Samsung Galaxy Note 9 ရဲ႕ အျဖဴေရာင္ ေမာ္ဒယ္ကို ထိုင္၀မ္မွာ ေရာင္းခ်

0
531

ဆမ္ေဆာင္းက Note 9 ကို မိတ္ဆက္စဥ္မွာ Metallic Copper, Lavender Purple, Ocean Blue, Midnight Black အေရာင္မ်ားကို ထုတ္လုပ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာ Cloud Silver ကို ေရာင္းခ်ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ စမတ္ဖုန္း သတင္းမ်ားကို ႀကိဳတင္ဖြင့္ထုတ္ရာမွာ နာမည္ႀကီးတဲ့ Evan Blass က ထိုင္၀မ္မွာ မနက္ျဖန္တြင္ Note 9 ရဲ႕ အျဖဴေရာင္ေမာ္ဒယ္ကို ေရာင္းခ်ေပးေတာ့မယ္လို႔ ေျပာပါတယ္။

ဒီသတင္းက အခုေတာ့ တကယ္ ျဖစ္လာပါၿပီ။ Samsung က First Snow White လို႔ အမည္ေပးထားတဲ့ အျဖဴေရာင္ Galaxy Note 9 ကို ထိုင္၀မ္မွာ ေရာင္းခ်ေပးလိုက္ပါတယ္။ သူဟာ Note 9 ရဲ႕ ေျခာက္ခုေျမာက္ အေရာင္ ျဖစ္လာမွာပါ။ လက္ေဗြရာ ဆန္ဆာနဲ႔ ကင္မရာ အပါအ၀င္ ဖုန္းရဲ႕ အေနာက္ဘက္ဟာ လံုး၀ အျဖဴေရာင္ ျဖစ္ပါတယ္။ ဒါ့အျပင္ S Pen ကလည္း အျဖဴေရာင္ ျဖစ္ပါတယ္။ အေရွ႕ဘက္ စကရင္ရဲ႕ ေဘးေဘာင္မ်ားကိုေတာ့ အနက္ေရာင္ ဖန္တီးထားပါတယ္။

ထိုင္၀မ္ ေဒၚလာ ၃၀ ၉၀၀ ျဖင့္ ေရာင္းခ်မွာပါ။ ေဒၚလာအားျဖင့္ ၉၉၉ က်သင့္ပါတယ္။ ထိုင္၀မ္မွာ အျဖဴေရာင္ေမာ္ဒယ္ကို လာမယ့္လ အေစာပိုင္းမွာ Samsung ရဲ႕ ေျမျပင္ အေရာင္းဆိုင္မ်ားကေန ေရာင္းခ်မွာပါ။ သူ႔ရဲ႕ Specifications မ်ားက မူလေမာ္ဒယ္မ်ားနဲ႔ တူညီပါတယ္။

Note 9 မွာ ၆.၄ လက္မ Super AMOLED Display တပ္ဆင္ထားၿပီး 1440x2960p Resolution ျဖစ္ပါတယ္။ HDR10 နဲ Always On Display တို႔ကို ေထာက္ပံ့ပါတယ္။ အေနာက္ဘက္မွာ OIS ပါတဲ့ 12MP Dual-Aperture F/1.5-2.4 Wide နဲ 12MP F/2.4 Telephoto Camera မ်ားပါပါတယ္။

အေရွ႕ဘက္မွာ 8MP f/1.7 Camera ထည့္ထားပါတယ္။ ဖုန္းေရာ S Pen ပါ IP68 စံႏႈန္းျဖင့္ ေရစိုခံႏုိင္ပါတယ္။ Exynos 9810 Octa-Core Chipset ေမာင္းႏွင္ထားပါတယ္။ Note 9 ရဲ႕ ဘက္ထရီကလည္း Note 8 ထက္ ၂၀ ရာခုိင္ႏႈန္း ပိုႀကီးတဲ့ 4000mAh ကို သံုးထားပါတယ္။

unicode

Samsung Galaxy Note 9 ရဲ့ အဖြူရောင် မော်ဒယ်ကို ထိုင်ဝမ်မှာ ရောင်းချ

ဆမ်ဆောင်းက Note 9 ကို မိတ်ဆက်စဉ်မှာ Metallic Copper, Lavender Purple, Ocean Blue, Midnight Black အရောင်များကို ထုတ်လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Cloud Silver ကို ရောင်းချခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စမတ်ဖုန်း သတင်းများကို ကြိုတင်ဖွင့်ထုတ်ရာမှာ နာမည်ကြီးတဲ့ Evan Blass က ထိုင်ဝမ်မှာ မနက်ဖြန်တွင် Note 9 ရဲ့ အဖြူရောင်မော်ဒယ်ကို ရောင်းချပေးတော့မယ်လို့ ပြောပါတယ်။

ဒီသတင်းက အခုတော့ တကယ် ဖြစ်လာပါပြီ။ Samsung က First Snow White လို့ အမည်ပေးထားတဲ့ အဖြူရောင် Galaxy Note 9 ကို ထိုင်ဝမ်မှာ ရောင်းချပေးလိုက်ပါတယ်။ သူဟာ Note 9 ရဲ့ ခြောက်ခုမြောက် အရောင် ဖြစ်လာမှာပါ။ လက်ဗွေရာ ဆန်ဆာနဲ့ ကင်မရာ အပါအဝင် ဖုန်းရဲ့ အနောက်ဘက်ဟာ လုံး၀ အဖြူရောင် ဖြစ်ပါတယ်။ ဒါ့အပြင် S Pen ကလည်း အဖြူရောင် ဖြစ်ပါတယ်။ အရှေ့ဘက် စကရင်ရဲ့ ဘေးဘောင်များကိုတော့ အနက်ရောင် ဖန်တီးထားပါတယ်။

ထိုင်ဝမ် ဒေါ်လာ ၃၀ ၉၀၀ ဖြင့် ရောင်းချမှာပါ။ ဒေါ်လာအားဖြင့် ၉၉၉ ကျသင့်ပါတယ်။ ထိုင်ဝမ်မှာ အဖြူရောင်မော်ဒယ်ကို လာမယ့်လ အစောပိုင်းမှာ Samsung ရဲ့ မြေပြင် အရောင်းဆိုင်များကနေ ရောင်းချမှာပါ။ သူ့ရဲ့ Specifications များက မူလမော်ဒယ်များနဲ့ တူညီပါတယ်။

Note 9 မှာ ၆.၄ လက်မ Super AMOLED Display တပ်ဆင်ထားပြီး 1440x2960p Resolution ဖြစ်ပါတယ်။ HDR10 နဲ Always On Display တို့ကို ထောက်ပံ့ပါတယ်။ အနောက်ဘက်မှာ OIS ပါတဲ့ 12MP Dual-Aperture F/1.5-2.4 Wide နဲ 12MP F/2.4 Telephoto Camera များပါပါတယ်။

အရှေ့ဘက်မှာ 8MP f/1.7 Camera ထည့်ထားပါတယ်။ ဖုန်းရော S Pen ပါ IP68 စံနှုန်းဖြင့် ရေစိုခံနိုင်ပါတယ်။ Exynos 9810 Octa-Core Chipset မောင်းနှင်ထားပါတယ်။ Note 9 ရဲ့ ဘက်ထရီကလည်း Note 8 ထက် ၂၀ ရာခိုင်နှုန်း ပိုကြီးတဲ့ 4000mAh ကို သုံးထားပါတယ်။

Leave a Reply