အိႏၵိယမွာ ပထမအသုတ္ ေရာင္းခ်ေပးစဥ္မွာ အလံုးေရ ၆ သိန္းေက်ာ္ ေရာင္းခ်ႏုိင္ခဲ့တဲ့ Xiaomi Redmi Note 6 Pro

0
947

Xiaomi Redmi Note 6 Pro ကို အျခား ႏုိင္္ငံမ်ားမွာေတာ့ ေရာင္းခ်ေပးထားပါတယ္။ ဒါေပမယ့္ အိႏၵိယမွာေတာ့ အခုမွသာ ေရာင္းခ်ေပးလိုက္ပါတယ္။ ပထမအသုတ္ ေရာင္းခ်စဥ္မွာ အလံုးေရ ၆၀၀ ၀၀၀ ေက်ာ္ ေရာင္းခ်ႏုိင္ခဲ့တယ္လို႔ ေရွာင္မီက ေၾကညာလိုက္ပါတယ္။ တန္ဖုိး အနည္းဆံုး ေမာ္ဒယ္ကို ရူပီး ၁၃ ၉၉၉ သတ္မွတ္ထားပါတယ္။ ၁၉၈ ေဒၚလာ ၀န္းက်င္က်သင့္မွာပါ။

သူ႔ရဲ႕ Specs မ်ားကို ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။ သူဟာ AI Camera ၄ လံုး ပါတဲ့ ေရွာင္မီရဲ႕ ပထမဆံုး ဖုန္းလို႔ ေၾကညာထားပါတယ္။ အေနာက္ဘက္မွာ 12MP+5MP Camera မ်ား ထည့္သြင္းထားပါတယ္။ ဒါဟာ Redmi Note 5 Pro နဲ႔ တူညီေပမယ့္ Note 6 Pro ရဲ႕ Pixel မ်ားက ပိုႀကီးမားၿပီး အလင္း၀င္ေပါက္ကလည္း ပိုက်ယ္လာပါတယ္။ Dual Pixel AF လည္း ပါလာပါတယ္။

ဆဲလ္ဖီး ကင္မရာကေတာ့ 20MP + 2MP ျဖစ္ပါတယ္။ ၆.၂၆ လက္မ IPS LCD Display ထည့္သြင္းထားၿပီး Notch ပါပါတယ္။ သူ႔ရဲ႕ Screen-to-body Ratio ဟာ ၈၆ ရာခုိင္ႏႈန္း ျဖစ္ပါတယ္။ Screen Brightness က 500 nits အထိ ေထာက္ပံ့ၿပီး 2.5D Gorilla Glass ျဖင့္ ကာကြယ္ထားပါတယ္။ Snapdragon 636 Chipset , 4GB RAM , 64GB Storage မ်ား ထည့္သြင္းထားပါတယ္။

ဘက္ထရီက 4000mAh ျဖစ္ပါတယ္။ ဂိမ္းကစားရင္ ၆ နာရီနဲ႔ ဗီဒီယိုမ်ား ၾကည့္ရင္ ၈.၅ နာရီ အသံုးခံပါတယ္။ အနက္၊ အနီ၊ အျပာနဲ႔ပန္းေရာင္မ်ား ထုတ္လုပ္ေပးထားပါတယ္။

unicode

အိန္ဒိယမှာ ပထမအသုတ် ရောင်းချပေးစဉ်မှာ အလုံးရေ ၆ သိန်းကျော် ရောင်းချနိုင်ခဲ့တဲ့ Xiaomi Redmi Note 6 Pro

Xiaomi Redmi Note 6 Pro ကို အခြား နိုင်ငံများမှာတော့ ရောင်းချပေးထားပါတယ်။ ဒါပေမယ့် အိန္ဒိယမှာတော့ အခုမှသာ ရောင်းချပေးလိုက်ပါတယ်။ ပထမအသုတ် ရောင်းချစဉ်မှာ အလုံးရေ ၆၀၀ ၀၀၀ ကျော် ရောင်းချနိုင်ခဲ့တယ်လို့ ရှောင်မီက ကြေညာလိုက်ပါတယ်။ တန်ဖိုး အနည်းဆုံး မော်ဒယ်ကို ရူပီး ၁၃ ၉၉၉ သတ်မှတ်ထားပါတယ်။ ၁၉၈ ဒေါ်လာ ဝန်းကျင်ကျသင့်မှာပါ။

သူ့ရဲ့ Specs များကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူဟာ AI Camera ၄ လုံး ပါတဲ့ ရှောင်မီရဲ့ ပထမဆုံး ဖုန်းလို့ ကြေညာထားပါတယ်။ အနောက်ဘက်မှာ 12MP+5MP Camera များ ထည့်သွင်းထားပါတယ်။ ဒါဟာ Redmi Note 5 Pro နဲ့ တူညီပေမယ့် Note 6 Pro ရဲ့ Pixel များက ပိုကြီးမားပြီး အလင်းဝင်ပေါက်ကလည်း ပိုကျယ်လာပါတယ်။ Dual Pixel AF လည်း ပါလာပါတယ်။

ဆဲလ်ဖီး ကင်မရာကတော့ 20MP + 2MP ဖြစ်ပါတယ်။ ၆.၂၆ လက်မ IPS LCD Display ထည့်သွင်းထားပြီး Notch ပါပါတယ်။ သူ့ရဲ့ Screen-to-body Ratio ဟာ ၈၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။ Screen Brightness က 500 nits အထိ ထောက်ပံ့ပြီး 2.5D Gorilla Glass ဖြင့် ကာကွယ်ထားပါတယ်။ Snapdragon 636 Chipset , 4GB RAM , 64GB Storage များ ထည့်သွင်းထားပါတယ်။

ဘက်ထရီက 4000mAh ဖြစ်ပါတယ်။ ဂိမ်းကစားရင် ၆ နာရီနဲ့ ဗီဒီယိုများ ကြည့်ရင် ၈.၅ နာရီ အသုံးခံပါတယ်။ အနက်၊ အနီ၊ အပြာနဲ့ပန်းရောင်များ ထုတ်လုပ်ပေးထားပါတယ်။

Leave a Reply