Samsung ေၾကာင့္ iPhone X ကို ျပန္လည္ ေရာင္းမယ့္ Apple

0
1713

The Wall Street Journal က ယခုႏွစ္ထုတ္ iPhone XS နဲ႔ XS Max မ်ားဟာ Apple ေမွ်ာ္မွန္းထားသေလာက္ ေရာင္း မေကာင္းခဲ့တဲ့အတြက္ ယခင္ႏွစ္ထုတ္ iPhone X ကို ျပန္လည္ ေရာင္းခ်ေတာ့မယ္လို႔ ေျပာပါတယ္။ Apple ဟာ Samsung ထံကေန OLED Display မ်ားကို ပမာဏ တစ္ခုအထိ ၀ယ္ယူမယ္လို႔ သေဘာတူထားတဲ့ အတြက္ ယခုလို iPhone X ကို ျပန္လည္ ေရာင္းခ်တာ ျဖစ္ပါတယ္။

iPhone X ဟာ iPhone XS နဲ႔ XS Max မ်ားထက္ ထုတ္လုပ္ရတဲ့ စားရိတ္က သက္သာပါတယ္။ Apple က iPhone XS မ်ား စတင္ ေရာင္းခ်တဲ့ အခ်ိန္မွာ iPhone X ကို ထုတ္လုပ္ေရာင္းခ်တာကို ရပ္နားခဲ့တာ ျဖစ္ပါတယ္။ Apple ဟာ ဆမ္ေဆာင္းထံကေန မွာယူမယ္လို႔ ကတိျပဳထားတဲ့ ပမာဏကို ျပည့္မွီေအာင္ မေရာင္းႏိုင္ခဲ့တာ တစ္ခုထဲ မဟုတ္ပါဘူး။ ႏို၀င္ဘာလ အေစာပိုင္းမွာ Apple က iPhone XR အစိတ္အပိုင္းမ်ားကို ေလွ်ာ့ခ်ထုတ္လုပ္ဖို႔ သူ႔ရဲ႕ ပါတနာမ်ားအား ေျပာၾကားခဲ့တယ္လို႔ သတင္းထြက္ခဲ့ဖူးပါတယ္။

Apple က XR ရဲ႕ အစိတ္အပိုင္းမ်ား ထုတ္လုပ္မႈကို ရပ္နားဖို႔ Foxconn နဲ႔ Pegatron တို႔ကို ေျပာထားတယ္လို႔ သိရပါတယ္။ Apple က Foxconn , Pegatron နဲ႔ Wistron တို႔အား သူ႔ရဲ႕ ဖုန္း အစိတ္အပိုင္းမ်ားကို ထုတ္လုပ္ဖုိ႔ အလုပ္အပ္ထားတာ ျဖစ္ပါတယ္။ အခုေတာ့ Apple က ေလွ်ာ့ခ်ထုတ္လုပ္ခုိင္းတဲ့ အတြက္ Foxconn ဟာ တစ္ရက္ကို အလံုးေရ ၁၀၀ ၀၀၀ ၀န္းက်င္ ေလွ်ာ့ခ်ထုတ္လုပ္ရေတာ့မွာ ျဖစ္ပါတယ္။ ဒါဟာ မူလလ်ာထားခ်က္ထက္ ၂၀ ကေန ၂၅ ရာခို္င္ႏႈန္း နည္းပါးသြားတာ ျဖစ္ပါတယ္။

အားလပ္ရက္ ရာသီမွာ iPhone XR ရဲ႕ ေရာင္းအားဟာ ေမွ်ာ္လင့္ထားတာထက္ နည္းပါးခဲ့ပါတယ္။ Apple က ဒီသတင္းမ်ားကိုေတာ့ တရား၀င္ ေၾကညာျခင္း မရွိခဲ့ပါဘူး။

unicode

Samsung ကြောင့် iPhone X ကို ပြန်လည် ရောင်းမယ့် Apple

The Wall Street Journal က ယခုနှစ်ထုတ် iPhone XS နဲ့ XS Max များဟာ Apple မျှော်မှန်းထားသလောက် ရောင်း မကောင်းခဲ့တဲ့အတွက် ယခင်နှစ်ထုတ် iPhone X ကို ပြန်လည် ရောင်းချတော့မယ်လို့ ပြောပါတယ်။ Apple ဟာ Samsung ထံကနေ OLED Display များကို ပမာဏ တစ်ခုအထိ ဝယ်ယူမယ်လို့ သဘောတူထားတဲ့ အတွက် ယခုလို iPhone X ကို ပြန်လည် ရောင်းချတာ ဖြစ်ပါတယ်။

iPhone X ဟာ iPhone XS နဲ့ XS Max များထက် ထုတ်လုပ်ရတဲ့ စားရိတ်က သက်သာပါတယ်။ Apple က iPhone XS များ စတင် ရောင်းချတဲ့ အချိန်မှာ iPhone X ကို ထုတ်လုပ်ရောင်းချတာကို ရပ်နားခဲ့တာ ဖြစ်ပါတယ်။ Apple ဟာ ဆမ်ဆောင်းထံကနေ မှာယူမယ်လို့ ကတိပြုထားတဲ့ ပမာဏကို ပြည့်မှီအောင် မရောင်းနိုင်ခဲ့တာ တစ်ခုထဲ မဟုတ်ပါဘူး။ နိုဝင်ဘာလ အစောပိုင်းမှာ Apple က iPhone XR အစိတ်အပိုင်းများကို လျှော့ချထုတ်လုပ်ဖို့ သူ့ရဲ့ ပါတနာများအား ပြောကြားခဲ့တယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။

Apple က XR ရဲ့ အစိတ်အပိုင်းများ ထုတ်လုပ်မှုကို ရပ်နားဖို့ Foxconn နဲ့ Pegatron တို့ကို ပြောထားတယ်လို့ သိရပါတယ်။ Apple က Foxconn , Pegatron နဲ့ Wistron တို့အား သူ့ရဲ့ ဖုန်း အစိတ်အပိုင်းများကို ထုတ်လုပ်ဖို့ အလုပ်အပ်ထားတာ ဖြစ်ပါတယ်။ အခုတော့ Apple က လျှော့ချထုတ်လုပ်ခိုင်းတဲ့ အတွက် Foxconn ဟာ တစ်ရက်ကို အလုံးရေ ၁၀၀ ၀၀၀ ဝန်းကျင် လျှော့ချထုတ်လုပ်ရတော့မှာ ဖြစ်ပါတယ်။ ဒါဟာ မူလလျာထားချက်ထက် ၂၀ ကနေ ၂၅ ရာခိုင်နှုန်း နည်းပါးသွားတာ ဖြစ်ပါတယ်။

အားလပ်ရက် ရာသီမှာ iPhone XR ရဲ့ ရောင်းအားဟာ မျှော်လင့်ထားတာထက် နည်းပါးခဲ့ပါတယ်။ Apple က ဒီသတင်းများကိုတော့ တရားဝင် ကြေညာခြင်း မရှိခဲ့ပါဘူး။

Leave a Reply