iPad Pro (2018) ကို မှားယွင်းသုံးသပ်ခဲ့မိခြင်း

0
490

iPad Pro (2018) က သင့်ရဲ့လက်ရှိ laptop ကို အစားထိုးနိုင်သလား။ iOS 12 ကရော hardware အသစ်တွေကို ပိုမိုကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်မတဲ့လား။

ကျွန်တော့ရဲ့ iPad Pro review နဲ့ပတ်သတ်ပြီးတော့ တုံ့ပြန်မှုကောင်းကောင်းတွေရခဲ့ပါတယ်။ ကျွန်တော် အသိအမှတ်ပြုပါတယ်။ နောက်ပြီး ဝေဖန်မှုတွေလည်း ရခဲ့ပါတယ်။ တရားမျှတတယ်လို့ မြင်မိတယ်။ အခြားသုံးသပ်သူတွေလောက် အဆိုးမြင်မှုတွေ မရှိပေမယ့်လည်း ကျွန်တော့ရဲ့သုံးသပ်မှုက hardware အသစ်ကိုဦးတည်ထားတာဖြစ်ပါတယ်။ အဆိုးမြင်ပြစ်ချက်တွေက အသစ်မဟုတ်တဲ့ software ပေါ်မှာ မူတည်နေတာကို ကျွန်တော်တွေ့လိုက်ရပါတယ်။ iPad Pro ရဲ့လုပ်ဆောင်မှုတွေက laptop ကို အစားထိုးနိုင်တယ်လို့ မပြောလိုပေမယ့်လည်း အခြားသူတွေအတော်များများကတော့ ဒီအကြောင်းကို ဦးစားပေးပြောဆိုထားကြတာ တွေ့ခဲ့ပါတယ်။

Software ပိုင်းမှာဆိုရင်တော့ ကျွန်တော်တို့သိထားပြီးတာတွေများနေပါတယ်။ အသစ်ဆိုတဲ့အပိုင်းမှာ ထပ်မံပြောဆိုနေရလောက်တဲ့အချက်မျိုး များများစားစား မရှိနေပါဘူး။

Laptop အစားထိုးအနေနဲ့ iPad Pro ကို မအံ့သြမိပါဘူး။ MacBook Air အစားထိုးအနေနဲ့တော့ ထူးဆန်းမိပါတယ်။  iPad Pro ရော MacBook Air မှာက ပေါ့ပါးမှုကိုဦးစားပေးထားပါတယ်။ သူတို့တွေက သမားရိုးကျကွန်ပျူတာတွေဖြစ်ကြတယ်။ ဒါပေမယ့်လည်း ကျွန်တော့အတွက်ကတော့ ခြားနားနေတုန်းပါပဲ။ Apple က iPad Pro ကို laptop အစားထိုးအနေနဲ့ ထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ နည်းပညာသမားတွေ၊ သုံးစွဲသူတွေကတော့ ဒီအမြင်နဲ့ ကြည့်ကြမှာဖြစ်ပါတယ်။

ဒီတော့ Apple ရဲ့ third generation iPad Pro ကို နှစ်ပတ်လောက်စမ်းသုံးကြည့်ပြီးနောက်မှာတော့ အရင်တစ်ခေါက်မှာကျန်ခဲ့တဲ့ သုံးသပ်ချက်အချို့ကို ပြေးမြင်မိသွားပါတယ်။ iPad Pro ကို laptop အစားထိုးခြင်းနဲ့ iPad Pro software အကြောင်း ဖြစ်ပါတယ်။

ပြီးတော့ လူတိုင်းမှားနေသေးတယ်လို့ ခံစားမိတဲ့အချက်တွေလည်း ရှိလာခဲ့ပါတယ်။

iPad Pro (2018) ဟာ laptop အစားထိုးနိုင်လား

Apple က မရှင်းမရှင်းဖြစ်စေတဲ့အချက်တွေဖြစ်စေခဲ့တဲ့ slide နှစ်ခုကို အောက်တိုဘာပွဲတုန်းက ပြသခဲ့ပါတယ်။ ပထမဆုံးတစ်ခုကတော့ iPad ရောင်းအားနဲ့ laptop တို့ရဲ့ရောင်းအားတွေကို ယှဉ်ထိုးပြခဲ့တာပါ။ ဒါက PC laptop ဖန်တွေကို ထိုးဆွလိုက်သလိုဖြစ်စေပြီးတော့ သုံးသပ်သူအတော်များများကိုလည်း iPad Pro ကို laptop အစားထိုးအဖြစ်နဲ့ ရှုမြင်လာစေတဲ့အကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Apple က စင်ပေါ်မှာ ယှဉ်ထိုးပြထားတာတွေ ရှိပါတယ်။

