အသက္မျပည့္ေသးတဲ့ မိန္းကေလးကို Facebook မွာ ေလလံတင္ေရာင္းခ်

0
535

ေတာင္ဆူဒန္မွ အသက္ ၁၆ ႏွစ္အရြယ္ မိန္းကေလးတစ္ဦးကို Facebook မွာ ေလလံတင္ေရာင္းခ်မႈ ျပီးခဲ့တဲ့လက ျဖစ္ပြားခဲ့ပါတယ္။ ေလလံေအာင္သြားတဲ့ ေစ်းႏႈန္းက ႏြား အေကာင္ ၅၀၀ ၊ ကား ၃ စီးနဲ႔ ေဒၚလာ ၁၀၀၀၀ ျဖစ္ပါတယ္။ ေလလံေအာင္သြားသူက မိန္းကေလးကို ႏို၀င္ဘာလ ၃ ရက္ေန႔မွာ Eastern Lakes State မွာ လက္ထပ္ခဲ့ပါတယ္။

Facebook က ဒီပို႔စ္ကို သိလွ်င္သိခ်င္း ႏို၀င္ဘာလ ၉ ရက္ေန႔မွာ ဖ်က္ခဲ့တယ္လို႔ ေျပာပါတယ္။ မိန္းကေလးကို ေလလံတင္တဲ့ ပို႔စ္ကို ေအာက္တိုဘာလ ၂၅ ရက္ေန႔မွာတင္ခဲ့တာပါ။ Facebook က အဲဒီပို႔စ္ကို သိတဲ့ အခ်ိန္ဟာ ေႏွာင္းသြားခဲ့ၿပီး အသက္မျပည့္ေသးသူ မိန္းကေလးကေတာ့ သူေဌးတစ္ဦးရဲ႕ မယား ျဖစ္သြားခဲ့ပါၿပီ။

Facebook က “ Facebook မွာ လူကုန္ကူးတဲ့ပို႔စ္မ်ားကို လက္မခံပါဘူး။ အဲဒီ ပို႔စ္ကို ဖ်က္လိုက္ပါၿပီ။ အဲဒီပို႔စ္တင္တဲ့ လူရဲ႕ အေကာင့္ကိုလည္း ပိတ္လိုက္ပါၿပီ။ ကြ်န္ေတာ္တို႔ရဲ႕ မူ၀ါဒကို ခ်ိဳးေဖာက္တဲ့ Content မ်ားကို စစ္ေဆးတဲ့ နည္းလမ္းမ်ားကို ပိုေကာင္းေအာင္ အၿမဲ လုပ္ေဆာင္ေနပါတယ္။ ၀န္ထမ္း ၃၀ ၀၀၀ ေက်ာ္ကို ေစာင့္ၾကည့္စစ္ေဆးတဲ့ အဖြဲ႕မွာ သံုးထားပါတယ္။ Content မ်ားကို စစ္ေဆးတဲ့ နည္းပညာမ်ားကို ဖန္တီးေနပါတယ္။ “ လို႔ ေျပာပါတယ္။

ေတာင္ဆူဒန္ရဲ႕ ဥပေဒအရ အသက္ ၁၈ ႏွစ္ျပည့္ၿပီးမွသာ ထိမ္းျမားလက္ထပ္ခြင့္ ရွိပါတယ္။ ယူနီဆက္ဖ္ရဲ႕ တြက္ခ်က္မႈ အရ ေတာင္ဆူဒန္ရဲ႕ အိမ္ေထာင္သည္ အမ်ိဳးသမီး အားလံုးရဲ႕ ထက္၀က္ေက်ာ္ဟာ အသက္ မျပည့္ေသးဘဲ လက္ထပ္လိုက္ရတယ္လို႔သိရပါတယ္။

unicode

အသက်မပြည့်သေးတဲ့ မိန်းကလေးကို Facebook မှာ လေလံတင်ရောင်းချ

တောင်ဆူဒန်မှ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကို Facebook မှာ လေလံတင်ရောင်းချမှု ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့ပါတယ်။ လေလံအောင်သွားတဲ့ ဈေးနှုန်းက နွား အကောင် ၅၀၀ ၊ ကား ၃ စီးနဲ့ ဒေါ်လာ ၁၀၀၀၀ ဖြစ်ပါတယ်။ လေလံအောင်သွားသူက မိန်းကလေးကို နိုဝင်ဘာလ ၃ ရက်နေ့မှာ Eastern Lakes State မှာ လက်ထပ်ခဲ့ပါတယ်။

Facebook က ဒီပို့စ်ကို သိလျှင်သိချင်း နိုဝင်ဘာလ ၉ ရက်နေ့မှာ ဖျက်ခဲ့တယ်လို့ ပြောပါတယ်။ မိန်းကလေးကို လေလံတင်တဲ့ ပို့စ်ကို အောက်တိုဘာလ ၂၅ ရက်နေ့မှာတင်ခဲ့တာပါ။ Facebook က အဲဒီပို့စ်ကို သိတဲ့ အချိန်ဟာ နှောင်းသွားခဲ့ပြီး အသက်မပြည့်သေးသူ မိန်းကလေးကတော့ သူဌေးတစ်ဦးရဲ့ မယား ဖြစ်သွားခဲ့ပါပြီ။

Facebook က “ Facebook မှာ လူကုန်ကူးတဲ့ပို့စ်များကို လက်မခံပါဘူး။ အဲဒီ ပို့စ်ကို ဖျက်လိုက်ပါပြီ။ အဲဒီပို့စ်တင်တဲ့ လူရဲ့ အကောင့်ကိုလည်း ပိတ်လိုက်ပါပြီ။ ကျွန်တော်တို့ရဲ့ မူဝါဒကို ချိုးဖောက်တဲ့ Content များကို စစ်ဆေးတဲ့ နည်းလမ်းများကို ပိုကောင်းအောင် အမြဲ လုပ်ဆောင်နေပါတယ်။ ဝန်ထမ်း ၃၀ ၀၀၀ ကျော်ကို စောင့်ကြည့်စစ်ဆေးတဲ့ အဖွဲ့မှာ သုံးထားပါတယ်။ Content များကို စစ်ဆေးတဲ့ နည်းပညာများကို ဖန်တီးနေပါတယ်။ “ လို့ ပြောပါတယ်။

တောင်ဆူဒန်ရဲ့ ဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးမှသာ ထိမ်းမြားလက်ထပ်ခွင့် ရှိပါတယ်။ ယူနီဆက်ဖ်ရဲ့ တွက်ချက်မှု အရ တောင်ဆူဒန်ရဲ့ အိမ်ထောင်သည် အမျိုးသမီး အားလုံးရဲ့ ထက်ဝက်ကျော်ဟာ အသက် မပြည့်သေးဘဲ လက်ထပ်လိုက်ရတယ်လို့သိရပါတယ်။

Leave a Reply