Smartphone Trending

အေနာက္ ကင္မရာ ၁၆ လံုးပါတဲ့ ဖုန္းကို LG ဖန္တီးေနသလား ?

ဖုန္း ေခတ္ဦးမွာေတာ့ ကင္မရာမ်ား မပါၾကပါဘူး။ အခုေတာ့ ကင္မရာ ၂ လံုး၊ ၃ လံုးတပ္ ဖုန္းေတြ ထြက္လာပါၿပီ။ မၾကာေသးခင္ကပဲ အေနာက္ကင္မရာ ၄ လံုးတပ္ ဖုန္းကို ေၾကညာခဲ့ပါတယ္။ ကင္မရာ ၅ လံုးပါတဲ့ Nokia ရဲ႕ ဖုန္း သတင္းဟာလည္း မၾကာခင္က ထြက္ေပၚခဲ့ပါတယ္။ အဲဒီဖုန္းရဲ႕ ကင္မရာ အေရအတြက္ထက္ ၃ ဆ ပိုမ်ားတဲ့ ဖုန္းကို LG က ဖန္တီးေနတဲ့ သတင္း ထြက္လာပါတယ္။

LG က မၾကာေသးခင္က အေမရိကန္ Patent နဲ႔ Trademark Office မွာ အေနာက္ကင္မရာ ၁၆ လံုးပါတဲ့ ဖုန္းကို မွတ္ပံုတင္လိုက္ပါတယ္။ ကင္မရာမ်ားရဲ႕ Focal Lengths နဲ႔ လုပ္ေဆာင္ခ်က္မ်ားဟာ ကြဲျပားပါတယ္။ ဒီလို ကင္မရာမ်ားစြာ ေပါင္းစပ္ထည့္သြင္းထားျခင္းျဖင့္ ထူးျခားဆန္းသစ္တဲ့ ကင္မရာ Effects မ်ားကို ဖန္တီးေပးႏုိင္မွာ ျဖစ္ပါတယ္။

ဥပမာအားျဖင့္ ကင္မရာ ၁၆ လံုးက တစ္ၿပိဳင္နက္ထဲ ဓါတ္ပံု ရိုက္ေပးႏုိင္ၿပီး အဲဒီအထဲက အေကာင္းဆံုးကုိ သင္က ေရြးခ်ယ္ႏုိင္မွာပါ။ ျမင္ကြင္းက်ယ္ ဓါတ္ပံုမ်ားကိုလည္း ရိုက္ကူးေပးႏုိင္ပါတယ္။ ေနာက္ခံမႈန္၀ါးတဲ့ ဓါတ္ပံုမ်ားဟာလည္း အလြန္ တိက်ေသသပ္လာမွာ ျဖစ္ပါတယ္။ ရုပ္ေသ ဓါတ္ပံု တစ္ခုကိုေတာင္ ဗီဒီယို သို႔မဟုတ္ GIF အျဖစ္ ဖန္တီးေပးႏုိင္ပါတယ္။ ဓါတ္ပံု ရိုက္ကူးၿပီးေတာ့မွ Focus ကို ျပန္လည္ သတ္မွတ္ႏုိင္မွာ ျဖစ္ပါတယ္။

LG က စမတ္ဖုန္း ကင္မရာမ်ားကို တီထြင္စမ္းသပ္တဲ့ ေနရာမွာ နာမည္ေက်ာ္ပါတယ္။ သူ႔ရဲ႕ ျမင္ကြင္းက်ယ္ ဖုန္း ကင္မရာဟာ စြမ္းရည္ျမင့္မားပါတယ္။ 52MP Photo မ်ားကို ဖမ္းယူေပးႏုိင္ၿပီး ကင္မရာ ၁၆ လံုးပါတဲ့ Light L16 Portable Camera ကို ထုတ္လုပ္ေပးထားပါတယ္။ LG ရဲ႕ အေနာက္ ကင္မရာ ၁၆ လံုးတပ္ စမတ္ဖုန္းဟာ တကယ္ ျဖစ္လာမလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

unicode

အနောက် ကင်မရာ ၁၆ လုံးပါတဲ့ ဖုန်းကို LG ဖန်တီးနေသလား ?

ဖုန်း ခေတ်ဦးမှာတော့ ကင်မရာများ မပါကြပါဘူး။ အခုတော့ ကင်မရာ ၂ လုံး၊ ၃ လုံးတပ် ဖုန်းတွေ ထွက်လာပါပြီ။ မကြာသေးခင်ကပဲ အနောက်ကင်မရာ ၄ လုံးတပ် ဖုန်းကို ကြေညာခဲ့ပါတယ်။ ကင်မရာ ၅ လုံးပါတဲ့ Nokia ရဲ့ ဖုန်း သတင်းဟာလည်း မကြာခင်က ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီဖုန်းရဲ့ ကင်မရာ အရေအတွက်ထက် ၃ ဆ ပိုများတဲ့ ဖုန်းကို LG က ဖန်တီးနေတဲ့ သတင်း ထွက်လာပါတယ်။

LG က မကြာသေးခင်က အမေရိကန် Patent နဲ့ Trademark Office မှာ အနောက်ကင်မရာ ၁၆ လုံးပါတဲ့ ဖုန်းကို မှတ်ပုံတင်လိုက်ပါတယ်။ ကင်မရာများရဲ့ Focal Lengths နဲ့ လုပ်ဆောင်ချက်များဟာ ကွဲပြားပါတယ်။ ဒီလို ကင်မရာများစွာ ပေါင်းစပ်ထည့်သွင်းထားခြင်းဖြင့် ထူးခြားဆန်းသစ်တဲ့ ကင်မရာ Effects များကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ကင်မရာ ၁၆ လုံးက တစ်ပြိုင်နက်ထဲ ဓါတ်ပုံ ရိုက်ပေးနိုင်ပြီး အဲဒီအထဲက အကောင်းဆုံးကို သင်က ရွေးချယ်နိုင်မှာပါ။ မြင်ကွင်းကျယ် ဓါတ်ပုံများကိုလည်း ရိုက်ကူးပေးနိုင်ပါတယ်။ နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံများဟာလည်း အလွန် တိကျသေသပ်လာမှာ ဖြစ်ပါတယ်။ ရုပ်သေ ဓါတ်ပုံ တစ်ခုကိုတောင် ဗီဒီယို သို့မဟုတ် GIF အဖြစ် ဖန်တီးပေးနိုင်ပါတယ်။ ဓါတ်ပုံ ရိုက်ကူးပြီးတော့မှ Focus ကို ပြန်လည် သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

LG က စမတ်ဖုန်း ကင်မရာများကို တီထွင်စမ်းသပ်တဲ့ နေရာမှာ နာမည်ကျော်ပါတယ်။ သူ့ရဲ့ မြင်ကွင်းကျယ် ဖုန်း ကင်မရာဟာ စွမ်းရည်မြင့်မားပါတယ်။ 52MP Photo များကို ဖမ်းယူပေးနိုင်ပြီး ကင်မရာ ၁၆ လုံးပါတဲ့ Light L16 Portable Camera ကို ထုတ်လုပ်ပေးထားပါတယ်။ LG ရဲ့ အနောက် ကင်မရာ ၁၆ လုံးတပ် စမတ်ဖုန်းဟာ တကယ် ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.