Huawei ရဲ႕ ထုတ္ကုန္မ်ားအား အျခား ႏုိင္ငံမ်ားမွာပါ ပိတ္ပင္ေအာင္ ႀကိဳးစားေနတဲ့ အေမရိကန္

0
770

အေမရိကန္က လံုျခံဳေရး အေၾကာင္းျပခ်က္ျဖင့္ သူ႕ႏုိင္ငံထဲမွာ ဟြာေ၀းရဲ႕ ထုတ္ကုန္မ်ားကို ပိတ္ပင္ေနပါတယ္။ အခုေတာ့ အျခား ႏုိင္ငံမ်ားမွာပါ ဟြာေ၀းရဲ႕ ထုတ္ကုန္မ်ားကို ပိတ္ပင္ဖို႔ ႀကိဳးစားေနတယ္လို႔ The Wall Street Journal က ေရးသားထားပါတယ္။ အေမရိကန္ အစိုးရ အာဏာပိုင္မ်ားက ဂ်ာမနီ၊ ဂ်ပန္နဲ႔ အီတလီႏိုင္ငံမွ အာဏာပိုင္မ်ားနဲ႔ ေတြ႕ဆံုၿပီးၿပီ ျဖစ္ၿပီး ဟြာေ၀းရဲ႕ အစိတ္အပိုင္းမ်ားကို မသံုးစြဲတဲ့ ႏိုင္ငံမ်ားအား ေငြေၾကး ေထာက္ပံ့မႈမ်ား ျပဳလုပ္ေပးဖို႔ စဥ္းစားေနတယ္လို႔ သတင္းမ်ားက ဆိုပါတယ္။

ဟြာေ၀းက တရုတ္ အစိုးရနဲ႔ ပတ္သက္မႈ မရွိဘူးလို႔ ေျပာထားေပမယ့္ အေမရိကန္ လႊတ္ေတာ္အမတ္တစ္ဦးက ဟြာေ၀းဟာ တရုတ္ အစိုးရရဲ႕ လက္တံတစ္ခုျဖစ္တယ္လို႔ ေျပာခဲ့ဖူးပါတယ္။ အေမရိကန္က အစိုးရ အရာရွိမ်ားအား ဟြာေ၀းရဲ႕ ဖုန္းမ်ားကို မသံုးဖို႔ ဒီႏွစ္ထဲမွာ ပိတ္ပင္ခဲ့ပါတယ္။

ဒါ့အျပင္ အေမရိကန္ စစ္အေျခစိုက္စခန္းမ်ား အနားမွ ဆိုင္မ်ားမွာ ဟြာေ၀း ထုတ္ကုန္မ်ား ေရာင္းခ်ျခင္းကို တားျမစ္ခဲ့့ပါတယ္။ ဒါေပမယ့္လည္း ႏိုင္ငံျခား တိုးျပည္မ်ားမွ အေမရိကန္ စစ္သားမ်ားဟာ ဟြာေ၀းရဲ႕ ထုတ္ကုန္မ်ားကို အသံုးျပဳၿပီး ဆက္သြယ္စကားေျပာၾကမွာကို အစိုးရက စိုးရိမ္လာတာျဖစ္ပါတယ္။ အထူးသျဖင့္ ဂ်ာမနီ၊ အီတလီနဲ႔ ဂ်ပန္တို႔လို အေမရိကန္ အေျခစိုက္ စစ္စခန္းမ်ား ရွိတဲ့ ႏိုင္ငံမ်ားမွာ ဟြာေ၀းရဲ႕ ကိရိယာမ်ားကို အသံုးျပဳမွာကို စိတ္ပူေနတာပါ။