ကျွန်တော့အတွေးကတော့ ခြားနားပါတယ်။ အိုး ကြည့်လိုက်ပါဦး။ iPad ကို laptop အဖြစ်နဲ့ရွေးချယ်တဲ့လူတွေ ဘယ်လောက်များလဲဆိုတာ ကြည့်လိုက်ပါဦး။ laptop အစား iPad ရွေးတဲ့သူတွေ ဘယ်လောက်များလဲ။ အဲဒီနှစ်ခုက ကွာခြားတယ်လို့ မထင်ရပေမယ့်လည်း မားကတ်တင်းပိုင်းမှာ အဓိကကျတဲ့စကားလုံးတွေဆိုတာ သင်ငြင်းမလား။

နောက်တစ်ခုကတော့ A12X performance ကို portable PC တွေရဲ့ ၉၂%ထက် ပိုမိုမြန်ဆန်တယ်လို့ ပြောခဲ့ပါတယ်။ Geekbench ရမှတ်တွေအရ iPad အသစ်ဟာ MacBook Pro နဲ့ ယှဉ်နိုင်တဲ့အတွက်ကြောင့် အတော်များများက laptop အစားထိုးနိုင်တယ်လို့ တွေးကြတာဖြစ်ပါလိမ့်မယ်။

MacBook Pro လောက် စွမ်းဆောင်ရည်မြင့်မယ်ဆိုရင်တော့ MacBook Pro ဖြစ်သင့်တယ်မလား

ဝန်ခံပါတယ်။ ကျွန်တော်တောင် အဲဒီလိုတွေးမိခဲ့တာပဲမဟုတ်လား။ ကျွန်တော်က သမားရိုးကျကွန်ပျူတာနောက်ခံလောကက ၀င်ရောက်လာတဲ့အတွက်ကြောင့် အဲဒီလိုကွန်ပျူတာတွေက ဘယ်လိုဖြစ်သင့်တယ်ဆိုတာ ကျွန်တော့ခေါင်းထဲမှာ တန်းစီပေါ်နေပါတယ်။ ကျွန်တော့ရဲ့ကိုယ်ပိုင် လိုချင်မှု၊ လိုအပ်မှုတွေကနေ ကျော်ကြည့်နိုင်ဖို့ ခက်ခဲတဲ့အချိန်တွေဖြတ်သန်းခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သမားရိုးကျကွန်ပျူတာဈေးကွက်တွေက ကျဉ်းမြောင်းလာပြီလေ။

စတိဂျော့မိတ်ဆက်တဲ့အချိန်မှာတုန်းက iPad က laptop ဖြစ်ဖို့မဟုတ်ကြောင်း ပြသခဲ့ပြီးတော့ laptop နေရာကိုအစားထိုးဖို့အတွက်ပါ။ ဟုတ်ပါတယ်။ Apple ဟာ အနောက်ဘက်မှာ keyboard dock လေးကို ထည့်ပေးလိုက်တဲ့အတွက်ကြောင့် စမတ်ဖုန်းနဲ့ Mac ကြားက ဆက်သွယ်ချက်လေးတစ်ခုအဖြစ် အမျိုးအစားတိုးခဲ့တဲ့သဘောပါ။

iPad အတွက်ကတော့ ဘာမှမဟုတ်တော့ဘူး။ ဒါပေမယ့် iPad Pro ကတော့ ပရိုတွေအတွက်လား။ နာမည်လေးအတိုင်းပါပဲ။ ဒါဆိုရင်ရော laptop အစားထိုးအနေနဲ့ ယူဆရမှာလား။

