App/Game Gadget Trending

AI Software Company ကို ၀ယ္ယူလိုက္တဲ့ Apple

Apple က AI Startup တစ္ခုျဖစ္တဲ့ Silk Labs ကို ၀ယ္ယူလိုက္တယ္လို႔ သတင္းထြက္လာပါတယ္။ Apple က သူ႔ရဲ႕ ဥာဏ္ရည္တု နည္းညာနဲ႔ စမတ္ေနအိမ္ ထုတ္ကုန္မ်ားအတြက္ ဒီလို ၀ယ္ယူလိုက္တာ ျဖစ္ပါတယ္။ The Information က ယခုႏွစ္ အေစာပိုင္းကတည္းက ၀ယ္ယူထားတာလို႔ ေျပာပါတယ္။

Silk Labs ဟာ စမတ္ေနအိမ္ ထုတ္ကုန္မ်ားကို အေစာပိုင္းမွာဖန္တီးေနတာ ျဖစ္ပါတယ္။ ေနာက္ပုိင္းမွာ ဥာဏ္ရည္တု နည္းပညာမ်ားကို ဖန္တီးလာပါတယ္။ သူ႔ကို ၀ယ္ယူျခင္းျဖင့္ Apple ရဲ႕ အနာဂတ္ ထုတ္ကုန္မ်ားဟာ ေဒတာမ်ားကို Cloud ကို ပို႔စရာ မလိုဘဲ Process လုပ္ဖို႔ AI ကို အသံုးျပဳႏုိင္မွာ ျဖစ္ပါတယ္။ Silk Labs ဟာ နည္းပညာနယ္ပယ္မွာ လူသိပ္မသိေသးပါဘူး။ ဒါေပမယ့္ သူ႔ကို Mozilla ရဲ႕ ယခင္ CTO ျဖစ္တဲ့ Andreas Gal က ပူးတြဲတည္ေထာင္ထားတာ ျဖစ္ပါတယ္။ ကုမၸဏီဟာ ဥာဏ္ရည္ျမင့္ ကင္မရာတစ္္လံုးနဲ႔ Sense အမည္ရ စမတ္ေနအိမ္ ထုတ္ကုန္ တစ္ခုကိုသာ ေၾကညာထားပါေသးတယ္။

Sense ကို ထုတ္လုပ္ေရာင္းခ်ဖို႔ ၂၀၁၆ ခုႏွစ္ ေဖေဖာ္၀ါရီလမွာ Kickstarter မွာ ရန္ပံုေငြ ေကာက္ခံခဲ့ပါတယ္။ ဒါေပမယ့္ ရန္ပံုေငြ ထည့္၀င္သူ ၇၇၄ ဦးထံမွ ေဒၚလာ ၁၅၀ ၀၀၀ သာ ရရွိခဲ့တဲ့ အတြက္ မေအာင္ျမင္ခဲ့ပါဘူး။ ဇြန္လမွာ သူ႔ကို ထုတ္လုပ္ေရာင္းခ်မယ့္ အစီအစဥ္ကို ကုမၸဏီက ရပ္နားခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ အျခား ကုမၸဏီမ်ားအတြက္ ဥာဏ္ရည္တု နည္းပညာမ်ားကို ဖန္တီးမယ္လို႔ ေျပာခဲ့ပါတယ္။

Apple က သူ႔ရဲ႕ ထံုးစံအတိုင္းပဲ ၀ယ္ယူမႈကို အတည္ျပဳ ေျပာၾကားျခင္း မရွိပါဘူး။ အနာဂတ္မွာ Silk Labs ရဲ႕ နည္းပညာမ်ားကို Apple Watch နဲ႔ iPhone မ်ားမွာ ျမင္ရလာႏုိင္ပါတယ္။

unicode

AI Software Company ကို ဝယ်ယူလိုက်တဲ့ Apple

Apple က AI Startup တစ်ခုဖြစ်တဲ့ Silk Labs ကို ဝယ်ယူလိုက်တယ်လို့ သတင်းထွက်လာပါတယ်။ Apple က သူ့ရဲ့ ဉာဏ်ရည်တု နည်းညာနဲ့ စမတ်နေအိမ် ထုတ်ကုန်များအတွက် ဒီလို ဝယ်ယူလိုက်တာ ဖြစ်ပါတယ်။ The Information က ယခုနှစ် အစောပိုင်းကတည်းက ဝယ်ယူထားတာလို့ ပြောပါတယ်။

Silk Labs ဟာ စမတ်နေအိမ် ထုတ်ကုန်များကို အစောပိုင်းမှာဖန်တီးနေတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဉာဏ်ရည်တု နည်းပညာများကို ဖန်တီးလာပါတယ်။ သူ့ကို ဝယ်ယူခြင်းဖြင့် Apple ရဲ့ အနာဂတ် ထုတ်ကုန်များဟာ ဒေတာများကို Cloud ကို ပို့စရာ မလိုဘဲ Process လုပ်ဖို့ AI ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Silk Labs ဟာ နည်းပညာနယ်ပယ်မှာ လူသိပ်မသိသေးပါဘူး။ ဒါပေမယ့် သူ့ကို Mozilla ရဲ့ ယခင် CTO ဖြစ်တဲ့ Andreas Gal က ပူးတွဲတည်ထောင်ထားတာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ ဉာဏ်ရည်မြင့် ကင်မရာတစ်လုံးနဲ့ Sense အမည်ရ စမတ်နေအိမ် ထုတ်ကုန် တစ်ခုကိုသာ ကြေညာထားပါသေးတယ်။

Sense ကို ထုတ်လုပ်ရောင်းချဖို့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ Kickstarter မှာ ရန်ပုံငွေ ကောက်ခံခဲ့ပါတယ်။ ဒါပေမယ့် ရန်ပုံငွေ ထည့်ဝင်သူ ၇၇၄ ဦးထံမှ ဒေါ်လာ ၁၅၀ ၀၀၀ သာ ရရှိခဲ့တဲ့ အတွက် မအောင်မြင်ခဲ့ပါဘူး။ ဇွန်လမှာ သူ့ကို ထုတ်လုပ်ရောင်းချမယ့် အစီအစဉ်ကို ကုမ္ပဏီက ရပ်နားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အခြား ကုမ္ပဏီများအတွက် ဉာဏ်ရည်တု နည်းပညာများကို ဖန်တီးမယ်လို့ ပြောခဲ့ပါတယ်။

Apple က သူ့ရဲ့ ထုံးစံအတိုင်းပဲ ဝယ်ယူမှုကို အတည်ပြု ပြောကြားခြင်း မရှိပါဘူး။ အနာဂတ်မှာ Silk Labs ရဲ့ နည်းပညာများကို Apple Watch နဲ့ iPhone များမှာ မြင်ရလာနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.