0
752
unicode
၁၁၅ ဒေါ်လာသာ ရှိတဲ့ Coolpad m3 ထွက်ရှိ
Coolpad က တရုတ်မှာ စမတ်ဖုန်း အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Coolpad m3 ဖြစ်ပြီး တရုတ်မှာ ယွမ် ၇၉၉ သတ်မှတ်ထားပါတယ်။ ၁၁၅ ဒေါ်လာ ဝန်းကျင်သာ ကျသင့်မှာ ဖြစ်ပါတယ်။ အနက်နဲ့ အပြာရောင်များ ထုတ်လုပ်ထားပါတယ်။ တရုတ်မှာ JD.com ကနေ ကြိုတင်မှာယူနိုင်ပါပြီ။ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။ အခြားနိုင်ငံများမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။
သူ့မှာ ၅.၈၅ လက်မ Notched Display ထည့်သွင်းထားပါတယ်။ AI Facial Recognition နည်းပညာလည်း ပါပါတယ်။ Android 8.1 Oreo မောင်းနှင်ထားပါတယ်။ 2800mAh Battery ပါပါတယ်။ အနောက်ကင်မရာ ၂ လုံး ထည့်သွင်းထားပါတယ်။
သူ့မှာ ၅.၈၅ လက်မ 1512x720p LCD Display ထည့်သွင်းထားပါတယ်။ Mali-T860 MP2 GPU ပါတဲ့ MediaTek MT6750 Processor ပါပါတယ်။ 4GB RAM , 32GB Storage များ ထည့်သွင်းထားပါတယ်။ microSD Card Slot လည်း ပါပါတယ်။ AI Face Recognition နဲ့ လက်ဗွေရာ အာရုံခံ နည်းပညာများကို လုံခြုံရေးအတွက် ထည့်သွင်းထားပါတယ်။
အနောက်ဘက်မှာ 13+5MP Dual Cameras များ ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ Face Unlock နဲ့ ှSelfie များအတွက် 5MP Camera ပါပါတယ်။ 4G, VoLTE, Wi-Fi, Bluetooth, GPS, A-GPS, GLONASS စတဲ့ ဆက်သွယ်မှုများ ပါပါတယ်။
Leave a Reply