အဲဒီလိုတွေးလို့လည်းရပါတယ်။ ဒါပေမယ့်လည်း အကန့်အသတ်တွေရှိနေမှာပါ။ MacBook Pro ကရော iMac Pro အစားထိုးဖြစ်လာမလား။ လူတိုင်းအတွက်တော့ မဖြစ်နိုင်လောက်ပါဘူး။ စွမ်းဆောင်ရည်နဲ့ ပေါ့ပါးမှုကို ချိန်ထိုးစဉ်းစားမယ့်သူတွေ၊ စွမ်းဆောင်ရည်ကိုပဲ အမြင့်ဆုံးလိုချင်တဲ့သူတွေ အမျိုးမျိုးရှိနိုင်တယ်လေ။

12-inch MacBook က iPad Pro အစားထိုးတစ်ခုဖြစ်လာမှာလား။ ပေါ့ပါးပြီးတော့ macOS ကို UNIX မှာ သုံးချင်တဲ့သူတွေအတွက် ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ပုံဆွဲမယ်၊ မော်ဒယ်လ်တည်ဆောက်မယ် စတဲ့အလုပ်တွေအတွက် ဘာသုံးရမလဲ။

Apple လုပ်ဆောင်ထားပုံက ရှိပြီးသားပရိုတွေအတွက်သာဖြည့်ဆည်းပေးရုံမက ကလေးတွေနဲ့ ပရိုဖြစ်လာမယ့်သူတွေအတွက်ပါ ဖြည့်စွမ်းပေးချင်တာပါ။ စွမ်းအားအပြည့်သုံးချင်တဲ့သူတွေသာမက လူတိုင်းအတွက်လည်း အဆင်ပြေအောင် သူလုပ်ပေးထားပါတယ်။ ဂရပ်ကိုကြည့်လိုက်မယ်ဆိုရင် သမားရိုးကျ laptop ၀ယ်မယ့်အစား iPad ၀ယ်ကြတဲ့သူတွေကို တွေ့မြင်ရမှာပါ။ ဒါပေမယ့်လည်း laptop မကြိုက်လို့ iPad ၀ယ်တဲ့သူတွေလည်း ရှိကောင်းရှိကြပါလိမ့်မယ်။

iPad Pro မှာ A12X စွမ်းအားတွေရှိတယ်ဆိုတော့ major studio production တွေအတွက် ဇာတ်လမ်းတွေဆွဲမယ်၊ ဆေးပညာနဲ့ဆိုင်တဲ့ scan တွေလုပ်မယ်၊ စာရွက်စာတမ်းတွေကို ပို့ဆောင်လက်ခံတာတွေလုပ်မယ်၊ မော်ဒယ်လ်ပုံစံလေးတွေ တည်ဆောက်မယ်၊ ပရိုတစ်ယောက်အနေနဲ့ လုပ်စရာအတော်များများကို နေ့တိုင်းလုပ်ဆောင်နိုင်ပါတယ်။

အချိန်တွေပေးပြီးတော့ လုပ်ဆောင်ထားတာဖြစ်တဲ့အတွက်ကြောင့် A12X ဟာ augmented reality, machine learning, computational photography နဲ့ဒီနေ့ခေတ်ရဲ့ workload အတော်များများကို တာဝန်ယူနိုင်တဲ့အပြင် iOS 13, 14, 15 ကိုလည်း ကောင်းကောင်းကိုင်တွယ်နိုင်တဲ့အတွက်ကြောင့် အတော်လေးအဆင်ပြေတယ်လို့ ပြောရမှာပါ။

