မ်ားျဖင့္ပါ ၀ယ္ယူႏိုင္မွာပါ။

သူ႔ရဲ႕ ဒီဇိုင္းကို အေသးစိတ္ျပသထားတဲ့ ဓါတ္ပံုလည္း ထြက္ေပၚခဲ့ဖူးပါတယ္။ အဲဒီပံုဟာ ဆမ္ေဆာင္းရဲ႕ တရား၀င္ပုံျဖစ္ႏုိင္ပါတယ္။ အဲဒီဖုန္းရဲ႕ သတင္းအခ်က္အလက္မ်ားကို လာမယ့္ႏွစ္ ေဖေဖာ္၀ါရီလမွာ က်င္းပမယ့္ Mobile World Congress မွာ ပိုၿပီး သိရမွာပါ။ မတ္လမွာ ေရာင္းခ်မွာျဖစ္ပါတယ္။

သူ႔ကို ျဖန္႔ၿပီး တက္ဘလက္လို သံုးရင္ ၇.၃ လက္မ မ်က္ႏွာျပင္ကို သံုးႏုိင္မွာပါ။ ေခါက္ခ်ိဳးထားရင္ ၄.၅၈ လက္မ မ်က္ႏွာျပင္ကို အသံုးျပဳႏိုင္မွာပါ။ မ်က္နွာျပင္ အခ်ိဳးက အလြန္ ရွည္လ်ားပါတယ္။ အဲဒီအတြက္ လက္တစ္ဖက္ထဲနဲ႔ စကရင္ေအာက္ဘက္ျခမ္းမွာ App မ်ားကို အသံုးျပဳႏုိင္မယ့္ One UI ကုိ ဖန္တီးထားပါတယ္။ ဆမ္ေဆာင္းက One UI ကို Google နဲ႔ Android Developer မ်ားနဲ႔ နီးကပ္စြာ ပူးေပါင္း ဖန္တီးထားတာပါ။

တက္ဘလက္လို သံုးသံုး၊ ဖုန္းလို သံုးသံုး One UI က Content မ်ားကို အဆင္ေျပစြာ ျပသေပးမွာပါ။ One UI မွာ App ၃ ခုကို တစ္ၿပိဳင္နက္ သံုးႏုိင္တဲံ လုပ္ေဆာင္ခ်က္လည္း ပါပါတယ္။ ေကြးညႊတ္ ဖုန္း မ်က္ႏွာျပင္ရဲ႕ Pixel သိပ္သည္းဆက ၄၂၀ ျဖစ္တဲ့ ထိပ္တန္းဖုန္းမ်ားေလာက္ေတာ့ မျမင့္မားပါဘူး။

unicode

Samsung ရဲ့ ကွေးညွှတ် စမတ်ဖုန်းဟာ ဒေါ်လာ ၂၅၀၀ လောက် ရှိနိုင်

ဆမ်ဆောင်းက မကြာခင်က ကျင်းပခဲ့တဲ့ သူ့ရဲ့ Developer Conference (SCD) မှာ ကွေးညွှတ် နိုင်တဲ့ Infinity Flex Display ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို ကွေးညွှတ် ဖုန်းများမှာ သာမက သာမာန် ဖုန်းများမှာလည်း ထည့်သွင်းမှာပါ။ ဆမ်ဆောင်းက ပွဲမှာ စွမ်းရည်ပြည့် ကွေးညွှတ် ဖုန်းကို ပြသခဲ့ခြင်း မရှိပေမယ့် နမူနာမော်ဒယ်ကို ပြသခဲ့ပါတယ်။ ဒါပေမယ့် ဖုန်းကို ပြသခြင်း မရှိဘဲ ဓါတ်ပုံကိုသာ ပြသခဲ့တာပါ။

အခုတော့ သူ့ရဲ့ ဈေးနှုန်းကို သိရပါပြီ။ ဆမ်ဆောင်းရဲ့ ဝန်ထမ်းများထံက ထွက်ပေါ်လာတ ဲ့ သတင်းအရ Samsung ရဲ့ ကွေးညွှတ် စမတ်ဖုန်းဟာ ဒေါ်လာ ၂၅၀၀ လောက် ရှိနိုင်ပါတယ်။ လက်ရှိ ပေါက်ဈေးအရ မြန်မာငွေ ၃၂ သိန်း ဝန်းကျင် ကျသင့်နိုင်ပါတယ်။ အဲဒီ ဖုန်းကို ဗြိတိန်မှာ စတိုးဆိုင်အချို့ကနေသာ ရောင်းချမှာ ဖြစ်ပါတယ်လို့ Gizmodo UK က ပြောပါတယ်။ Samsung Store များကနေ SIM-Free Version ကို ရောင်းချမှာပါ။ EE Carrier ကနေ SIM-Free သာမက စာချုပ်များဖြင့်ပါ ဝယ်ယူနိုင်မှာပါ။

သူ့ရဲ့ ဒီဇိုင်းကို အသေးစိတ်ပြသထားတဲ့ ဓါတ်ပုံလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ အဲဒီပုံဟာ ဆမ်ဆောင်းရဲ့ တရားဝင်ပုံဖြစ်နိုင်ပါတယ်။ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်များကို လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress မှာ ပိုပြီး သိရမှာပါ။ မတ်လမှာ ရောင်းချမှာဖြစ်ပါတယ်။

သူ့ကို ဖြန့်ပြီး တက်ဘလက်လို သုံးရင် ၇.၃ လက်မ မျက်နှာပြင်ကို သုံးနိုင်မှာပါ။ ခေါက်ချိုးထားရင် ၄.၅၈ လက်မ မျက်နှာပြင်ကို အသုံးပြုနိုင်မှာပါ။ မျက်နှာပြင် အချိုးက အလွန် ရှည်လျားပါတယ်။ အဲဒီအတွက် လက်တစ်ဖက်ထဲနဲ့ စကရင်အောက်ဘက်ခြမ်းမှာ App များကို အသုံးပြုနိုင်မယ့် One UI ကို ဖန်တီးထားပါတယ်။ ဆမ်ဆောင်းက One UI ကို Google နဲ့ Android Developer များနဲ့ နီးကပ်စွာ ပူးပေါင်း ဖန်တီးထားတာပါ။

တက်ဘလက်လို သုံးသုံး၊ ဖုန်းလို သုံးသုံး One UI က Content များကို အဆင်ပြေစွာ ပြသပေးမှာပါ။ One UI မှာ App ၃ ခုကို တစ်ပြိုင်နက် သုံးနိုင်တဲံ လုပ်ဆောင်ချက်လည်း ပါပါတယ်။ ကွေးညွှတ် ဖုန်း မျက်နှာပြင်ရဲ့ Pixel သိပ်သည်းဆက ၄၂၀ ဖြစ်တဲ့ ထိပ်တန်းဖုန်းများလောက်တော့ မမြင့်မားပါဘူး။

Leave a Reply