
0
927




unicode

အိန္ဒိယမှာ Mi Store ၅၀၀ ဖွင့်ပြီး ဂင်းနစ် စံချိန်တင်သွားတဲ့ Xiaomi

Xiaomi က အစိတ်အပိုင်းလေးများစွာဖြင့် အရွယ်ကြီးမားတဲ့ Mi Logo ကို ဖန်တီးခြင်းဖြင့် မကြာခင်က ဂင်းနစ်စံချိန်တင်သွားခဲ့ပါတယ်။ ဒါဟာ ရှောင်မီရဲ့ ပထမဆုံး ဂင်းနစ် စံချိန်ဖြစ်ပါတယ်။ အခုလည်း ရှောင်မီက နောက်ထပ် ဂင်းနစ် စံချိန်သစ်တစ်ခုကို တင်လိုက်ပါတယ်။ ဒီတစ်ခါ စံချိန်က Mi Store ၅၀၀ ကို အိန္ဒိယမှာ တစ်ပြိုင်နက် ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။

ရှောင်မီက ဘန်ဂလောမှာ အကြီးမားဆုံး Mi Store အပါအဝင် အိန္ဒိယမှာ Mi Store များစွာ ဖွင့်ထားပါတယ်။ ဒါပေမယ့် အခု ဖွင့်လိုက်တဲ့ စတိုး ၅၀၀ က တစ်ပြိုင်နက်ထဲ အများဆုံး ဖွင့်လှစ်လိုက်တာပါ။ အိန္ဒိယ နိုင်ငံအဝန်းမှာ အဲဒီ စတိုးများကို ဖွင့်လှစ်လိုက်တာပါ။ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဒီစံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ရှောင်မီက ဂင်းနစ်စံချိန်တင်အောင် တမင် ရည်ရွယ်ပြီး ဒီလို ဖွင့်လှစ်လိုက်တာ ဖြစ်သလို အိန္ဒိယမှာ ဈေးကွက် တိုးချဲ့ချင်တဲ့ ကုမ္ပဏီရဲ့ ရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ ရှောင်မီက ဝေးလံခေါင်ဖျားတဲ့ အရပ်ဒေသများမှာ Flagship Store များ ပံ့ပိုးပေးဖို့ ရည်ရွယ်ထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ စတိုးပေါင်း ၅၀၀၀ ကို ဖွင့်လှစ်ဖို့ ရည်ရွယ်ထားပါတယ်။ နိုင်ငံအဝန်းမှာ ဝန်ထမ်းပေါင်း ၁၅ ၀၀၀ ခန့်အပ်မှာ ဖြစ်ပါတယ်။

Leave a Reply