ကြာတား ၃ မွာ တစ္ကမာၻလံုးတြင္ ဖုန္း ေရာင္းအား အေကာင္းဆံုး ျဖစ္သြားတဲ့ Samsung

0
813

Samsung က တစ္ကမာၻလံုးမွာ ေရာင္းအား အေကာင္းဆံုး စမတ္ဖုန္း ထုတ္လုပ္သူ ဘြဲ႕ကို ဆက္ထိန္းထားပါတယ္။ ယခုႏွစ္ ကြာတား ၃ ျဖစ္တဲ့ ဇူလိုင္လနဲ႔ စက္တင္ဘာလအတြင္းမွာ ဆမ္ေဆာင္းကပဲ ေရာင္းအား အေကာင္းဆံုး ျဖစ္လာတယ္လို႔ Counterpoint Research ရဲ႕ သုေတသန စစ္တမ္းက ေဖာ္ျပထားပါတယ္။

ကြာတား ၃ မွာ ဆမ္ေဆာင္းက ေစ်းကြက္ေ၀စု ၁၉ ရာခုိင္ႏႈန္း ၊ Huawei က ၁၄ နဲ႔ Apple က ၁၂ ရာခုိင္ႏႈန္း ပိုင္ဆိုင္ထားပါတယ္။ Xiaomi နဲ႔ Oppo တို႔က တူညီစြာျဖင့္ ၉ ရာခုိင္ႏႈန္း ပိုင္ဆိုင္ထားပါတယ္။ Vivo က ၈ နဲ႔ Lenovo က ၃ ရာခုိင္ႏႈန္း ရရွိထားပါတယ္။

Counterpoint Research က ကြာတား ၃ ရဲ႕ ဖုန္း ေရာင္းအားမ်ားကို အာရွ၊ ဥေရာပ၊ ေျမာက္ အေမရိကနဲ႔ လက္တင္အေမရိက စသျဖင့္ တိုက္ႀကီးမ်ားအလိုက္လည္း ခြဲျခား ေဖာ္ျပထားပါတယ္။ အဲဒီ စာရင္းကို ေအာက္ပါ ပံုမွာ ေလ့လာႏုိင္ပါတယ္။ အာရွမွာ Oppo , Huawei , Vivo, Xiaomi , Samsung တို႔က အစဥ္လိုက္ ရပ္တည္ေနပါတယ္။ အာရွေစ်းကြက္မွာ တရုတ္ ဘရန္းမ်ားက ပိုေအာင္ျမင္ေနပါတယ္။

ဥေရာပ ေစ်းကြက္ကို ဆမ္ေဆာင္းက သိမ္းပိုက္ထားပါတယ္။ ေျမာက္အေမရိကမွာေတာ့ Apple ကို ဘယ္သူမွ မယွဥ္ႏုိင္ပါဘူး။ ၂၀၁၈ ခုႏွစ္ရဲ႕ ကြာတား ၃ ဟာ ၂၀၁၇ ခုႏွစ္ ကြာတား ၃ နဲ႔ ႏိႈင္းယွဥ္ရင္ ဖုန္း ေရာင္းအား ၅ ရာခုိင္ႏႈန္း က်ဆင္းသြားပါတယ္။ စုစုေပါင္း အေနနဲ႔ ဖုန္း အလံုးေရ သန္း ၃၈၀ ေရာင္းခ်ခဲ့ရပါတယ္။

unicode

ကွာတား ၃ မှာ တစ်ကမ္ဘာလုံးတွင် ဖုန်း ရောင်းအား အကောင်းဆုံး ဖြစ်သွားတဲ့ Samsung

Samsung က တစ်ကမ္ဘာလုံးမှာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ထုတ်လုပ်သူ ဘွဲ့ကို ဆက်ထိန်းထားပါတယ်။ ယခုနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လနဲ့ စက်တင်ဘာလအတွင်းမှာ ဆမ်ဆောင်းကပဲ ရောင်းအား အကောင်းဆုံး ဖြစ်လာတယ်လို့ Counterpoint Research ရဲ့ သုတေသန စစ်တမ်းက ဖော်ပြထားပါတယ်။

ကွာတား ၃ မှာ ဆမ်ဆောင်းက ဈေးကွက်ဝေစု ၁၉ ရာခိုင်နှုန်း ၊ Huawei က ၁၄ နဲ့ Apple က ၁၂ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ Xiaomi နဲ့ Oppo တို့က တူညီစွာဖြင့် ၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ Vivo က ၈ နဲ့ Lenovo က ၃ ရာခိုင်နှုန်း ရရှိထားပါတယ်။

Counterpoint Research က ကွာတား ၃ ရဲ့ ဖုန်း ရောင်းအားများကို အာရှ၊ ဥရောပ၊ မြောက် အမေရိကနဲ့ လက်တင်အမေရိက စသဖြင့် တိုက်ကြီးများအလိုက်လည်း ခွဲခြား ဖော်ပြထားပါတယ်။ အဲဒီ စာရင်းကို အောက်ပါ ပုံမှာ လေ့လာနိုင်ပါတယ်။ အာရှမှာ Oppo , Huawei , Vivo, Xiaomi , Samsung တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။ အာရှဈေးကွက်မှာ တရုတ် ဘရန်းများက ပိုအောင်မြင်နေပါတယ်။

ဥရောပ ဈေးကွက်ကို ဆမ်ဆောင်းက သိမ်းပိုက်ထားပါတယ်။ မြောက်အမေရိကမှာတော့ Apple ကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး။ ၂၀၁၈ ခုနှစ်ရဲ့ ကွာတား ၃ ဟာ ၂၀၁၇ ခုနှစ် ကွာတား ၃ နဲ့ နှိုင်းယှဉ်ရင် ဖုန်း ရောင်းအား ၅ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ စုစုပေါင်း အနေနဲ့ ဖုန်း အလုံးရေ သန်း ၃၈၀ ရောင်းချခဲ့ရပါတယ်။

Leave a Reply