Samsung က 5G ကြန္ယက္သံုး ၾကီးမားတဲ့မ်က္နွာျပင္နဲ႔ ကင္မရာ ၆ လံုးပါမယ့္ Galaxy S10 ကိုျဖန္႔ခ်ီေတာ့မည္

0
984

Zawgyi version

Samsung  ကသိပ္မၾကာခင္မွာပဲ “Beyond X” လို႔ေခၚတ့ဲ Galaxy S10 ကိုုျဖန္႔ခ်ီေတာ့မွာပဲ ျဖစ္ပါတယ္။ သူကေတာ့ 5G ကြန္ယက္ကိုေထာက္ပံ့ေပးထားျပီး ၾကီးမားတဲ့မ်က္နွာျပင္ကုိမွ ကင္မရာ ၆ လံုးနဲ႔ ထြက္ရွိလာမွာပဲ ျဖစ္ပါတယ္။ သူ႔ရဲ႕မ်က္နွာျပင္က 6.7လက္မရွိျပီးေတာ့ 6.4 လက္မရွိတဲ့ Galaxy Note9 ထက္ အနည္းငယ္ ပိုၾကီးမားပါတယ္။

Galaxy S10 ကိုေတာ့ မ်က္နွာျပင္ 5.8 လက္မကေန 6.4 လက္မအထိ “Beyond 0”, “Beyond 1”, နဲ႔ “Beyond 2” လို႔ေခၚတဲ့ ေမာ္ဒယ္ ၃ မ်ိဳးနဲ႔ ထြက္ရွိမွာျဖစ္ပါတယ္။ သူတို႔ကေတာ့ ကင္မရာ ၃ လံုးကေန ၅ လံုးအထိပါ၀င္နို္င္ပါတယ္။ သူတို႔ကိုိုေတာ့ ေနာက္နွစ္ေဖေဖာ္၀ါရီလေလာက္မွာ မိတ္ဆက္မွာပဲ ျဖစ္ပါတယ္။ Samsung ရဲ႕ foldable စမတ္ဖုန္းေတြကိုေတာ့ မတ္လေလာက္မွာ မိတ္ဆက္မွာပဲ ျဖစ္ပါတယ္။

Samsung ကထြက္ရွိခဲ့တဲ့ဖုန္းေတြထဲမွာေတာ့ Galaxy Note9 က 6.4 လက္မမ်က္နွာျပင္နဲ႔ မ်က္နွာျပင္အၾကီးမားဆံုးဖုန္းလို႔လဲ ေျပာလို႔ရပါတယ္။ ဒါေပမယ့္ ေနာက္နွစ္မွာေတာ့ Galaxy S10

က 6.7လက္မမ်က္နွာျပင္နဲ႔ ထြက္ရွိခဲ့တဲ့ဖုန္းေတြထဲမွာ မ်က္နွာျပင္အၾကီးမားဆံုးလို႔ ေျပာလို႔ရနိုင္ပါတယ္။ ကင္မရာ ၆ လံုးခ်င္းတူတဲ့ Huawei ရဲ႕ Magic 2 ကေတာ့ ေနာက္ေက်ာဘက္ကင္မရာ ၃ လံုးနဲ႔ အေရွ႕ဘက္ ကင္မရာ ၃ လံုးတို႔ထြက္ရွိထားတာပဲ ျဖစ္ပါတယ္။ Samsung Galaxy S10 ကေတာ့ ေနာက္ေက်ာဘက္ ကင္မရာ ၄ လံုးနဲ႔ အေရွ႕ဘက္ ကင္မရာ ၂ လံုး စုစုေပါင္း ကင္မရာ ၆ လံုးပါ၀င္မွာပဲ ျဖစ္ပါတယ္။ ယခုကေတာ့ သတင္းထြက္ရွိထားတာျဖစ္ျပီး တကယ္ပြဲထြက္လာတဲ့အခ်ိန္ သူေျပာသလိုပဲ ကင္မရာေတြကို အဲ့လိုပဲ တပ္ဆင္ထားသလား ဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Unicode version

Samsung ကသိပ်မကြာခင်မှာပဲ “Beyond X” လို့ခေါ်တဲ့ Galaxy S10 ကိုဖြန့်ချီတော့မှာပဲ ဖြစ်ပါတယ်။ သူကတော့ 5G ကွန်ယက်ကိုထောက်ပံ့ပေးထားပြီး ကြီးမားတဲ့မျက်နှာပြင်ကိုမှ ကင်မရာ ၆ လုံးနဲ့ ထွက်ရှိလာမှာပဲ ဖြစ်ပါတယ်။ သူ့ရဲ့မျက်နှာပြင်က 6.7လက်မရှိပြီးတော့ 6.4 လက်မရှိတဲ့ Galaxy Note9 ထက် အနည်းငယ် ပိုကြီးမားပါတယ်။
Galaxy S10 ကိုတော့ မျက်နှာပြင် 5.8 လက်မကနေ 6.4 လက်မအထိ “Beyond 0”, “Beyond 1”, နဲ့ “Beyond 2” လို့ခေါ်တဲ့ မော်ဒယ် ၃ မျိုးနဲ့ ထွက်ရှိမှာဖြစ်ပါတယ်။ သူတို့ကတော့ ကင်မရာ ၃ လုံးကနေ ၅ လုံးအထိပါဝင်နိုင်ပါတယ်။ သူတို့ကိုတော့ နောက်နှစ်ဖေဖော်ဝါရီလလောက်မှာ မိတ်ဆက်မှာပဲ ဖြစ်ပါတယ်။ Samsung ရဲ့ foldable စမတ်ဖုန်းတွေကိုတော့ မတ်လလောက်မှာ မိတ်ဆက်မှာပဲ ဖြစ်ပါတယ်။
Samsung ကထွက်ရှိခဲ့တဲ့ဖုန်းတွေထဲမှာတော့ Galaxy Note9 က 6.4 လက်မမျက်နှာပြင်နဲ့ မျက်နှာပြင်အကြီးမားဆုံးဖုန်းလို့လဲ ပြောလို့ရပါတယ်။ ဒါပေမယ့် နောက်နှစ်မှာတော့ Galaxy S10
က 6.7လက်မမျက်နှာပြင်နဲ့ ထွက်ရှိခဲ့တဲ့ဖုန်းတွေထဲမှာ မျက်နှာပြင်အကြီးမားဆုံးလို့ ပြောလို့ရနိုင်ပါတယ်။ ကင်မရာ ၆ လုံးချင်းတူတဲ့ Huawei ရဲ့ Magic 2 ကတော့ နောက်ကျောဘက်ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက် ကင်မရာ ၃ လုံးတို့ထွက်ရှိထားတာပဲ ဖြစ်ပါတယ်။ Samsung Galaxy S10 ကတော့ နောက်ကျောဘက် ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက် ကင်မရာ ၂ လုံး စုစုပေါင်း ကင်မရာ ၆ လုံးပါဝင်မှာပဲ ဖြစ်ပါတယ်။ ယခုကတော့ သတင်းထွက်ရှိထားတာဖြစ်ပြီး တကယ်ပွဲထွက်လာတဲ့အချိန် သူပြောသလိုပဲ ကင်မရာတွေကို အဲ့လိုပဲ တပ်ဆင်ထားသလား ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply