Uncategorized

စက္ရံု ပတ္၀န္းက်င္ ညစ္ညမ္းမႈေၾကာင့္ ေရာဂါ ေ၀ဒနာ ျဖစ္သြားတဲ့ ၀န္ထမ္းမ်ားကို ေတာင္းပန္လိုက္တဲ့ Samsung

ေသာၾကာေန႔က ဆမ္ေဆာင္းရဲ႕ အရာရွိတစ္ဦး ျဖစ္သူက စက္ရံု ပတ္၀န္းက်င္ ညစ္ညမ္းမႈေၾကာင့္ ေရာဂါ ေ၀ဒနာ ျဖစ္သြားတဲ့ ၀န္ထမ္းမ်ားကို ေတာင္းပန္လိုက္ပါတယ္။ အဲဒီ ၀န္ထမ္းမ်ားကို နစ္နာေၾကးေပးဖုိ႔ ကုမၸဏီက သေဘာတူညီမႈ စာခ်ဳပ္ကိုလည္း ေရးထိုးခဲ့ၿပီးပါၿပီ။ Samsung ရဲ႕ အရာရွိ တစ္ဦး ျဖစ္သူက “ ကြ်န္ေတာ္တို႔ရဲ႕ Semiconductor နဲ႔ LCD စက္ရံုမ်ားမွာ ၀န္ထမ္းမ်ားရဲ႕ က်န္းမာေရးကို ထိခိုက္ေစတဲ့ အရာမ်ားကို ေကာင္းမြန္စြာ စီမံခန္႔ခြဲမႈ မျပဳလုပ္ႏုိင္ခဲ့ပါဘူး။ “ လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ အနည္းငယ္ကတည္းက စက္ရံု ၀န္ထမ္းမ်ားဟာ ေရာဂါမ်ား ခံစားခဲ့ၾကရတာ ျဖစ္ၿပီး ၂၀၀၇ ခုႏွစ္က စတင္ကာ ကုမၸဏီအား အဲဒီ ကိစၥကို ေျဖရွင္းေပးဖို႔ ဖိအားေပးခဲ့ၾကတာပါ။ ၀န္ထမ္းမ်ားဟာ ကင္ဆာ ေရာဂါမ်ိဳးစံုနဲ႔ ကိုယ္၀န္ပ်က္က်ျခင္းမ်ားကို ခံစားခဲ့ၾကရပါတယ္။ ေမြးဖြားလာတဲ့ ကေလးမ်ားကလည္း က်န္းမာေရး ခြ်တ္ယြင္းမႈမ်ား ျဖစ္ခဲ့ၾကပါတယ္။

ဆမ္ေဆာင္းရဲ႕ ပူးတြဲ ဥကၠဌ ျဖစ္သူ Kim Ki-nam က ေရာဂါ ခံစားခဲ့ရတဲ့ ၀န္ထမ္းနဲ႔ မိသားစုမ်ားအား အႏူးအညြတ္ ေတာင္းပန္ပါတယ္လို႔ ေသာၾကာေန႔က ေျပာပါတယ္။ ေရာဂါ ခံစားခဲ့ရတဲ့ ၀န္ထမ္းတစ္ဦးဟာ နစ္နာေၾကး ၀မ္ သန္း ၁၅၀ ( ေဒၚလာ ၁၃၃ ၀၀၀) ရရွိမွာပါ။

“ ဒီေတာင္းပန္မႈဟာ ေရာဂါ ေ၀ဒနာမ်ား ခံစားခဲ့ရတဲ့ မိသားစုမ်ားအတြက္ တကယ္ေတာ့ မလံုေလာက္ပါဘူး။ ဒါေပမယ့္ ကြ်န္ေတာ္တို႔ လက္ခံမွာပါ။ “ လို႔ ၂၀၀၇ ခုႏွစ္မွာ ေသြးကင္ဆာေၾကာင့္ ေသဆံုးခဲ့တဲ့ ၀န္ထမ္း အမ်ိဳးသမီးရဲ႕ ဖခင္ ျဖစ္သူနဲ႔ ေရွ႕ေန အဖြဲ႕တစ္ခုရဲ႕ ေခါင္းေဆာင္ Hwang Sang-gi က ေျပာပါတယ္။ ေရာဂါ ျဖစ္ပြားေစခဲ့တဲ့ စက္ရံု အမ်ားစုဟာ ေတာင္ကိုရီးယားမွ ျဖစ္ၿပီး တစ္ခုမွာ တရုတ္မွ Xian မွ ျဖစ္ပါတယ္။

unicode

စက်ရုံ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ရောဂါ ဝေဒနာ ဖြစ်သွားတဲ့ ဝန်ထမ်းများကို တောင်းပန်လိုက်တဲ့ Samsung

သောကြာနေ့က ဆမ်ဆောင်းရဲ့ အရာရှိတစ်ဦး ဖြစ်သူက စက်ရုံ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ရောဂါ ဝေဒနာ ဖြစ်သွားတဲ့ ဝန်ထမ်းများကို တောင်းပန်လိုက်ပါတယ်။ အဲဒီ ဝန်ထမ်းများကို နစ်နာကြေးပေးဖို့ ကုမ္ပဏီက သဘောတူညီမှု စာချုပ်ကိုလည်း ရေးထိုးခဲ့ပြီးပါပြီ။ Samsung ရဲ့ အရာရှိ တစ်ဦး ဖြစ်သူက “ ကျွန်တော်တို့ရဲ့ Semiconductor နဲ့ LCD စက်ရုံများမှာ ဝန်ထမ်းများရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အရာများကို ကောင်းမွန်စွာ စီမံခန့်ခွဲမှု မပြုလုပ်နိုင်ခဲ့ပါဘူး။ “ လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်ကတည်းက စက်ရုံ ဝန်ထမ်းများဟာ ရောဂါများ ခံစားခဲ့ကြရတာ ဖြစ်ပြီး ၂၀၀၇ ခုနှစ်က စတင်ကာ ကုမ္ပဏီအား အဲဒီ ကိစ္စကို ဖြေရှင်းပေးဖို့ ဖိအားပေးခဲ့ကြတာပါ။ ဝန်ထမ်းများဟာ ကင်ဆာ ရောဂါမျိုးစုံနဲ့ ကိုယ်ဝန်ပျက်ကျခြင်းများကို ခံစားခဲ့ကြရပါတယ်။ မွေးဖွားလာတဲ့ ကလေးများကလည်း ကျန်းမာရေး ချွတ်ယွင်းမှုများ ဖြစ်ခဲ့ကြပါတယ်။

ဆမ်ဆောင်းရဲ့ ပူးတွဲ ဥက္ကဌ ဖြစ်သူ Kim Ki-nam က ရောဂါ ခံစားခဲ့ရတဲ့ ဝန်ထမ်းနဲ့ မိသားစုများအား အနူးအညွတ် တောင်းပန်ပါတယ်လို့ သောကြာနေ့က ပြောပါတယ်။ ရောဂါ ခံစားခဲ့ရတဲ့ ဝန်ထမ်းတစ်ဦးဟာ နစ်နာကြေး ဝမ် သန်း ၁၅၀ ( ဒေါ်လာ ၁၃၃ ၀၀၀) ရရှိမှာပါ။

“ ဒီတောင်းပန်မှုဟာ ရောဂါ ဝေဒနာများ ခံစားခဲ့ရတဲ့ မိသားစုများအတွက် တကယ်တော့ မလုံလောက်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ လက်ခံမှာပါ။ “ လို့ ၂၀၀၇ ခုနှစ်မှာ သွေးကင်ဆာကြောင့် သေဆုံးခဲ့တဲ့ ဝန်ထမ်း အမျိုးသမီးရဲ့ ဖခင် ဖြစ်သူနဲ့ ရှေ့နေ အဖွဲ့တစ်ခုရဲ့ ခေါင်းဆောင် Hwang Sang-gi က ပြောပါတယ်။ ရောဂါ ဖြစ်ပွားစေခဲ့တဲ့ စက်ရုံ အများစုဟာ တောင်ကိုရီးယားမှ ဖြစ်ပြီး တစ်ခုမှာ တရုတ်မှ Xian မှ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.