တန္ဖုိးနည္း Apple TV လာမည္

0
910

Apple က တန္ဖိုးနည္း Streaming Device ကုိ ထုတ္လုပ္ေရာင္းခ်မယ္လို႔ The Information က ေျပာပါတယ္။ အဲဒီ အတြက္ တန္ဖိုးနည္း Streaming Device ေစ်းကြက္မွာ ေအာင္ျမင္ေနတဲ့ Roku , Amazon Fire TV Stick မ်ားကိုယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။

Apple ဟာ လာမယ့္ႏွစ္ မတ္လမွာ Streaming Service ကို ျပဳလုပ္ဖို႔ ရွိတဲ့ အတြက္ တန္ဖိုးနည္း Streaming Device ကို ထုတ္လုပ္ေရာင္းခ်မယ္ဆိုတာ အဓိပၸါယ္ရွိပါတယ္။ Streaming Service ကို iPhone, iPad, Apple TV မ်ားကေန အခမဲ့ ၾကည့္ရႈႏုိင္မွာ ျဖစ္ပါတယ္။ ေနာက္ဆံုးထုတ္ Apple TV 4K Model ဟာ ၁၇၉ နဲ႔ 4K မဟုတ္တဲ့ Model ဟာ ၁၅၀ ေဒၚလာ ရွိပါတယ္။ အဲဒီအတြက္တန္ဖိုးနည္း Streaming Device ဟာ Apple Streaming Service ကို လူသံုးမ်ားလာေစမွာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ Amazon နဲ႔ Roku Device မ်ားဟာ ၂၅ နဲ႔ ၃၀ ေဒၚလာ အသီးသီးသာ ရွိပါတယ္။ Google Chromecast ရဲ႕ Full HD Version ဟာ ၃၅ ေဒၚလာနဲ႔ 4K Ultra Model ဟာ ၆၉ ေဒၚလာသာ ရွိပါတယ္။ အဲဒီအတြက္ လက္ရွိ Apple TV ဟာ ၿပိဳင္ဖက္မ်ားထက္ အလြန္ ေစ်းမ်ားေနပါတယ္။

လာမယ့္ႏွစ္ မတ္လမွာ ႏိုင္ငံေပါင္း ၁၀၀ မွာ ျဖန္႔ခ်ီမယ္လုိ႔ သတင္းထြက္ေနတဲ့ Apple ရဲ႕ Streaming Service အတြက္ Apple က ေဒၚလာ ၁ ဘီလီယမ္ေက်ာ္ဖိုး အသံုးျပဳထားၿပီးပါၿပီ။ CNBC က Apple ရဲ႕ ရုပ္ရွင္နဲ႔ ရိႈးမ်ားကို iPhone, iPad မ်ားကေန အခမဲ့ ၾကည့္ရႈႏုိင္မယ္လို႔ ေျပာပါတယ္။

unicode

တန်ဖိုးနည်း Apple TV လာမည်

Apple က တန်ဖိုးနည်း Streaming Device ကို ထုတ်လုပ်ရောင်းချမယ်လို့ The Information က ပြောပါတယ်။ အဲဒီ အတွက် တန်ဖိုးနည်း Streaming Device ဈေးကွက်မှာ အောင်မြင်နေတဲ့ Roku , Amazon Fire TV Stick များကိုယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Apple ဟာ လာမယ့်နှစ် မတ်လမှာ Streaming Service ကို ပြုလုပ်ဖို့ ရှိတဲ့ အတွက် တန်ဖိုးနည်း Streaming Device ကို ထုတ်လုပ်ရောင်းချမယ်ဆိုတာ အဓိပ္ပါယ်ရှိပါတယ်။ Streaming Service ကို iPhone, iPad, Apple TV များကနေ အခမဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံးထုတ် Apple TV 4K Model ဟာ ၁၇၉ နဲ့ 4K မဟုတ်တဲ့ Model ဟာ ၁၅၀ ဒေါ်လာ ရှိပါတယ်။ အဲဒီအတွက်တန်ဖိုးနည်း Streaming Device ဟာ Apple Streaming Service ကို လူသုံးများလာစေမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Amazon နဲ့ Roku Device များဟာ ၂၅ နဲ့ ၃၀ ဒေါ်လာ အသီးသီးသာ ရှိပါတယ်။ Google Chromecast ရဲ့ Full HD Version ဟာ ၃၅ ဒေါ်လာနဲ့ 4K Ultra Model ဟာ ၆၉ ဒေါ်လာသာ ရှိပါတယ်။ အဲဒီအတွက် လက်ရှိ Apple TV ဟာ ပြိုင်ဖက်များထက် အလွန် ဈေးများနေပါတယ်။

လာမယ့်နှစ် မတ်လမှာ နိုင်ငံပေါင်း ၁၀၀ မှာ ဖြန့်ချီမယ်လို့ သတင်းထွက်နေတဲ့ Apple ရဲ့ Streaming Service အတွက် Apple က ဒေါ်လာ ၁ ဘီလီယမ်ကျော်ဖိုး အသုံးပြုထားပြီးပါပြီ။ CNBC က Apple ရဲ့ ရုပ်ရှင်နဲ့ ရှိုးများကို iPhone, iPad များကနေ အခမဲ့ ကြည့်ရှုနိုင်မယ်လို့ ပြောပါတယ်။

Leave a Reply