Waterdrop Notch နဲ႔ စြမ္းရည္ျမင့္ Chipset ပါလာမယ့္ Huawei P Smart 2019

0
342

Huawei P Smart ကို ယခုႏွစ္ရဲ႕ ပထမႏွစ္၀က္မွာ ေရာင္းခ်ေပးခဲ့ပါတယ္။ သူဟာ တန္ဖိုးနည္း ဖုန္းေပမယ့္ Specs မ်ားက ေကာင္းမြန္ပါတယ္။ သူ႔မွာ အေနာက္ကင္မရာ ၂ လံုး၊ လက္ေဗြရာ အာရံုခံ ကိရိယာနဲ႔ Full HD+ 18:9 Display မ်ား ထည့္သြင္းထားၿပီး ေဒၚလာ ၃၀၀ ေအာက္သာ ရွိပါတယ္။

သူ႔ရဲ႕ မ်ိဳးဆက္ ျဖစ္တဲ့ Huawei P Smart 2019 ရဲ႕ သတင္းမ်ား အခုေတာ့ ထြက္ေပၚလာပါၿပီ။ ဂ်ာမနီ နည္းပညာ ၀က္ဘ္ဆိုက္ WinFuture က သူ႔ရဲ႕ ဓါတ္ပံုကို မွ်ေ၀လိုက္ပါတယ္။ သူ႔မွာ Waterdrop Notch နဲ႔ AI Dual Camera မ်ား ပါလာႏုိင္ပါတယ္။ AI က ရႈခင္းမ်ားကို ခြဲျခမ္းစိတ္ျဖာျခင္းနဲ႔ အျခား စမတ္ ကင္မရာ လုပ္ေဆာင္ခ်က္မ်ားကို ပံ့ပိုးေပးမွာ ျဖစ္ပါတယ္။

WinFuture က သူ႔မွွာ Kirin 710 Processor အသစ္ ထည့္သြင္းထားမယ္လို႔ ေျပာပါတယ္။ သူဟာ 12nm Octa-core Chipset ျဖစ္ပါတယ္။ 3GB or 4GB RAM , 32GB or 64GB Storage မ်ား ေရြးခ်ယ္ႏုိင္မွာ ျဖစ္ပါတယ္။ ၆.၂ လက္မ FullHD+ LCD Display နဲ႔ 3320mAh Battery ထည့္သြင္းထားမွာပါ။ ယူရို ၂၅၀ ျဖင့္ ေရာင္းခ်ႏုိင္ပါတယ္။

သူ႔မွာ Android 9.0 Pie အေျချပဳ EMUI 9 ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ Honor 10 Lite လို အေနာက္ဘက္မွာ 13+2MP Cameras နဲ႔ အေရွ႕ဘက္မွာ 24MP Camera ထည့္သြင္းထားႏုိင္ပါတယ္။ အနက္နဲ႔ အျပာေရာင္မ်ား ထုတ္လုပ္ထားမွာျဖစ္ပါတယ္။

unicode

Waterdrop Notch နဲ့ စွမ်းရည်မြင့် Chipset ပါလာမယ့် Huawei P Smart 2019

Huawei P Smart ကို ယခုနှစ်ရဲ့ ပထမနှစ်ဝက်မှာ ရောင်းချပေးခဲ့ပါတယ်။ သူဟာ တန်ဖိုးနည်း ဖုန်းပေမယ့် Specs များက ကောင်းမွန်ပါတယ်။ သူ့မှာ အနောက်ကင်မရာ ၂ လုံး၊ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့ Full HD+ 18:9 Display များ ထည့်သွင်းထားပြီး ဒေါ်လာ ၃၀၀ အောက်သာ ရှိပါတယ်။

သူ့ရဲ့ မျိုးဆက် ဖြစ်တဲ့ Huawei P Smart 2019 ရဲ့ သတင်းများ အခုတော့ ထွက်ပေါ်လာပါပြီ။ ဂျာမနီ နည်းပညာ ဝက်ဘ်ဆိုက် WinFuture က သူ့ရဲ့ ဓါတ်ပုံကို မျှဝေလိုက်ပါတယ်။ သူ့မှာ Waterdrop Notch နဲ့ AI Dual Camera များ ပါလာနိုင်ပါတယ်။ AI က ရှုခင်းများကို ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ အခြား စမတ် ကင်မရာ လုပ်ဆောင်ချက်များကို ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။

WinFuture က သူ့မှာ Kirin 710 Processor အသစ် ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ သူဟာ 12nm Octa-core Chipset ဖြစ်ပါတယ်။ 3GB or 4GB RAM , 32GB or 64GB Storage များ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ၆.၂ လက်မ FullHD+ LCD Display နဲ့ 3320mAh Battery ထည့်သွင်းထားမှာပါ။ ယူရို ၂၅၀ ဖြင့် ရောင်းချနိုင်ပါတယ်။

သူ့မှာ Android 9.0 Pie အခြေပြု EMUI 9 ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ Honor 10 Lite လို အနောက်ဘက်မှာ 13+2MP Cameras နဲ့ အရှေ့ဘက်မှာ 24MP Camera ထည့်သွင်းထားနိုင်ပါတယ်။ အနက်နဲ့ အပြာရောင်များ ထုတ်လုပ်ထားမှာဖြစ်ပါတယ်။

Leave a Reply