အဲဒီလို workload တွေက ဂျာနယ်လစ်တွေ၊ developer တွေအတွက်တော့ ခြားနားနိုင်ပါတယ်။ ဒါပေမယ့်လည်း အရေးကြီးတဲ့အရာတစ်ခုအဖြစ်တော့ ရှိနေဦးမှာပါပဲ။ တကယ်လို့ laptop က သင့်အတွက်ပိုကောင်းမယ်ဆိုရင် သင့်အတွက် ရွေးချယ်စရာများတယ်လို့ယူဆလိုက်ပါ။ iPad Pro ကပိုကောင်းတယ်လို့ယူဆမယ်ဆိုရင်တော့ လူတိုင်းအနေနဲ့ ရွေးချယ်စရာအသစ်ကို စွန့်စားကြည့်သင့်တယ်လို့ မြင်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒါက ကျွန်တော်တို့အတွက်တင်မကပါဘူး။ ကျွန်တော်တို့အားလုံးအတွက်ဖြစ်နေတာမို့ပါ။

iPad Pro အသစ်နဲ့ laptop အသစ်ကို ပွဲမှာ မိတ်ဆက်ပေးလိုက်ပါတယ။် iPad Pro ကို laptop အစား မိတ်ဆက်တာမျိုး မဟုတ်ခဲ့ပါဘူး။

iPad Pro 2018 နဲ့ iOS story

ဒီတော့ ပြောထားတဲ့အတိုင်းပါပဲ။ သင်က iPad Pro ကို laptop အစားထိုးအနေနဲ့ စဉ်းစားသည်ဖြစ်စေ၊ မစဉ်းစားသည်ဖြစ်စေ အရေးမကြီးပါဘူး။ iPad Pro က သူ့နေရာရှိပြီးသားပါ။ hardware အသစ်တွေ ရှိနေသေးတယ်ဆိုပေမယ့်လည်း software ပိုင်းမှာလည်း ရင်ဆိုင်တိုက်ခိုက်ရတဲ့အနေအထားတွေ ရှိနေတုန်းပါပဲ။

ကျွန်တော်နဲ့အတူတူ ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရအောင်။

၁) ကင်မရာ၊ SD card ထဲက ဓါတ်ပုံနဲ့ ဗွီဒီယိုတွေကိုယူဖို့အတွက် drive လေးတပ်လိုက်တာနဲ့ မရတော့ပါဘူး။

၂) ကီးဘုတ်သုံးတဲ့အခါမှာ ကီးဘုတ်ကနေဖယ်ပြီးတော့ တခြားနေရာတွေမှာ လက်တွေကို သုံးနေရတုန်းပါပဲ။

၃) web page တွေကိုကြည့်တဲ့အချိန်မှာ desktop version ထက် phone version ကိုသာ မြင်နေရပါတယ်။ Reddit ကိုကြည့်လိုက်တဲ့အခါမျိုးမှာပေါ့။ ဆိုးဆတ်ဒ်ပါ။

၎) podcast သုံးလို့မရပါဘူး။ Skype ၊ FaceTime သုံးလို့မရပါဘူး။

၅) iPad အတွက် App Store app တွေကို create and deploy လုပ်လို့မရပါဘူး။ ကျွန်တော့အတွက်တော့ အဆင်မပြေဘူး။ လက်ရှိ Developer တွေလည်း အဆင်မပြေနိုင်ပါဘူး။

၆) ကျွန်တော့ iPad Pro ကို အခြားသူတွေကို မငှားနိုင်ပါဘူး။ ကလေးလည်း မပေးနိုင်ပါဘူး။ ကျွန်တော့အချက်အလက်တွေကို မသုံးစေချင်လို့ပါ။

ဒါကတော့ ကျွန်တော့အကြောင်းကိုပဲ ဦးတည်ပြီးတော့ ပြောထားတာဖြစ်ပါတယ်။

 

Home screen အကြောင်း ပြောချင်ပါသေးတယ်။ မပြောရင်လည်း စာဖတ်သူတွေက ၀ိုင်းထောက်တော့မှာလေ။ ၂၀၁၅ ကတည်းက Apple Watch နဲ့ Apple TV မှာရနေသလိုမျိုးကို iPad မှာ ရချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ SpringBoard ရဲ့ ကိုယ်ပိုင်ဗားရှင်းရထားပါတယ်။

iPadOS မှာ သီးသန့်အဖွဲ့ထားတဲ့အတွက်ကြောင့် နှစ်တိုင်းမှာ ပြောင်းလဲမှုတွေပြုလုပ်နိုင်နေပြီပဲဖြစ်ပါတယ်။ ဒါကလည်း စိတ်ကျေနပ်စရာတစ်ခုပါပဲ။

