Samsung Galaxy Note 9 ရဲ႕ အျဖဴေရာင္ ေမာ္ဒယ္ကို မနက္ျဖန္ ေရာင္းမည္

0
629

စမတ္ဖုန္း သတင္းမ်ားကို ႀကိဳတင္ဖြင့္ထုတ္ရာမွာ နာမည္ႀကီးတဲ့ Evan Blass က ထိုင္၀မ္မွာ မနက္ျဖန္တြင္ Note 9 ရဲ႕ Pure White Model ကို ေရာင္းခ်ေပးေတာ့မယ္လို႔ ေျပာပါတယ္။ ဖုန္းကိုယ္ထည္ တစ္ခုလံုးသာမက S Pen ကိုလည္း အျဖဴေရာင္ ဖန္တီးေပးထားတာကို ေပါက္ၾကားထြက္ေပၚလာတဲ့ဓါတ္ပံုမွာ ျမင္ရပါတယ္။

ဆမ္ေဆာင္းက Note 9 ကို မိတ္ဆက္စဥ္မွာ Metallic Copper, Lavender Purple, Ocean Blue, Midnight Black အေရာင္မ်ားကို ထုတ္လုပ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာ Cloud Silver ကို ေရာင္းခ်ခဲ့ပါတယ္။ Pure White ဟာ Note 9 ရဲ႕ ေျခာက္ခုေျမာက္ အေရာင္ ျဖစ္လာမွာပါ။ ထိုင္၀မ္မွာေတာ့ Note 9 ရဲ႕ 6/128GB ကို ေဒၚလာ ၁၀၀၀ ၊ 512GB Version ကို ၁၂၅၀ ေဒၚလာ သတ္မွတ္ထားပါတယ္။

Pure White ဟာ အေရာင္သာ ကြဲျပားၿပီး Specs နဲ႔ ေစ်းႏႈန္းဟာ မူလေမာ္ဒယ္မ်ားနဲ႔ တူညီႏုိင္ပါတယ္။ သူ႔မွာ 512GB microSD Card လည္း စိုက္ႏုိင္တဲ့ အတြက္ Note 9 မွာ စုစုေပါင္း 1TB အထိ ေဒတာမ်ား သိမ္းႏုိင္ပါတယ္။ ဓါတ္ပံုနဲ႔ ဗီဒီယိုေတြ ရွယ္သိမ္းခ်င္သူမ်ားအတြက္ အရမ္းမိုက္တဲ့ စမတ္ဖုန္း ျဖစ္ပါတယ္။

Note 9 မွာ Note 8 ထက္ ၀.၁ လက္မ ပိုႀကီးတဲ့ ၆.၄ လက္မ 1440x2960p Display တပ္ဆင္ထားၿပီး Super AMOLED အမ်ိဳးအစားပါ။ HDR10 နဲ Always On Display ကို ေထာက္ပံ့ပါတယ္။ ဘက္ထရီကလည္း ၂၀ ရာခုိင္ႏႈန္း ပိုႀကီးတဲ့ 4000mAh ကို သံုးထားပါတယ္။

unicode

Samsung Galaxy Note 9 ရဲ့ အဖြူရောင် မော်ဒယ်ကို မနက်ဖြန် ရောင်းမည်

စမတ်ဖုန်း သတင်းများကို ကြိုတင်ဖွင့်ထုတ်ရာမှာ နာမည်ကြီးတဲ့ Evan Blass က ထိုင်ဝမ်မှာ မနက်ဖြန်တွင် Note 9 ရဲ့ Pure White Model ကို ရောင်းချပေးတော့မယ်လို့ ပြောပါတယ်။ ဖုန်းကိုယ်ထည် တစ်ခုလုံးသာမက S Pen ကိုလည်း အဖြူရောင် ဖန်တီးပေးထားတာကို ပေါက်ကြားထွက်ပေါ်လာတဲ့ဓါတ်ပုံမှာ မြင်ရပါတယ်။

ဆမ်ဆောင်းက Note 9 ကို မိတ်ဆက်စဉ်မှာ Metallic Copper, Lavender Purple, Ocean Blue, Midnight Black အရောင်များကို ထုတ်လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Cloud Silver ကို ရောင်းချခဲ့ပါတယ်။ Pure White ဟာ Note 9 ရဲ့ ခြောက်ခုမြောက် အရောင် ဖြစ်လာမှာပါ။ ထိုင်ဝမ်မှာတော့ Note 9 ရဲ့ 6/128GB ကို ဒေါ်လာ ၁၀၀၀ ၊ 512GB Version ကို ၁၂၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Pure White ဟာ အရောင်သာ ကွဲပြားပြီး Specs နဲ့ ဈေးနှုန်းဟာ မူလမော်ဒယ်များနဲ့ တူညီနိုင်ပါတယ်။ သူ့မှာ 512GB microSD Card လည်း စိုက်နိုင်တဲ့ အတွက် Note 9 မှာ စုစုပေါင်း 1TB အထိ ဒေတာများ သိမ်းနိုင်ပါတယ်။ ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ရှယ်သိမ်းချင်သူများအတွက် အရမ်းမိုက်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

Note 9 မှာ Note 8 ထက် ဝ.၁ လက်မ ပိုကြီးတဲ့ ၆.၄ လက်မ 1440x2960p Display တပ်ဆင်ထားပြီး Super AMOLED အမျိုးအစားပါ။ HDR10 နဲ Always On Display ကို ထောက်ပံ့ပါတယ်။ ဘက်ထရီကလည်း ၂၀ ရာခိုင်နှုန်း ပိုကြီးတဲ့ 4000mAh ကို သုံးထားပါတယ်။

Leave a Reply