Xiaomi ရဲ႕ စီအီးအိုက Mi Mix 3 တြင္ 5G ကို ေအာင္ျမင္စြာ စမ္းသပ္ထားတဲ့ ဓါတ္ပံုကို ျပသ

0
630

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၂၅ ရက္က တရုတ္ စမတ္ဖုန္း ထုတ္လုပ္သူ ေရွာင္မီက ေနာက္မ်ိဳးဆက္ Mi Mix Series Smartphone ကို ေၾကညာခဲ့ပါတယ္။ သူကေတာ့ Xiaomi Mi Mix 3 ျဖစ္ၿပီး Xiaomi ရဲ႕ Magnetic Slider Design ပါတဲ့ ပထမဆံုး စမတ္ဖုန္း ျဖစ္ပါတယ္။ အဲဒီ ဖုန္းကို ေၾကညာခဲ့တဲ့ ပြဲမွာ ေရွာင္မီက လာမယ့္ႏွစ္ ပထမ ကြာတားမွာ Mi Mix 3 ရဲ႕ 5G Version ကို ေရာင္းခ်မယ္လို႔ ေျပာခဲ့ပါတယ္။

အခုေတာ့ Xiaomi ရဲ႕ စီအီးအိုက Mi Mix 3 တြင္ 5G ကို ေအာင္ျမင္စြာ စမ္းသပ္ထားတဲ့ ဓါတ္ပံုကို ျပသလိုက္ပါတယ္။ တရုတ္ လူမႈကြန္ရက္ ၀ီဘိုမွာ ျပသလိုက္တာ ျဖစ္ၿပီး ဘယ္ဘက္ အေပၚေထာင့္မွာ Android Pie Logo နဲ႔ ညာဘက္အေပၚေထာင့္မွာ 5G Signal Flag ကို ျမင္ရပါတယ္။ အဲဒီအတြက္ ဖုန္းဟာ 5G ကြန္ယက္ကို ခ်ိတ္ဆက္ထားတာကို ျပသထားပါတယ္။

Mi Mix 3 မွာ 5G ကြန္ယက္ကို ေအာင္ျမင္စြာ စမ္းသပ္ၿပီးၿပီဆိုတဲ့ အဓိပၸါယ္ ျဖစ္ပါတယ္။ အဲဒီအတြက္ လာမယ့္ႏွစ္ ဇန္န၀ါရီမွာ က်င္းပမယ့္ CES သို႔မဟုတ္ ေဖေဖာ္၀ါရီမွာ က်င္းပမယ့္ MWC ပြဲမ်ားမွာ Mi Mix 3 ရဲ႕ 5G Model ကို ျပသႏုိင္ပါတယ္။ ေရွာင္မီ အျပင္ Samsung , OnePlus နဲ႔ Huawei တို႔ကလည္း 5G Smartphone မ်ားကို ဖန္တီးေနၾကပါတယ္။ OnePlus က လာမယ့္ႏွစ္ အေစာပိုင္းမွာ သူဟာ 5G Smartphone ထုတ္လုပ္တဲ့ အေစာဆံုး ကုမၸဏီမ်ားထဲမွ တစ္ခု ျဖစ္လာမယ္လို႔ ေၾကညာထားပါတယ္။

Mi Mix 3 ရဲ႕ 5G Model ဟာ Specs အပိုင္းမွာ မူလေမာ္ဒယ္နဲ႔ တူညီမွာ ျဖစ္ပါတယ္။ ဘယ္ကုမၸဏီက လာမယ့္ႏွစ္မွာ ပထမဆံုး 5G Smartphone ကို ထုတ္လုပ္ေရာင္းခ်ႏုိင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

unicode

Xiaomi ရဲ့ စီအီးအိုက Mi Mix 3 တွင် 5G ကို အောင်မြင်စွာ စမ်းသပ်ထားတဲ့ ဓါတ်ပုံကို ပြသ

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်က တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ ရှောင်မီက နောက်မျိုးဆက် Mi Mix Series Smartphone ကို ကြေညာခဲ့ပါတယ်။ သူကတော့ Xiaomi Mi Mix 3 ဖြစ်ပြီး Xiaomi ရဲ့ Magnetic Slider Design ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ အဲဒီ ဖုန်းကို ကြေညာခဲ့တဲ့ ပွဲမှာ ရှောင်မီက လာမယ့်နှစ် ပထမ ကွာတားမှာ Mi Mix 3 ရဲ့ 5G Version ကို ရောင်းချမယ်လို့ ပြောခဲ့ပါတယ်။

အခုတော့ Xiaomi ရဲ့ စီအီးအိုက Mi Mix 3 တွင် 5G ကို အောင်မြင်စွာ စမ်းသပ်ထားတဲ့ ဓါတ်ပုံကို ပြသလိုက်ပါတယ်။ တရုတ် လူမှုကွန်ရက် ဝီဘိုမှာ ပြသလိုက်တာ ဖြစ်ပြီး ဘယ်ဘက် အပေါ်ထောင့်မှာ Android Pie Logo နဲ့ ညာဘက်အပေါ်ထောင့်မှာ 5G Signal Flag ကို မြင်ရပါတယ်။ အဲဒီအတွက် ဖုန်းဟာ 5G ကွန်ယက်ကို ချိတ်ဆက်ထားတာကို ပြသထားပါတယ်။

Mi Mix 3 မှာ 5G ကွန်ယက်ကို အောင်မြင်စွာ စမ်းသပ်ပြီးပြီဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ အဲဒီအတွက် လာမယ့်နှစ် ဇန်နဝါရီမှာ ကျင်းပမယ့် CES သို့မဟုတ် ဖေဖော်ဝါရီမှာ ကျင်းပမယ့် MWC ပွဲများမှာ Mi Mix 3 ရဲ့ 5G Model ကို ပြသနိုင်ပါတယ်။ ရှောင်မီ အပြင် Samsung , OnePlus နဲ့ Huawei တို့ကလည်း 5G Smartphone များကို ဖန်တီးနေကြပါတယ်။ OnePlus က လာမယ့်နှစ် အစောပိုင်းမှာ သူဟာ 5G Smartphone ထုတ်လုပ်တဲ့ အစောဆုံး ကုမ္ပဏီများထဲမှ တစ်ခု ဖြစ်လာမယ်လို့ ကြေညာထားပါတယ်။

Mi Mix 3 ရဲ့ 5G Model ဟာ Specs အပိုင်းမှာ မူလမော်ဒယ်နဲ့ တူညီမှာ ဖြစ်ပါတယ်။ ဘယ်ကုမ္ပဏီက လာမယ့်နှစ်မှာ ပထမဆုံး 5G Smartphone ကို ထုတ်လုပ်ရောင်းချနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Leave a Reply