Xiaomi Mi Mix 3 ကို ဥေရာပမွာ ေရာင္းခ်ေတာ့မည္

0
666

ေရွာင္မီက ေအာက္တိုဘာလမွာ တရုတ္တြင္ Mi Mix 3 ကို ေၾကညာခဲ့ပါတယ္။ လက္ရွိမွာ တရုတ္မွာသာ သူ႔ကို ၀ယ္ယူႏိုင္ပါေသးတယ္။ အခုေတာ့ သူ႔ကို ဥေရာပမွာ ေရာင္းခ်ေပးေတာ့မယ္လို႔ ထင္ရပါတယ္။ Mi Mix 3 ကို Bluetooth SIG နဲ႔ EEC ႏွစ္ခုစလံုးမွာ မွတ္ပံုတင္ထားပါတယ္။ ဒါ့အျပင္ Amazon Germany ထံကေန Mi Mix 3 ကို ဒီဇင္ဘာလ ၁ ရက္ေန႔မွာ စတင္ ၀ယ္ယူႏုိင္မယ္လို႔လည္း သတင္းထြက္လာပါတယ္။

Mi Mix 3 မွာ Selfie Slider Camera နဲ႔ စြမ္းရည္ျမင့္ အစိတ္အပိုင္းမ်ား ပါပါတယ္။ သူ႔မွာ ၆.၄ လက္မ AMOLED Full HD+ Display ထည့္သြင္းထားၿပီး Screen-to-body Ratio မွာ ၉၃.၄ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။ Slider မွာ 24+2MP Camera မ်ားကို တပ္ဆင္ထားၿပီး ေရွာင္မီက Low Light မွာ စြမ္းရည္ အလြန္ျမင့္မားတယ္လို႔ ေျပာပါတယ္။

အေနာက္ဘက္မွာ 12+2MP Camera မ်ား ထည့္ေပးထားပါတယ္။ AI Scene Recognition နဲ႔ AI Engine က ေထာက္ကူထားတဲ့ 960fps Slow-mo Video မ်ား ပါပါတယ္။ Snapdragon 845 Chipset ေမာင္းႏွင္ထားပါတယ္။ MIUI 10 ထည့္သြင္းထားပါတယ္။

6/128 GB ကို CNY3,299 ($474/€420), 8/128 GB ကို CNY3,599 ($515/€450), နဲ႔ 8/256 GB ကို CNY3,999 ($575/€505) သတ္မွတ္ထားပါတယ္။ Jade Green, Sapphire Blue, Onyx Black မ်ား ထုတ္လုပ္ေပးထားပါတယ္။ 10GB RAM Version ကို Forbidden City လို႔ အမည္ေပးထားၿပီး တစ္မူထူးျခားတဲ့ အျပာေရာင္ ဖန္တီးထားပါတယ္။ CNY4,999 ($720/€630) သတ္မွတ္ထားပါတယ္။

unicode

Xiaomi Mi Mix 3 ကို ဥရောပမှာ ရောင်းချတော့မည်

ရှောင်မီက အောက်တိုဘာလမှာ တရုတ်တွင် Mi Mix 3 ကို ကြေညာခဲ့ပါတယ်။ လက်ရှိမှာ တရုတ်မှာသာ သူ့ကို ဝယ်ယူနိုင်ပါသေးတယ်။ အခုတော့ သူ့ကို ဥရောပမှာ ရောင်းချပေးတော့မယ်လို့ ထင်ရပါတယ်။ Mi Mix 3 ကို Bluetooth SIG နဲ့ EEC နှစ်ခုစလုံးမှာ မှတ်ပုံတင်ထားပါတယ်။ ဒါ့အပြင် Amazon Germany ထံကနေ Mi Mix 3 ကို ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင် ဝယ်ယူနိုင်မယ်လို့လည်း သတင်းထွက်လာပါတယ်။

Mi Mix 3 မှာ Selfie Slider Camera နဲ့ စွမ်းရည်မြင့် အစိတ်အပိုင်းများ ပါပါတယ်။ သူ့မှာ ၆.၄ လက်မ AMOLED Full HD+ Display ထည့်သွင်းထားပြီး Screen-to-body Ratio မှာ ၉၃.၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။ Slider မှာ 24+2MP Camera များကို တပ်ဆင်ထားပြီး ရှောင်မီက Low Light မှာ စွမ်းရည် အလွန်မြင့်မားတယ်လို့ ပြောပါတယ်။

အနောက်ဘက်မှာ 12+2MP Camera များ ထည့်ပေးထားပါတယ်။ AI Scene Recognition နဲ့ AI Engine က ထောက်ကူထားတဲ့ 960fps Slow-mo Video များ ပါပါတယ်။ Snapdragon 845 Chipset မောင်းနှင်ထားပါတယ်။ MIUI 10 ထည့်သွင်းထားပါတယ်။

6/128 GB ကို CNY3,299 ($474/€420), 8/128 GB ကို CNY3,599 ($515/€450), နဲ့ 8/256 GB ကို CNY3,999 ($575/€505) သတ်မှတ်ထားပါတယ်။ Jade Green, Sapphire Blue, Onyx Black များ ထုတ်လုပ်ပေးထားပါတယ်။ 10GB RAM Version ကို Forbidden City လို့ အမည်ပေးထားပြီး တစ်မူထူးခြားတဲ့ အပြာရောင် ဖန်တီးထားပါတယ်။ CNY4,999 ($720/€630) သတ်မှတ်ထားပါတယ်။

Leave a Reply