iPad Pro (2018) နှင့် နှစ်ပတ်အကြာ

iPad Pro ကို video နဲ့ image editing ပိုင်းမှာ သိပ်မသုံးဖြစ်ခဲ့ဘူး။ Mac ပေါ်မှာသုံးနေသလောက် Pixelmator ကိုသုံးကြည့်တဲ့အခါ မြန်ဆန်တာကို တွေ့ရပါတယ်။ iPad Pro အတွက် real Photoshop ကိုလည်း နောက်နှစ်မှာ မြင်ရနိုင်ပါတယ်။

Final Cut Pro X ၊ iMovie ကလည်း မြန်ဆန်ပါတယ်။ Luma Fusion ကလည်း စွမ်းဆောင်ရည်မြင့်ပါတယ်။ Final Cut လောက်တော့ မြန်ဆန်ချင်ပါတယ်။ iPad Pro က မြန်ဆန်တယ်ဆိုတာ တွေ့မြင်ခံစားခဲ့ရပါတယ်။

ကျွန်တော်က blog လုပ်မယ်၊ podcast ကို record မလုပ်ဘူးဆိုရင်တော့ iPad Pro နဲ့ အဆင်ပြေနိုင်ပါတယ်။

Laptop မလိုအပ်တဲ့၊ မလိုချင်တဲ့ ပရော်ဖက်ရှင်နယ်သမားတွေကတော့၊ ဖုန်းထက်သာလွန်တဲ့ပစ္စည်းကို လိုချင်တဲ့သူတွေအတွက်ကတော့ iPad Pro က ပြီးပြည့်စုံပါတယ်။ screen အမိုက်စား၊ silicon အလန်းစား၊ Apple Pencil အပျံစားတွေနဲ့  Keyboard Folio တွေကလည်း စွဲမက်စရာတစ်ခုပါပဲ။

15-inch MacBook Pro or iMac Pro လိုအပ်နေတဲ့ ပရော်ဖက်ရှင်နယ်သမားတွေကတော့ iPad Pro ကို portable တစ်ခုအနေနဲ့မြင်ပြီးတော့ သွားလာရင်းအလုပ်လုပ်ဖို့ စဉ်းစားကြပါလိမ့်မယ်။ သယ်ရလွယ်ပါတယ်။ ဒါပေမယ့်လည်း စဉ်းစားရမယ့်အချက်တွေရှိနေပါသေးတယ်။

second computer မ၀ယ်ချင်တဲ့ ပရော်ဖက်ရှင်နယ်သမားတွေအတွက်ဆိုရင်တော့ iPad Pro က ပထမဦးစားပေးအနေနဲ့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း ဒုတိယအနေအထားနဲ့တော့ သုံးလို့ရနိုင်ပါသေးတယ်။ ဒါကြောင့်လည်း Apple က MacBook Air ကို တစ်ချိန်တည်းမှာ ထုတ်ပေးခဲ့တာပေါ့။

တကယ်လို့ iOS 13 or iOS 14 သာ ပြောင်းလဲခဲ့မယ်ဆိုရင်တော့ဖြင့် တစ်နည်းတစ်ဖုံပြောင်းလဲသွားမှာပါ။

iPad Pro နဲ့သွားတဲ့လမ်းကြောင်းကိုကြည့်ပြီးတော့ Apple ကို သဘောကျမိပါတယ်။ hardware ကတော့ အမြင့်စားတွေဖြစ်ပါတယ်။ iOS 9 or iOS 11 ကလည်း အဆင်ပြေနေသေးတယ်လို့ ဆိုရမှာပါ။

macOS အပါအ၀င် သမားရိုးကျကွန်ပျူတာတွေက copy ၊ paste ရဖို့အတွက် နှစ်တွေကြာခဲ့တယ်။ drag-and-drop အတွက်လည်း နှစ်တွေကြာခဲ့တယ်။ ကျွန်တော်ပြောချင်တာက အင်မတန့်အင်မတန် မြန်ဆန်လာတယ်ဆိုတဲ့အကြောင်းပါပဲ။

Leave a Reply