ဓါးျဖင့္ျခစ္တာကို မမႈတဲ့ Huawei Mate 20 Pro

0
742

Huawei Mate 20 Pro ဟာ ထြက္ရွိၿပီးသမွ် စမတ္ဖုန္းမ်ားထဲမွာ အလန္းဆံုး တစ္လံုးပါ။ သူ႔မွာ အေနာက္ ကင္မရာ ၃ လံုး၊ Kirin 980 Processor နဲ႔ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာမ်ား ထည့္ထားပါတယ္။ အခုေတာ့ JerryRigEverything က သူ႔ရဲ႕ အၾကမ္းခံမႈကို စမ္းသပ္တဲ့ ဗီဒီယိုကို ျဖန္႔ခ်ီလိုက္ပါတယ္။ ဗီဒီယိုမွာ သူ႔ရဲ႕ အေနာက္ဘက္ ကိုယ္ထည္ဟာ ဓါးျဖင့္ ျခစ္တာေတာင္ ျခစ္ရာမ်ား မထင္က်န္တာကို ေတြ႕ရပါတယ္။

ဗီဒီယိုမွာ ျခစ္ရာ စမ္းသပ္မႈျဖင့္စတင္ထားပါတယ္။ ဖုန္းရဲ႕ အေရွ႕ဘက္က ျခစ္ရာမ်ား ထင္က်န္ခဲ့တာ ျဖစ္ေပမယ့္ ဒီလို ဖန္မ်ိဳးဟာ ဒီအတိုင္းပဲ ျဖစ္ပါတယ္။ ဖုန္းရဲ႕ Notch မွ စပီကာ၊ 24MP Camera နဲ႔ Face ID Sensor အားလံုးကို အဲဒီဖန္နဲ႔ပဲ ကာကြယ္ထားတာပါ။ ေဘးဘက္ခလုတ္မ်ားကို သတၱဳျဖင့္ ဖန္တီးထားပါတယ္။

ဖုန္းရဲ႕ အေနာက္ဘက္ကို စမ္းသပ္တဲ့ အခါမွာေတာ့ ျခစ္ရာမ်ား လံုး၀ ထင္က်န္ျခင္း မရွိပါဘူး။ ဒါဟာ အလြန္ အထင္ႀကီးစရာပါ။ အေနာက္ဘက္ဟာ လက္ေဗြရာမ်ားကိုလည္း မထင္က်န္ေစပါဘူး။ ေနာက္ထပ္ စမ္းသပ္မႈ ႏွစ္ခုမွာေတာ့ အေျခအေန မေကာင္းခဲ့ပါဘူး။ သူ႔ရဲ႕ မ်က္ႏွာျပင္ကို မီးျခစ္ရဲ႕ မီးနဲ႔ ၂၅ စကၠန္႔ၾကာ အပူေပးၾကည့္တဲ့ အခါမွာ Pixel မ်ားဟာ အပူေၾကာင့္ပ်က္ဆီးသြားပါတယ္။

Bend Test မွာေတာ့ အေရွ႕ စကရင္ဟာ အစိတ္စိတ္ ကြဲအက္သြားပါတယ္။ မာေက်ာမႈကိုစမ္းသပ္မႈ အားလံုးမွာ ဖုန္းဟာ ေကာင္းတဲ့ ၊ ဆိုးတဲ့ အခ်က္မ်ားစြာ ေရာေထြးေနပါတယ္။ ဒါေပမယ့္ အေနာက္ မ်က္ႏွာျပင္က အလြန္ မာေက်ာပါတယ္။

unicode

ဓါးဖြင့်ခြစ်တာကို မမှုတဲ့ Huawei Mate 20 Pro

Huawei Mate 20 Pro ဟာ ထွက်ရှိပြီးသမျှ စမတ်ဖုန်းများထဲမှာ အလန်းဆုံး တစ်လုံးပါ။ သူ့မှာ အနောက် ကင်မရာ ၃ လုံး၊ Kirin 980 Processor နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာများ ထည့်ထားပါတယ်။ အခုတော့ JerryRigEverything က သူ့ရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုကို ဖြန့်ချီလိုက်ပါတယ်။ ဗီဒီယိုမှာ သူ့ရဲ့ အနောက်ဘက် ကိုယ်ထည်ဟာ ဓါးဖြင့် ခြစ်တာတောင် ခြစ်ရာများ မထင်ကျန်တာကို တွေ့ရပါတယ်။

ဗီဒီယိုမှာ ခြစ်ရာ စမ်းသပ်မှုဖြင့်စတင်ထားပါတယ်။ ဖုန်းရဲ့ အရှေ့ဘက်က ခြစ်ရာများ ထင်ကျန်ခဲ့တာ ဖြစ်ပေမယ့် ဒီလို ဖန်မျိုးဟာ ဒီအတိုင်းပဲ ဖြစ်ပါတယ်။ ဖုန်းရဲ့ Notch မှ စပီကာ၊ 24MP Camera နဲ့ Face ID Sensor အားလုံးကို အဲဒီဖန်နဲ့ပဲ ကာကွယ်ထားတာပါ။ ဘေးဘက်ခလုတ်များကို သတ္တုဖြင့် ဖန်တီးထားပါတယ်။

ဖုန်းရဲ့ အနောက်ဘက်ကို စမ်းသပ်တဲ့ အခါမှာတော့ ခြစ်ရာများ လုံး၀ ထင်ကျန်ခြင်း မရှိပါဘူး။ ဒါဟာ အလွန် အထင်ကြီးစရာပါ။ အနောက်ဘက်ဟာ လက်ဗွေရာများကိုလည်း မထင်ကျန်စေပါဘူး။ နောက်ထပ် စမ်းသပ်မှု နှစ်ခုမှာတော့ အခြေအနေ မကောင်းခဲ့ပါဘူး။ သူ့ရဲ့ မျက်နှာပြင်ကို မီးခြစ်ရဲ့ မီးနဲ့ ၂၅ စက္ကန့်ကြာ အပူပေးကြည့်တဲ့ အခါမှာ Pixel များဟာ အပူကြောင့်ပျက်ဆီးသွားပါတယ်။

Bend Test မှာတော့ အရှေ့ စကရင်ဟာ အစိတ်စိတ် ကွဲအက်သွားပါတယ်။ မာကျောမှုကိုစမ်းသပ်မှု အားလုံးမှာ ဖုန်းဟာ ကောင်းတဲ့ ၊ ဆိုးတဲ့ အချက်များစွာ ရောထွေးနေပါတယ်။ ဒါပေမယ့် အနောက် မျက်နှာပြင်က အလွန် မာကျောပါတယ်။

Leave a Reply