Xiaomi Redmi 6 Pro နဲ႔ ပထမမ်ိဳးဆက္ Mi Max အတြက္ MIUI 10 ရၿပီ

0
738

လြန္ခဲ့တဲ့ ႏွစ္ပတ္က MIUI 10 Update ကို ဒုတိယ အသုတ္အေနနဲ႔ ျဖန္႔ခ်ီေပးခဲ့ပါတယ္။ အခုေတာ့ တတိယ အသုတ္ကို ျဖန္႔ခ်ီေပးလိုက္ပါတယ္။ ဒီအသုတ္မွာ Redmi 6 Pro ၊ ပထမမ်ိဳးဆက္ Mi Max ( Mi Max Prime လည္းပါပါတယ္။ ) တို႔ ပါ၀င္ပါတယ္။ MIUI 10 မွာ Full Screen Gestures နဲ႔ အျခား လုပ္ေဆာင္ခ်က္ အသစ္မ်ား ပါပါတယ္။

Xiaomi Redmi 6 Pro Update ရဲ႕ ေမာ္ဒယ္နံပါတ္မွာ V10.0.1.0.ODMMIFH ျဖစ္ၿပီး 609MB ျဖစ္ပါတယ္။ Mi Max Update ကေတာ့ 307MB ေလာက္သာ ရွိပါတယ္။ သူ႔ရဲ႕ ေမာ္ဒယ္နံပါတ္မွာ V10.1.1.0.NBDMIFI ျဖစ္ပါတယ္။ ဗားရွင္းႏွစ္ခုစလံုးမွာ Software Button ၃ ခုကို ဖယ္ရွားထားေပမယ့္ သင္ အလိုရွိရင္ Settings ထဲမွာ ျပင္ဆင္သတ္မွတ္ႏုိင္ပါတယ္။

Notifications မ်ားမွာ သဘာ၀ အသံမ်ား ထည့္သြင္းထားပါတယ္။ AI လုပ္ေဆာင္ခ်က္က တိုးတက္လာပါတယ္။ Notification Panel ကို ဒီဇိုင္းျပင္ဆင္ထားပါတယ္။ Volume Slider ကို သံုးရတာ ပို အဆင္ေျပလာပါတယ္။ Redmi 6 Pro အတြက္ Update ကို Over-the-air ကေန ရယူႏိုင္ပါတယ္။ Mi Max အတြက္ Zip File ကို ေဒါင္းလုပ္လုပ္ၿပီး အင္စေတာ လုပ္ရမွာျဖစ္ပါတယ္။

unicode

Xiaomi Redmi 6 Pro နဲ့ ပထမမျိုးဆက် Mi Max အတွက် MIUI 10 ရပြီ

လွန်ခဲ့တဲ့ နှစ်ပတ်က MIUI 10 Update ကို ဒုတိယ အသုတ်အနေနဲ့ ဖြန့်ချီပေးခဲ့ပါတယ်။ အခုတော့ တတိယ အသုတ်ကို ဖြန့်ချီပေးလိုက်ပါတယ်။ ဒီအသုတ်မှာ Redmi 6 Pro ၊ ပထမမျိုးဆက် Mi Max ( Mi Max Prime လည်းပါပါတယ်။ ) တို့ ပါဝင်ပါတယ်။ MIUI 10 မှာ Full Screen Gestures နဲ့ အခြား လုပ်ဆောင်ချက် အသစ်များ ပါပါတယ်။

Xiaomi Redmi 6 Pro Update ရဲ့ မော်ဒယ်နံပါတ်မှာ V10.0.1.0.ODMMIFH ဖြစ်ပြီး 609MB ဖြစ်ပါတယ်။ Mi Max Update ကတော့ 307MB လောက်သာ ရှိပါတယ်။ သူ့ရဲ့ မော်ဒယ်နံပါတ်မှာ V10.1.1.0.NBDMIFI ဖြစ်ပါတယ်။ ဗားရှင်းနှစ်ခုစလုံးမှာ Software Button ၃ ခုကို ဖယ်ရှားထားပေမယ့် သင် အလိုရှိရင် Settings ထဲမှာ ပြင်ဆင်သတ်မှတ်နိုင်ပါတယ်။

Notifications များမှာ သဘာ၀ အသံများ ထည့်သွင်းထားပါတယ်။ AI လုပ်ဆောင်ချက်က တိုးတက်လာပါတယ်။ Notification Panel ကို ဒီဇိုင်းပြင်ဆင်ထားပါတယ်။ Volume Slider ကို သုံးရတာ ပို အဆင်ပြေလာပါတယ်။ Redmi 6 Pro အတွက် Update ကို Over-the-air ကနေ ရယူနိုင်ပါတယ်။ Mi Max အတွက် Zip File ကို ဒေါင်းလုပ်လုပ်ပြီး အင်စတော လုပ်ရမှာဖြစ်ပါတယ်။

Leave a Reply