အကြိမ်ပေါင်း 500,000 လောက် ဒေါင်းလုတ်ဆွဲထားတဲ့ malware app များကို Google Play Store ပေါ်တွင်တွေ့ရှိ
0
419
Zawgyi Version
Unicode Version
Google ဟာ Google Play store ပေါ်မှာ malware တွေကို စစ်ဆေးနေရင်းနဲ့ အကြိမ်ပေါင်းများစွာဒေါင်းလုတ်ဆွဲခံထားရပြီးတော့ malware သွင်ပြင်ကိုဖျောက်ထားတဲ့ app တွေကို တွေ့ရှိသွားခဲ့ပါတယ်။
Android app ပေါင်း ၁၃ခုထဲမှာ ကားနဲ့ ထရပ်မောင်းနှင်မှု app တွေလည်း အပါအဝင်ဖြစ်ပြီးတော့ လက်ရှိရေပန်းစားနေတဲ့အမျိုးအစားတွေထဲမှာတောင် ပါဝင်နေကြပါတယ်။ ဒါပေမယ့်လည်း သုံးစွဲသူပေါင်း 500000 လောက်ဒေါင်းလုတ်ဆွဲအပြီးမှာတော့ ဖယ်ရှားခြင်းခံလိုက်ရပါတယ်။
NDTV Gadgets ရဲ့ တင်ပြချက်ကို ဖော်ပြပေးရမယ်ဆိုရင်တော့
“အဲဒီ app တွေဟာ လုပ်ဆောင်ချက်အစစ်အမှန်တွေကိုမပြသတဲ့အပြင် ဟန်းဆက်တွေထဲမှာ ပုန်းအောင်းနေပြီးတော့ malware တွေကို သွင်းဖို့လွယ်ကူအောင် ပြင်ဆင်ပေးပါတယ်။ ESET ရဲ့ လုံခြုံရေးသုတေသီတစ်ယောက်ဖြစ်တဲ့ လူူးကတ်စ် စတီဖန်ကိုကလည်း အဲဒီapp13ခုအကြောင်းကို ပြောပြထားပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကတော့ အဲဒီပြထားတဲ့app တွေအားလုံးကို developer လူးဝစ်ပင်တိုတစ်ယောက်တည်းကသာ ရေးသားထားတယ်လို့ ဖော်ပြထားတာပါပဲ။”
အဲဒီ app တွေဟာ ဂိမ်းဆိုပြီးတော့ အမျိုးအစားခွဲခြားထားပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းတော့ ဆော့လို့မရပါဘူး။ ဖွင့်လိုက်တာနဲ့ crash ဖြစ်သွားမှာပါ။ အဲဒီထဲမှာ luxury car driving simulator တွေပါဝင်သလို ပြသထားတဲ့ပုံတွေအရ တကယ်ထင်မှတ်အောင် ဆွဲဆောင်ထားနိုင်ပါတယ်။ app တွေမှာ နောက်ထပ် apk တစ်ခုကို သွင်းဖို့အတွက် တောင်းဆိုမှုတွေ ပြုလုပ်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။
“malware ပါတဲ့ app တွေကို Android သမားတွေ အတော်များများသုံးစွဲမိတဲ့ဖြစ်စဉ်ဟာ ပထမဆုံးအကြိမ်မကတော့ပါဘူး။ မနှစ်ကတုန်းကလညး် Judy လို့ခေါ်တဲ့ auto-clicking adware လေးကို app ၄၁ခုမှာ တွေ့မြင်ခဲ့ရပြီးတော့ Android ဖုန်း အလုံးရေ ၈.၅သန်းနဲ့ ၃၆.၅သန်းကြားအထိ ထိခိုက်မှုတွေဖြစ်စေခဲ့ပါတယ်။ နောက်ထပ် FalseGuide botnet malware လေးကလည်း သုံးစွဲသူသန်းပေါင်းများစွာကို ထိ်ခိုက်စေခဲ့ပါသေးတယ်။”
Google ကတော့ ဒီအပိုင်းမှာ ထိထိရောက်ရောက်ပိုလုပ်ဆောင်ရတော့မယ်ဆိုတာ ပြသနေသလိုပါပဲ။ ဇန်နဝါရီလတုန်းက Play Store ပေါ်က သံသယဖြစ်ဖွယ် app ပေါင်း 700000 ကို ဖြုတ်ချထားခဲ့ပါတယ်။ ဒါက မလုံလောက်သေးဘူးဆိုတာ အားလုံးအမြင်ပါပဲ။
Leave a Reply