ဟြာေ၀းဟာ ၾသစေၾတးလ်ရဲ႕ 5G ကြန္ယက္ကို တည္ေဆာက္ေပးဖို႔ အစီအစဥ္ ရွိခဲ့ေပမယ့္ ၾသစေၾတးလ် အစိုးရက လြန္ခဲ့တဲ့ လနည္းငယ္ကပဲ အဲဒီ အစီအစဥ္အား ပိတ္ပင္ခဲ့ပါတယ္။ ဟြာေ၀းရဲ႕ အစိတ္အပိုင္းမ်ားကို တြင္က်ယ္စြာ သံုးေနၾကတဲ့ ရင္းႏွီးတဲ့ ႏုိင္ငံမ်ားမွ အစိုးရမ်ား၊ ဆက္သြယ္ေရး ကုမၸဏီမ်ားနဲ႔ အေမရိကန္ အာဏာပိုင္မ်ားက စကားေျပာခဲ့ၾကတယ္လို႔ သိရပါတယ္။

unicode

Huawei ရဲ့ ထုတ်ကုန်များအား အခြား နိုင်ငံများမှာပါ ပိတ်ပင်အောင် ကြိုးစားနေတဲ့ အမေရိကန်

အမေရိကန်က လုံခြုံရေး အကြောင်းပြချက်ဖြင့် သူ့နိုင်ငံထဲမှာ ဟွာဝေးရဲ့ ထုတ်ကုန်များကို ပိတ်ပင်နေပါတယ်။ အခုတော့ အခြား နိုင်ငံများမှာပါ ဟွာဝေးရဲ့ ထုတ်ကုန်များကို ပိတ်ပင်ဖို့ ကြိုးစားနေတယ်လို့ The Wall Street Journal က ရေးသားထားပါတယ်။ အမေရိကန် အစိုးရ အာဏာပိုင်များက ဂျာမနီ၊ ဂျပန်နဲ့ အီတလီနိုင်ငံမှ အာဏာပိုင်များနဲ့ တွေ့ဆုံပြီးပြီ ဖြစ်ပြီး ဟွာဝေးရဲ့ အစိတ်အပိုင်းများကို မသုံးစွဲတဲ့ နိုင်ငံများအား ငွေကြေး ထောက်ပံ့မှုများ ပြုလုပ်ပေးဖို့ စဉ်းစားနေတယ်လို့ သတင်းများက ဆိုပါတယ်။

ဟွာဝေးက တရုတ် အစိုးရနဲ့ ပတ်သက်မှု မရှိဘူးလို့ ပြောထားပေမယ့် အမေရိကန် လွှတ်တော်အမတ်တစ်ဦးက ဟွာဝေးဟာ တရုတ် အစိုးရရဲ့ လက်တံတစ်ခုဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ အမေရိကန်က အစိုးရ အရာရှိများအား ဟွာဝေးရဲ့ ဖုန်းများကို မသုံးဖို့ ဒီနှစ်ထဲမှာ ပိတ်ပင်ခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန် စစ်အခြေစိုက်စခန်းများ အနားမှ ဆိုင်များမှာ ဟွာဝေး ထုတ်ကုန်များ ရောင်းချခြင်းကို တားမြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံခြား တိုးပြည်များမှ အမေရိကန် စစ်သားများဟာ ဟွာဝေးရဲ့ ထုတ်ကုန်များကို အသုံးပြုပြီး ဆက်သွယ်စကားပြောကြမှာကို အစိုးရက စိုးရိမ်လာတာဖြစ်ပါတယ်။ အထူးသဖြင့် ဂျာမနီ၊ အီတလီနဲ့ ဂျပန်တို့လို အမေရိကန် အခြေစိုက် စစ်စခန်းများ ရှိတဲ့ နိုင်ငံများမှာ ဟွာဝေးရဲ့ ကိရိယာများကို အသုံးပြုမှာကို စိတ်ပူနေတာပါ။

ဟွာဝေးဟာ သြစတြေးလျရဲ့ 5G ကွန်ယက်ကို တည်ဆောက်ပေးဖို့ အစီအစဉ် ရှိခဲ့ပေမယ့် သြစတြေးလျ အစိုးရက လွန်ခဲ့တဲ့ လနည်းငယ်ကပဲ အဲဒီ အစီအစဉ်အား ပိတ်ပင်ခဲ့ပါတယ်။ ဟွာဝေးရဲ့ အစိတ်အပိုင်းများကို တွင်ကျယ်စွာ သုံးနေကြတဲ့ ရင်းနှီးတဲ့ နိုင်ငံများမှ အစိုးရများ၊ ဆက်သွယ်ရေး ကုမ္ပဏီများနဲ့ အမေရိကန် အာဏာပိုင်များက စကားပြောခဲ့ကြတယ်လို့ သိရပါတယ်။

Leave a Reply